​​​ဇနီးဖြစ်သူ၏ Email ကို Hack လုပ်သည့် အမေရိကန်သား ထောင်ဒဏ်​ကျခံ​ရဖွယ်ရှိ

alt

အ​မေ​ရိ​ကန်​မှ​ ​အ​မျိုး​သား​ ​တစ်ဦး​သည်​ ​ဇ​နီး​သည်​၏​ Email​ ကို​ Hack​ လုပ်​ခဲ့​မှု​ကြောင့်​ ​ထောင်​ဒဏ်​ကျ​ခံ​ရ​ဖွယ်​ ​ရှိ​နေ​သည်​။​ ​ဇ​နီး​အ​နေ​နှင့်​ ၎င်း​အား​ ​သ​စ္စာ​ဖောက်​နေ​သည်​ဟု​ ​သံ​သ​ယ​ရှိ​လာ​ပြီး​နောက်​ ​မစ်​ချီ​ဂန်​တွင်​ ​နေ​ထိုင်​သော​ ​လီ​ယွန်​ဝေါ်​ကာ​သည်​ ​ဇ​နီး​၏​ Email​ ကို​ Hack​ လုပ်​ခဲ့​ခြင်း​ဖြစ်​သည်​။​

​သို့​သော်​လည်း​ ​ဇ​နီး​သည်​ ​က​လာ​ရာ​၏​ Email​ Account​ ကို​ Hack​ လု​ပ်​ကြောင်း​ ​သိ​ရှိ​လာ​ပြီး​နောက်​ ​လုံ​ခြံု​ရေး​ဌာ​န​က​ ​ခြေ​ရာ​ခံ​ ​ထောက်​လှမ်း​ခဲ့​ရာ​ ​ဝေါ်​ကာ​၏​ ​လုပ်​ရပ်​ကို​ ​ဖော်​ထုတ်​လာ​နိုင်​ခဲ့​သည်​။​ ​မစ်​ချီ​ဂန်​ ဥ​ပ​ဒေ​အ​ရ​ ​နည်း​ပ​ညာ​ဆိုင်​ရာ​ Privacy ​ချိုး​ဖောက်​မှု​သည်​ ​ထောင်​ဒဏ်​ ​၅​ ​နှစ်​မျှ​ ​ချ​မှတ်​နိုင်​သည်​။​ ​ဝေါ်​ကာ​သည်​ ​ကွန်​ပျူ​တာ​ ​စွမ်း​ရည်​ကို​ ​အ​သုံး​ချ​ပြီး​ ​သူ​တ​ပါး​၏​ ​ကိုယ်​ရေး​ကိုယ်​တာ​ကို​ ​ချိုး​ဖောက်​ကျူး​ကျော်​သ​ည့်​ ​ပြစ်​မှု​အ​တွက်​ ​စွဲ​ချက်​တင်​ခံ​ထား​ရ​သည်​။​

​က​လာ​ရာ​သည်​ ​ခင်​ပွန်း​ဟောင်း​နှင့်​ ​ဆက်​သွယ်​ပြီး​ ​ဝေါ်​တာ​သည်​ ​သူ​မ​နှင့်​ ​ခင်​ပွန်း​ဟောင်း​တို့​ ​ရ​ထား​သည့်​ ​သား​အား​ ​ရိုက်​နှက်​လေ့​ရှိ​ကြောင်း​ ​ပြော​ပြ​ခဲ့​ရာ​ ​ခင်​ပွန်း​ဟောင်း​ဖြစ်​သူ​ ​ဖ​ခင်​ရင်း​က​ ​က​လေး​အား​ ​အုပ်​ထိန်း​ခွင့်​ရ​ရန်​ ​ကြိုး​ပမ်း​လျက်​ရှိ​သည်​။​ ​က​လာ​ရာ​သည်​ ​သူ​မ​၏​ Email​ ကို​ ​အ​ခြား​သူ​တစ်ဦး​ ​ဝင်​ဖတ်​ထား​ကြောင်း​ ​သိ​ရှိ​ပြီး​နောက်​ ​သက်​ဆိုင်​ရာ​ ​အာ​ဏာ​ပိုင်​များ​အား​ ​တိုင်​ကြား​ခဲ့​ခြင်း​ဖြစ်​သည်​။​

​ဝေါ်​ကာ​သည်​ ​ဇ​နီး​၏​ Email​ Account​ ကို​ Hack​ လုပ်​မှု​ဖြင့်​ ​ဒီ​ဇင်​ဘာ​ ​လ​ဆန်း​က​ ​အ​ဖမ်း​ခံ​ရ​ပြီး​နောက်​ ​သူ​မ​က​ ​ကွာ​ရှင်း​ခွင့်​ ​တောင်း​ခံ​ထား​လိုက်​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here