အီရန်၏ နျူကလီးယား​ဗုံး စီမံကိန်း ၃ နှစ်​​အတွင်း ဖြစ်​မလာ​​နိုင်သေးဟု အစ္စရေး​​သုံးသပ်

alt

အစ္စရေးနိုင်ငံက အီရန်၏ နျူကလီးယားဗုံးများ ထုတ်လုပ်နိုင်ရေး စီမံကိန်းသည် အနည်းဆုံး ၃ နှစ်မျှ ဖြစ်မလာနိုင်သေးဟု သုံးသပ်ပြောကြားလိုက်သည်။ အစ္စရေး၏ မဟာဗျူဟာရေးရာ ဝန်ကြီးဖြစ်သူ မိုရှေးယာလွန်က နည်းပညာ အားနည်းမှုများကြောင့်

အီရန်၏ နျူကလီးယား လက်နက်အစီအစဥ်သည် နှောင့်နှေးမှုများ ကြံုရလိမ့်မည်ဟု မှတ်ချက်ပြုခဲ့သည်။ အီရန်က နျူကလီးယား စွမ်းအင်ထုတ်လုပ်သည့် ကိရိယာအချို့တွင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဝန်ခံကြေညာခဲ့ပြီး တစ်လကျော်တွင် မိုရှေးက ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။ မိုရှေးက နျူကလီးယား နည်းပညာဆိုင်ရာ အခက်အခဲနှင့် စိန်ခေါ်မှု အမြောက်အမြားကို အီရန်အနေနှင့် မျက်မြင်ကြံုတွေ့ရလိမ့်မည်ဟု ထောက်ပြခဲ့သည်။

အီရန်သည် စက်တင်ဘာလအတွင်းက နျူကလီးယား စီမံကိန်းကို နိုင်ငံပြင်ပမှ နည်းပညာပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့သေးသည်။ ထိုစဥ်က ကွန်ပျူတာ ဗိုင်းရပ်စ်တစ်မျိုးဖြင့် မိမိတို့အား တိုက်ခိုက်ခဲ့သော်လည်း အပျက်အစီးမရှိဟု အီရန်က ကြေညာခဲ့သည်။ အီရန်၏ နျူကလီးယား စီမံကိန်းနှင့် ပတ်သက်ပြီး အစ္စရေးက အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် ခံယူထားပြီး အီရန်၏ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး လှုပ်ရှားမှုမှာ အဓိကအားဖြင့် အစ္စရေးအား ဖြိုခွင်းရန်သာဖြစ်သည်ဟု စွပ်စွဲထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here