​​​ဂိမ်းစွဲလမ်းသည့် တောင်ကိုရီးယားအမျိုးသမီး ငိုယိုနေသော ကလေးအား သတ်ပစ်

alt

တောင်ကိုရီးယား​နိုင်ငံရှိ ဂိမ်း​ရူးသွပ်​စွဲလန်းသူ အမျိုး​သမီး တစ်ဦး​သည် ငိုယို​နေသော ကလေးအား စိတ်ဆိုး​မာန်ဆိုးဖြင့် သတ်ပစ်​လိုက်ကြောင်း သိရသည်။ ၄ နာရီဆက် ဂိမ်း​ကစားနေစဥ် ကလေးငယ်က ကြမ်းပြင်ပေါ် ရှူးပေါက်ပြီး ငိုကြွေး​နေသဖြင့်

အသက် ၂၇ နှစ်အရွယ် မိခင်က ကလေးအား အတင်း​ဆောင့်ဆွဲကာ ဒေါသတကြီး လည်ပင်း​ညှစ်ခဲ့ခြင်း​ဖြစ်သည်။

နောက်ထပ် ၁ နှစ်သားအရွယ် ကလေး​တစ်ဦးရှိသည့် မိခင်သည် သူမ​လက်လွန်​သဖြင့် အသက်ပါသွားသော ၃ နှစ်​သားလေး၏ အလောင်းကို အိမ်ထဲတွင် ၃ ရက်​ဆက်ထားခဲ့ပြီး ဆွေမျိုး​တစ်ဦးက တွေ့ရှိသွားမှ ရဲထံသို့ အကြောင်း​ကြားခဲ့ခြင်း​​ဖြစ်သည်။

ရဲများက ကင်ဟုသာ အမည်ဖော်ပြသော အမျိုးသမီးအား ဖမ်းဆီးထားလိုက်သည်။ တောင်ကိုရီးယား အစိုးရ၏ စစ်တမ်းအရ နိုင်ငံအတွင်း ဂိမ်းအလွန်အကျွံ စွဲလန်းသူ နှစ်သန်းကျော် ရှိနေကြောင်း သိရသည်။ ပြီးခဲ့သည့် လကလည်း အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးသည် ၎င်းဂိမ်းကစားနေသည်ကို တားဆီးသည့် မိခင်အား သတ်ပစ်ကာ မိမိကိုယ်ကိုယ်လည်း အဆုံးစီရင်သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here