အ​စ္စ​ရေး​​သ​မ္မ​တ​ဟောင်း​ ​မု​ဒိမ်း​မှု​ဖြင့်​ ​ထောင်​ဒဏ်​​ကျ​ခံ​ရ​မည့်​ ​အ​ခြေ​အ​နေ​ကြံု

alt

အ​စ္စ​ရေး​ ​သ​မ္မ​တဟောင်း​ ​မို​ဆေး​ကက်​ဆက်​သည်​ ​မု​ဒိမ်း​မှု​​ ကျူး​လွန်​ခဲ့​ကြောင်း​ ​ဖော်​ထုတ်​တွေ့​ရှိ​ပြီး​နောက်​ ​ထောင်​ဒဏ်​ကျ​ခံ​ရ​မည့်​ ​အ​ခြေ​အ​နေ​ ​ကြံု​နေ​ရ​ပြီ​ဖြစ်​သည်​။​ ၂၀၀၀​ ​ပြည့်​နှစ်​မှ​ ​၂၀၀၇​ ​ခု​နှစ်​အ​ထိ​ ​အ​စ္စ​ရေး​နိုင်ငံ​တွင်​ ​သ​မ္မ​တအ​ဖြစ်​ ​

တာ​ဝန်​ထမ်း​ဆောင်​ခဲ့​သော​ ​မို​ရှေး​သည်​ ​မု​ဒိမ်း​မှု​စွဲ​ချက်​ ​နှစ်​ခု​ကြောင့်​ ​ရာ​ထူး​မှ​ ​နှုတ်​ထွက်​ပေး​ခဲ့​ရ​ခြင်း​ဖြစ်​သည်​။​ ​

အ​စ္စ​ရေး​၏​ ​အ​ဌ​မ​မြောက်​ ​သ​မ္မ​တသည်​ ​အ​သက်​ ​၆၅​ ​နှစ်​ ​ရှိ​နေ​ပြီ​ဖြစ်​ပြီး​ ​တဲ​အ​ဗစ်​မြို့​ ​တ​ရား​ရုံး​တွင်​ ​အ​မှု​ရင်​ဆိုင်​နေ​ရ​သည်​။​ ကက်​ဆက်​သည်​ ​၁၉၉၀​ ​ပြည့်​လွန်​နှစ်​များ​က​ ​ခ​ရီး​သွား​ဝန်​ကြီး​အ​ဖြစ်​ ​တာ​ဝန်​ယူ​နေ​စဥ်​ ​ဝန်​ထမ်း​တစ်ဦး​ကို​ ​နှစ်​ကြိမ်​မု​ဒိမ်း​ကျင့်​ခဲ့​ကြောင်း​ စွပ်​စွဲ​ခံ​ရ​သ​လို​ ​အ​ခြား​သော​ ​လိင်​ဆိုင်​ရာ​ ​အ​ကြမ်း​ဖက်​မှု​ ​စွဲ​ချက်​များ​နှင့်​ပါ​ ​ရင်​ဆိုင်​နေ​ရ​သည်​။​ ​

တ​ရား​သူ​ကြီး​ ​ဂျော့​ကာ​ရာ​က​ ​အ​ထောက်​အ​ထား​များ​အ​ရ​ ​တ​ရား​လို​၏​ ​စွဲ​ချက်​မှာ​ ​အ​မှန်​ဖြစ်​ပြီး​ ​သ​မ္မ​တဟောင်း​သည်​ ​မု​ဒိမ်း​ကျင့်​မှု​ ​အ​မှန်​တ​ကယ်​ ​ပြု​လုပ်​ခဲ့​သည်​ဟု​ ​ယူ​ဆ​ရ​ကြောင်း​ ​အ​တည်​ပြု​ ​ပြော​ကြား​ခဲ့​သည်​။​ ​ကက်​ဆက်​တင်​သွင်း​သည့်​ ​အ​ထောက်​အ​ထား​များ​မှာ​မူ​ ​မု​သား​များ​နှင့်​ ​ပြည့်​နှက်​နေ​ကြောင်း​ ​တ​ရား​သူ​ကြီး​နှင့်​ ​ဂျူ​ရီ​များ​က​ ​ဆုံး​ဖြတ်​ခဲ့​သည်​။​ ​

ကက်​ဆက်​၏​ ​အ​မှု​ကို​ ​စီ​ရင်​ချက်​ ​မ​ချ​ရ​သေး​သော်​လည်း​ ​ပြစ်​မှု​ထင်​ရှား​နေ​ပါ​က​ ​အ​နည်း​ဆုံး​ ​ထောင်​ ​၄​ ​နှစ်​မျှ​ ​စီ​ရင်​ချက်​ချ​ခံ​ရ​ဖွယ်​ရှိ​သည်​။​ ကက်​ဆက်​သည်​​ ​၂၀၀၀​ ​ပြည့်​နှစ်​နောက်​ပိုင်း​ ​သ​မ္မ​တ​အ​ဖြစ်​ ​တာ​ဝန်​ယူ​နေ​စဥ်​တွင်​လည်း​ ​လိင်​ပိုင်း​ဆိုင်​ရာ​ ​စော်​ကား​မှု​အ​ချို့​ ရှိ​ခဲ့​ကြောင်း​ ​စွပ်​စွဲ​မှု​များ​လည်း​ ​ထွက်​ပေါ်​လာ​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here