၂၀၁၀ ခုနှစ်တွင် စင်တင်​ဖျော်ဖြေမှု အအောင်မြင်ဆုံး​အဖြစ် Bon Jovi နှင့် AC/DC တို့ ရပ်တည်

alt

၂၀၁၀​ ​ပြည့်​နှစ်​အ​တွင်း​ ​စင်​တင်​ဖျော်​ဖြေ​မှု​ ​အ​စီ​အ​စဥ်​များ​အ​တွက်​ ​အောင်​မြင်​မှု​ ​အ​ရှိ​ဆုံး​အ​ဖြစ်​ Bon​ Jovi​နှင့်​ AC/DC​တို့​က​ ​ရပ်​တည်​နိုင်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​

Bon​ Jovi​ အ​ဖွဲ့​သည်​ ​ဖျော်​ဖြေ​ပွဲ​များ​မှ​ ​လက်​မှတ်​ရောင်း​ရ​ငွေ​ ​ဒေါ်​လာ​ ​၂၀၁.​၁​ ​သန်း​မျှ​ ​ရ​ရှိ​ခဲ့​ကြောင်း​ Poll​ Star​ မ​ဂ္ဂ​ဇင်း​က​ ​ဖော်​ပြ​ခဲ့​သည်​။​ ​မ​ကြာ​သေး​မီ​က​ Rock​ and​ Roll​ Hall​ of​ Fame တွင်​ ​ဂုဏ်​ပြု​ခံ​ရ​သော​ Bon​ Jovi​ သည်​ ​က​မ္ဘာ​ပေါ်​တွင်​ ​တစ်​နှစ်​အ​တွင်း​ ​အ​အောင်​မြင်​ဆုံး​ ​ဖျော်​ဖြေ​ပွဲ​များ​ ​စာ​ရင်း​၏​ ​နံ​ပါတ်​ ​၁​ ​ကို​လည်း​ ​ဆုပ်​ကိုင်​နိုင်​ခဲ့​သည်​။​

Poll​ Star​ က​ ​စီး​ပွား​ရေး​ ​အ​ကြပ်​အ​တည်း​ကြောင့်​ ​ဖျော်​ဖြေ​ပွဲ​များ​မှ​ ရ​ရှိ​သော​ ​ငွေ​ကြေး​သည်​ ​၁၂​ ​ရာ​ခိုင်​နှုန်း​ ​ကျ​ဆင်း​သွား​ပြီး​ တစ်​နှစ်​အ​တွင်း​ ​ထိပ်​ဆုံး​အ​ဆင့်​ ​ဖျော်​ဖြေ​ပွဲ​ ​၅ဝ​ ​မှ ​ဒေါ်​လာ​ ​၂.​၉၃​ ​ဘီ​လျံ​မျှ​သာ​ ​ရ​ရှိ​ခဲ့​ကြောင်း​ ​ဖော်​ပြ​သွားသည်​။​​ ​မြောက်​အ​မေ​ရိ​က​တိုက်​ ​တစ်​ခု​တည်း​ ​စာ​ရင်း​အ​ရ​မူ​ ​ထိပ်​ဆုံး​ဖျော်​ဖြေ​ပွဲ​ ​၅၀​ ​၏​ ​စု​စု​ပေါင်း​ ​ဝင်​ငွေ​သည်​ ​၁၅​ ​ရာ​ခိုင်​နှုန်း​ ​လျော့​နည်း​သွား​ကာ​ ​ဒေါ်​လာ​ ​၁.​၆၉​ ​ဘီ​လျံ​ဖိုး​သာ​ ​ရှိ​ခဲ့​သည်​။​ AC/DC​ အ​ဖွဲ့​၏​ ​တစ်​နှစ်​တာ​ ​ဖျော်​ဖြေ​ပွဲ​ ဝင်​ငွေ​သည်​ ​ဒေါ်​လာ​ ​၁၇၇​ ​သန်း​ ​ရှိ​ခဲ့​သ​ဖြင့်​ ​ဒု​တိ​ယ​ ​နေ​ရာ​တွင်​ ​ရပ်​တည်​နိုင်​ခဲ့​သ​လို​ U2​ အ​ဖွဲ့​က​လည်း​ ​ဒေါ်​လာ​ ​၁၆၀.​၉​ ​သန်း​ဖြင့်​ ​တ​တိ​ယ​နေ​ရာ​တွင်​ ​ရှိ​နေ​သည်​။​

Poker​ Face​ စ​တား​ ​လေ​ဒီ​ဂါ​ဂါ​၏​ ​ဖျော်​ဖြေ​ပွဲ​များ​မှ​ ​ဒေါ်​လာ​ ​၁၃၃.​၆​ ​သန်း​ ​ရ​ရှိ​ခဲ့​သ​ဖြင့်​ ​စ​တု​တ္ထ​နေ​ရာ​သို့​ ​ရောက်​လာ​သည်​။​ ​ဂါ​ဂါ​သည်​ ​၂၀၁၀​ ​အ​တွင်း​ ​ကျန်​အ​ဆို​တော်​များ​ထက်​ ​ဖျော်​ဖြေ​ပွဲ​များ​ ​သီ​ဆို​ရာ​တွင်​ ​ပို​မို​အား​ထည့်​ခဲ့​ပြီး​ တစ်​နှစ်​လုံး​ ​ဖျော်​ဖြေ​ပွဲ​ ​စု​စု​ပေါင်း​ ​၁၃၈​ ​ပွဲ​ ​စီ​စဥ်​တင်​ဆက်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here