​ဒေးဗစ်​ဘက်​ခမ်း​၏​ ​အိမ်​ထောင်​ရေး​ ​ထိန်း​သိမ်း​မှု​​နည်း​လမ်း

alt

အ​င်္ဂလန်​ ​လက်​ရွေး​စင်​ဟောင်း​ ​ဘော​လုံး​သ​မား​ ​ဒေး​ဗစ်​ဘက်​ခမ်း​က​ ၎င်း​သည်​ ​အိမ်​ထောင်​ရေး​ကို​ ​ထိန်း​သိမ်း​ရန်​အ​တွက်​ ​ဇ​နီး​ဖြစ်​သူ​နှင့်​ ​အ​ပြင်​ထွက်​ ​အ​ရက်​သောက်​ကာ​ Date ​လေ့​ရှိ​ကြောင်း​ ​ထုတ်​ဖော်​ပြော​ကြား​လိုက်​သည်​။​

​၁၀​ ​နှစ်​ကျော်​ ​ကြာ​မြင့်​ခဲ့​ပြီး​ ​သား​ ​၃​ ဦး​ရှိ​ထား​သည့်​ ဘက်​ခမ်း​စုံ​တွဲ​သည်​ ​တစ်​ပါတ်​ ​တစ်​ကြိမ်​မျှ​ ​အ​တူ​ထွက်​ ​အ​ရက်​သောက်​လေ့​ရှိ​သည်​။​ ​ဘက်​ခမ်း​၏​ ​ဇ​နီး​ဖြစ်​သူ​ ​ဗစ်​တိုး​ရီး​ယား​က​လည်း​ ​ထို​လုပ်​ရပ်​သည်​ ​သူ​မ​တို့​၏​ ​အိမ်​ထောင်​ရေး​ ​ခံ​စား​ချက်​ကို​ ​တ​ကျော့​ပြန်​ ​ဆန်း​သစ်​စေ​ကြောင်း​ ​သုံး​သပ်​ခဲ့​သည်​။​ ​သူ​မ​တို့​အ​နေ​နှင့်​ ​မ​ဖြစ်​မ​နေ​ ​အ​ခြေ​အ​နေ​မျိုး​ ​ကြံု​ရ​သည်​မှ​လွဲ​လျင်​ ​ဗု​ဒ္ဓ​ဟူး​နေ့​တိုင်း​ ​ည​ဖက်​အ​ပြင်​ထွက်​ကာ​ အ​ရက်​သောက်​ရင်း​ Date ​လုပ်​ကြ​ကြောင်း​ ​ပြော​ဆို​သွား​သည်​။​ ​ထို​သို့​ ​အ​ပြင်​ထွက်​ ​အ​ရက်​သောက်​လျင်​လည်း​ ​လော့စ်​အိန်​ဂျယ်​လိစ်​မြို့​ရှိ​ ​ဘီ​ဗီ​လီ​ဟေး​ ​ဟို​တယ်​ကို​ ​အ​ဓိ​က​ ​ရွေး​ချယ်​လေ့​ရှိ​ကြောင်း​လည်း​ ​သိ​ရ​သည်​။​

ဘက်​ခမ်း​သည်​ ​အ​မေ​ရိ​ကန်​ ​ဘော​လုံး​အ​သင်း​ ​လော့စ်​အိန်​ဂျယ်​လိစ်​ ​ဂ​လက်​ဆီ​တွင်​ ​သွား​ရောက်​က​စား​လျက်​ရှိ​ပြီး​ ယ​ခု​အ​ခါ​ ​မွေး​ရပ်​မြေ​ ​အ​င်္ဂလန်​သို့​ ​အငှား​သွား​က​စား​ရန်​လည်း​ ​သ​တင်း​ကြီး​လျက်​ရှိ​သည်​။​ ဗစ်​တိုး​ရီး​ယား​သည်​ ​အ​မျိုး​သ​မီး​ ​ဂီ​တ​အ​ဖွဲ့​ Spice​ Girls ​မှ​ ​နှုတ်​ထွက်​ပြီး​နောက်​ ​ယ​ခု​အ​ခါ​ ​အ​မေ​ရိ​ကန်​တွင်​ ​ဖက်​ရှင်​ဒီ​ဇိုင်​နာ​ ​တစ်ဦး​အ​ဖြစ်​ ​အောင်​မြင်​နေ​ပြီ​ဖြစ်​သည်​။​ ​သို့​သော်​လည်း​ ​ဘက်​ခမ်း​သာ​ ​အ​င်္ဂလန်​ ​ပြန်​လည်​ပြောင်း​ရွှေ့​ပါ​က​ ​သူ​မ​အ​နေ​နှင့်​ ​လိုက်​ပါ​လာ​ဖွယ်​ ​မ​ရှိ​ကြောင်း​လည်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here