​​​နီပေါတွင် HIV ပိုးရှိသူအရေအတွက် ၆၄၀၀၀ ရှိ

alt

နီ​ပေါ​နိုင်ငံ​တွင်​ HIV​ ပိုး​ ​ရှိ​နေ​သူ​ ​အ​ရေ​အ​တွက်​သည်​​ ​၆၄၀၀၀​ ​မျှ​ ​ရှိ​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​နီ​ပေါ​ HIV/AIDS​ ​ဝေ​ဒ​နာ​ရှင်​များ​ ​ကူ​ညီ​ရေး​အ​သင်း​ (NEHA)​က​ ​လူ​ပေါင်း​ ​၁၆၆၃၇​ ဦး​ထက်​မ​နည်း​မှာ​ AIDS ​ရော​ဂါ​ကို​ ​ခံ​စား​နေ​ရ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

​ဒီ​ဇင်​ဘာ​လ​ ​၂၇​ ​ရက်​နေ့​က​ NEHA ​မှ​ ​ကြေ​ညာ​သော​ ​စာ​ရင်း​တွင်​ ​လိင်​လုပ်​သား​များ​၊​ ​မူးယစ်​ဆေး​ ​သုံး​စွဲ​သူ​များ၊​ ​လိင်​တူ​ဆက်​ဆံ​သူ​များ​၊​ ​ရွှေ့​ပြောင်း​အ​လုပ်​သ​မား​များ​နှင့်​ ​ယင်း​တို့​၏​ ​မိ​သား​စု​များ​၊​ ​အ​ကျဥ်း​သား​များ​သည်​ HIV​ ပိုး​ကူး​စက်​မှု​တွင်​ ​အ​နီးစပ်​ဆုံး​ ​အ​န္တ​ရာယ်​ရှိ​နေ​ကြောင်း​ ​ပါ​ရှိ​သည်​။​ ​ကု​လ​သ​မ​ဂ္ဂ​၏​ ​ခန့်​မှန်း​ချက်​အ​ရ​ ​၂၀၀၉​ ​ခု​နှစ်​အ​တွင်း​ ​အာ​ရှ​တိုက်​တွင်​ ​လူ​ပေါင်း​ ​၄.​၉​ ​သန်း​ကျော်​မှ​ AIDS​ ရော​ဂါ​ ​ဖြစ်​ပွား​နေ​ပြီး​ ​၁၆၀၀၀၀​ ​ကျော်​မှာ​ ​က​လေး​များ​ဖြစ်​ကြောင်း​ ​သိ​ရ​သည်​။​

NEHA​ အ​ကြီး​အ​ကဲ​ ​ရီ​ရှီ​ရက်​အွတ်​ဂျာ​ဟာ​က​ ​၂၀၁၁​ ​နီ​ပေါ​ ​ခ​ရီး​သွား​နှစ်​တွင်​ ​နိုင်ငံ​ခြား​သား​များ​ထံ​မှ​ HIV ​ပိုး​ ​နီ​ပေါ​နိုင်ငံ​သား​များ​ထံ​ ​ကူး​စက်​မှု​ကို​ ​ကာကွယ်​ရန်​ ​စီ​မံ​ကိန်း​များ​ ​ချ​မှတ်​ဆောင်​ရွက်​သွား​မည်​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​ ​ဂျာ​ဂ​ရီ​တီ​ ​အ​မျိုး​သ​မီး​ရေး​ရာ​ ​အ​သင်း​ကြီး​၏​ ဥ​က္က​ဌ​ဖြစ်​သူ​ ​ဘီ​ဂျာ​ယာ​ ​ဒါ​ဟာ​ကယ်​က​ ​နီ​ပေါ​တွင်​ ​ပြည့်​တန်​ဆာ​အ​ဖြစ်​ ​မှတ်​ပုံ​တင်​ထား​သူ​ အ​မျိုး​သ​မီး​ ​သုံး​သောင်း​ကျော်​ရှိ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​အ​ဆင့်​အ​တန်း​မြင့်​သော​ ​မိ​သား​စု​မျိုး​ရိုး​မှ​ ​ပေါက်​ဖွား​လာ​သည့်​ ​ပြည့်​တန်​ဆာ​များ​က​မူ​ ​လာ​ရောက်​မှတ်​ပုံတင်​လေ့​ ​မ​ရှိ​ကြောင်း​လည်း​ ​ဘီ​ဂျာ​ယာ​က​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here