အမေရိကန် ရေတပ်​အရာရှိ​တစ်ဦး မနီလာ​မြုုိ့တော်ရှိ လေဆိပ်​အဆောက်အအုံမှ ခုန်ချ​​သေကြောင်းကြံ

alt

ဖိ​လစ်​ပိုင်​နိုင်ငံ​၊​​ ​မ​နီ​လာ​မြို့​တော်​ရှိ​​ ​​လေ​ဆိပ်​အ​ဆောက်​အ​အုံ​မှ​​ ​ခုန်​ချ​ကာ​ ​သေ​ကြောင်း​ကြံ​သွား​သည့်​ ​အ​မေ​ရိ​ကန်​ ​ရေ​တပ်​အ​ရာ​ရှိ​၏​ ​ကိ​စ္စ​အ​တွက်​ ​အ​မေ​ရိ​ကန်​နှင့်​ ​ဖိ​လစ်​ပိုင်​တို့​ ​ပူး​ပေါင်း​စုံ​စမ်း​မှု​များ​ ​ပြု​လုပ်​လျက်​ရှိ​သည်​။​

နှစ်​ထပ်​အ​မြင့်​မှ​ ​ခုန်​ချ​သွား​သည့်​ ​ဗိုလ်​ ​ဆင်​တာ​ဘွန်​ဗီ​ဂျီ​မာ​ဂျီ​ယာ​သည်​ ​မူး​ယစ်​ဆေး​ဝါး​ ​သယ်​ဆောင်​လာ​ကြောင်း​ ​လေ​ဆိပ်​တွင်​ ​စစ်​ဆေး​တွေ့​ရှိ​မှု​ကြောင့်​ ​အ​ခင်း​ဖြစ်​ပွားသည့်​ ​ဒီ​ဇင်​ဘာ​ ​၂၇​ ​ရက်​နေ့​ ​မ​တိုင်​မီ​ ​တစ်​ရက်​က​ ​လေ​ဆိပ်​တွင်​ ​အ​ဖမ်း​ခံ​ခဲ့​ရ​သေး​သည်​။​ ​

အ​သက်​ ​၃၅​ ​နှစ်​ရှိ​ ​အ​မေ​ရိ​ကန်​-​ဖိ​လစ်​ပိုင်​က​ပြား​ ​အ​ရာ​ရှိ​သည်​ ​ကို​ကင်း​များ​ ​သယ်​ဆောင်​လာ​ကြောင်း​ ​လေ​ဆိပ်​တွင်​ Scan ​ဖတ်​ ​စစ်​ဆေး​မှု​အ​ရ​ ​ဖော်​ထုတ်​နိုင်​ခဲ့​သည်​။​ ​မာ​ဂျီ​ယာ​က​ ​ယင်း​ ကို​ကင်း​ထုပ်​သည်​ ၎င်း​ပိုင်​မ​ဟုတ်​ကြောင်း​နှင့်​ ​ထောင်​ချောက်​ဆင်​ခံ​ရ​ခြင်း​သာ​ဖြစ်​ကြောင်း​ ​စွ​ပ်​စွဲ​ခဲ့​သည်​။​ ၎င်း​နှစ်​ထပ်​အ​မြင့်​မှ​ ​ခုန်​ချ​သွား​ခြင်း​တွင်​ ​အ​ခြား​သူ​များ​က​ ​ကြံ​စည်​မှု​ ​ရှိ​မ​ရှိ​ကို​ ​ရဲ​များ​က​ ​စစ်​ဆေး​နေ​ဆဲ​ဖြစ်​သည်​။​ ​

သ​တင်း​များ​က​မူ​ ​မာ​ဂျီ​ယာ​သည်​ ​အ​ထိ​န်း​သိမ်း​ခံ​ထား​ရာ​မှ​ ​ရေ​ချိုး​ခန်း​သွား​ရန်​ ​အ​စောင့်​တစ်ဦး​ ​ခြံ​ရံ​လိုက်​ပါ​လာ​စဥ်​ ​ခုန်​ချ​ခဲ့​ခြင်း​ဟု​ ​ဖော်​ပြ​ခဲ့​သည်​။​ ​မာ​ဂျီ​ယာ​သည်​ ဦး​ခေါင်း​တွင်​ ​ဒဏ်​ရာ​အ​တော်​များ​များ​ ​ရ​ရှိကာ​ ​သေ​ဆုံး​သွား​ခြင်း​ဖြစ်​ကြောင်း​ ​ဖိ​လစ်​ပိုင်​ ​ရဲ​တပ်​ဖွဲ့​အ​ကြီး​အ​ကဲ​ ​ပီ​ဒ​ရို​ ​ဒူ​ဆူ​ဆိုင်​ဒို​က​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here