တစ်ကိုယ်တည်း​​နေရသည့် ဘ​ဝ​ကို တိုက်ဂါး​​ဝုဒ်​​ကျေနပ်​​ပျော်ရွှင်နေ

alt

ဇ​နီး​သည်​နှင့်​ ​ကွာ​ရှင်း​ခဲ့​ပြီး​နောက်​ ​တစ်​ကိုယ်​တည်း​ ​နေ​ထိုင်​ရ​သည့်​ ​ဘ​ဝ​ကို​ ​တိုက်​ဂါး​ဝုဒ်​တစ်​ယောက်​ ​ကျေ​နပ်​ပျော်​ရွှင်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​က​လေး​နှစ်ဦးသည်​ ​မိ​ခင်​ဖြစ်​သူ​ ​အီ​လင်​နော်​ဒီ​ဂ​ရန်​နှင့်​ ​ဆွီ​ဒင်​သို့​ ​ပြန်​လိုက်​သွား​ပြီး​

​အ​တူ​နေ​ကြ​သော်​လည်း​ ​ဝုဒ်​မှာ​မူ​ ​ယင်း​အ​တွက်​ ​သော​က​မ​ရောက်​ဘဲ​ ​ဖ​လော်​ရီ​ဒါ​တွင်​ ​ခ​ရ​စ္စ​မတ်​ ​အား​လပ်​ရက်​ကို​ ​တစ်​ကို​ယ်​တည်း​ ​ဖြတ်​သန်း​ခဲ့​ကြောင်း​ ၎င်း​၏​ ​မိတ်​ဆွေ​များ​က​ဆို​သည်​။​

​ဘော်​စ​တွန်​ဆဲ​တစ်​နှင့်​ ​အော်​လန်​ဒို​မက်​ဂျစ်​ ​ပြိုင်​ပွဲ​များ​အ​ပြီး​ ​ဝုဒ်​တစ်​ယောက်​ ​အေး​အေး​ဆေး​ဆေး​ပင်​ ​အ​ချိန်​ကုန်​နေ​ကြောင်း​၊​ ​ယင်း​သည်​ ​တစ်​ကိုယ်​တည်း​ဘ​ဝ​ကို​ ​ပြန်​ရ​ပြီး​နောက်​ ​အေး​ဆေး​သက်​သာ​စွာ​ပင်​ရှိ​ကြောင်း​ ​ဝုဒ်​၏​ ​အ​တွင်း​လူ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ဩ​ဂုတ်​လ​အ​တွင်း​က​ ​အီ​လင်း​အား​ ​ဒေါ်​လာ​ ​သန်း​ ​၁၀၀​ ​ကျော်​မျှ​ ​နစ်​နာ​ကြေး​ပေး​ ​ကွာ​ရှင်း​ခဲ့​ပြီး​နောက်​ ​ဝုဒ်​သည်​ ​ယ​ခု​အ​ခါ​ ​သ​မား​ရိုး​ကျ​ ​အ​ခြေ​အ​နေ​မျိုး​ ​ပြန်​ရောက်​နေ​ပြီ​ဟု​ဆို​သည်​။​ ၎င်း​သည်​ ​အီ​လင်း​ကွယ်​ရာ​တွင်​ ​အ​မျိုး​သ​မီး​ ​တစ်​ဒါ​ဇင်​မျှ​နှင့်​ ​ဖောက်​ပြန်​ခဲ့​ကြောင်း​ ​သ​တင်း​များ​ ​ထွက်​ပေါ်​လာ​သည့်​အ​တွက်​ ​အိမ်​ထောင်​ရေး​ ​ပြို​ကွဲ​သွား​ခြင်း​ဖြစ်​သည်​။

​ ၀ုဒ်အ​နေ​နှင့်​ ​စ​ပွန်​စာ​ ​ကု​မ္ပ​ဏီ​များ​၏​ ​စာ​ချုပ်​ဖျက်​သိမ်း​ခဲ့​မှု​များ​အ​တွက်​လည်း​ စိတ်​အ​နှောင့်​အ​ယှက်​ ​မ​ဖြစ်​ကြောင်း​ ​ယင်း​၏​ မိတ်​ဆွေ​များ​က​ဆို​သည်​။​ ​ဝုဒ်​သည်​ ​အီ​လင်း​နှင့်​ ​ကွာ​ရှင်း​ခဲ့​ပြီး​နောက်​ပိုင်း​ ​အ​ခြား​အ​မျိုး​သ​မီး​ ​တစ်ဦး​ကို​ ​ပေါ်​ပေါ်​ထင်​ထင်​ ​တွဲ​နေ​ခြင်း​မျိုး​ ​မ​ရှိ​သေး​ကြောင်း​လည်း​ ​သိ​ရ​သ​ည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here