Sony​ ဂိမ်း​​မို​​ဘိုင်း​ဖုန်း​ ​စ​တင်​​​ရောင်း​ချ​​​ဖွယ်​ရှိ

alt

iPhone​ ၏​ ​ေ​ဈး​ကွက်​ကြီး​စိုး​မှု​ကို​ ​တုန့်​ပြန်​ရန်​ Sony​ က​လည်း​ ​ဂိမ်း​မို​ဘိုင်း​ဖုန်း​ကို​ ​နှစ်​သစ်​ကူး​အ​လွန်​တွင်​ ​ရောင်း​ချ​ဖွယ်​ ​ရှိ​နေ​ပြီ​ဟု​ ​သိ​ရ​သည်​။​ Sony​၏​ ​နာ​မည်​ကျော်​ PSP ဂိမ်း​စက်​များ​နှင့်​ ​မို​ဘိုင်း​ဖုန်း​တို့​ကို​ ​တွဲ​ဖက်​ထား​သည့်​ ​ကိ​ရိ​ယာ​လေး​သည်​

Apple​ ၏​ ​နာ​မည်​ကျော်​ iPhone ​ပ​ရိ​သတ်​ ​အ​ချို့​ကို​ ​ခွဲ​ဝေ​ယူ​နိုင်​မည်​ဟု​ ​ဂျ​ပန်​ကု​မ္ပ​ဏီ​ကြီး​ Sony​ က​ ​မျှော်​လင့်​ထား​သည်​။​ PSP သည်​ ​က​မ္ဘာ​ပေါ်​တွင်​ ​နာ​မည်​အ​ကြီး​ဆုံး​ ​အိတ်​ဆောင်​ဂိမ်း​စက်​လေး​ ​တစ်​ခု​ဖြစ်​ပြီး​ Sony ​၏​ ​အ​ကျော်​ကြား​ဆုံး​ ​ထုတ်​ကုန်​တစ်​ခု​လည်း​ဖြစ်​သည်​။​

PSP ​နှင့်​ ​တွဲ​ဖက်​ထား​သော​ဖုန်း​သည်​ ​ရုပ်​ရှင်​ကြည့်​ခြင်း​၊​ ​သီ​ချင်း​နား​ထောင်​ခြင်း​၊​ ebook ​များ​ ​ဖတ်​ရှု​ခြင်း​နှင့်​ ​အင်​တာ​နက်​ ​အ​သုံး​ပြု​ခြင်း​များ​ပါ​ ​ဆောင်​ရွက်​နိုင်​မည်​ဟု​ Sony​ က​ဆို​သည်​။​ Sony​ က​ ​ဖုန်း​၏​ပုံ​ကို​ တ​ရား​ဝင် ​မ​ကြေ​ညာ​သေး​သော်​လည်း​ ​ထွက်​ပေါ်​လာ​သည့်​ ​ပုံ​များ​က​ PSP ​၏​ ​ဂိမ်း​ဆိုင်​ရာ​ ​ခ​လုတ်​များ​ ​ပြန်​လည်​ပါ​ဝင်လျက်​ရှိ​သည်​။​ ​

ယင်း​ဖုန်း​ကို​ ​ဂျ​ပန်​တွင်​ ​စ​တင်​ရောင်း​ချ​ပြီး​ ​အ​မေရိ​ကန်​နှင့်​ ဥ​ရော​ပ​တွင်​ ​နွေ​ရာ​သီ​မှ​ ​ရောင်း​ချ​သွား​မည်​ဟု​ ​သ​တင်း​များ​ ​ထွက်​ပေါ်​နေ​သည်​။​ ​သို့​သော်​လည်း​ ​ယင်း​နှင့်​ပတ်​သက်၍​ Sony​ က​ ​တ​စုံ​တ​ရာ​ ​မှတ်​ချက်​မ​ပေး​သေး​ကြောင်း​ ​သိ​ရှိရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here