ရုရှားနိုင်ငံတွင် နှင်းမိုးများ ပြင်းထန်စွာ​ရွာသွန်း

alt

ဒီ​ဇင်​ဘာ​​ ​၂၆​ ​ရက်​နေ့​က​ ​ရု​ရှား​နိုင်ငံ​၊​​ ​မော်​စ​ကို​မြို့​တော်​တွင်​​ နှင်းမိုး များ​ ​ပြင်း​ပြင်း​ထန်​ထန်​ ​ရွာ​ချ​မှု​ကြောင့်​ ​လမ်း​ပန်း​ဆက်​သွယ်​ရေး​ ​အ​ခက်​အ​ခဲ​များ​ ​ပေါ်​ပေါက်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​

နိုင်ငံ​၏​ ​အ​ကြီး​မား​ဆုံး​ ​လေ​ဆိပ်​ကို​ ​ပိတ်​လိုက်​ရ​သ​လို​ ​လျှပ်​စစ်​မီး​များ​လည်း​ ​ပြတ်​တောက်​ကုန်​သည်​။​ ​ထို့​ကြောင့်​ ​ဆေး​ရုံ​ ​၁၄​ ​ခု​ ​အ​ပါ​အ​ဝင်​ ​လူ​ပေါင်း​ ​သုံး​သိန်း​ကျော်​သည်​ ​အ​ပူ​ပေး​ကိ​ရိ​ယာ​ ​မ​ဖွင့်​နိုင်​ဘဲ​ ​ဆောင်း​ရာ​သီ​ ​အ​အေး​ဒဏ်​ကို​ ​ခါး​စည်း​ခံ​ခဲ့​ရ​သည်​။​ ​ဓာတ်​အား​ပေး​လိုင်း​များ​တ​လျှောက်​ ​ခို​ကပ်​နေ​သည့်​ ​ရေ​ခဲ​ချပ်​များ​အား​ ​ဖယ်​ရှား​ပြီး​ ​လျှပ်​စစ်​ဓာတ်​အား​ ​ပြန်​လည်​ရ​ရှိ​ရန်​ ​ကျွမ်း​ကျင်​သူ​များ​က​ ​ဆောင်​ရွက်​နေ​သော်​လည်း​ ​ရာ​သီဥ​တု​ကြောင့်​ ​နှောင့်​နှေး​မှု​များ​ ​ဖြစ်​ပေါ်​ခဲ့​သည်​။​ ​

ဒို​မို​ဒက်​ဒို​ဗို​ ​နိုင်ငံ​တ​ကာ​ ​လေ​ဆိပ်​သည်​လည်း​ ​ဓာတ်​အား​ပြတ်​တောက်​မှု​ကြောင့်​ ​မ​နက်​ပိုင်း​က​တည်း​က​ ​ပိတ်​လိုက်​ရ​သည်​။​ ​၁၅​ ​နာ​ရီ​လုံး​လုံး​ ​လေ​ဆိပ်​သို့​ ​မည်​သည့်​လေ​ယာဥ်​မျှ​ ​ဆင်း​သက်​ခွင့်​ ​မ​ပေး​ခဲ့​ချေ​။​ ​ပြင်း​ထန်​သော​ ​ရာ​သီဥ​တု​ကြောင့်​ ​မြို့​ခံ​များ​အား​ ​အိမ်​ထဲ​တွင်​သာ​ ​နေ​ထိုင်​ရန်​ ​ကျန်း​မာ​ရေး​ ​ဝန်​ကြီး​ဌာ​န​က​ ​တိုက်​တွန်း​ခဲ့​သည်​။​ ​ရာ​သီဥ​တု​ ​ပြင်း​ထန်​မှု​ကို​ ​အ​ခြားဥ​ရော​ပ​ ​နိုင်ငံ​အ​ချို့​လည်း​ ​ခံ​စား​ခဲ့​ရ​ပြီး​ ​ဗြိ​တိန်​နိုင်ငံ​တွင်​ ​လေ​ကြောင်း​ခ​ရီး​စဥ်​ ​၁၅​ ​ခု​သည်​ ​ရာ​သီဥ​တု​ကြောင့်​ ​ဆိုင်းငံ့​မှု​များ​ ​ပြု​လုပ်​ခဲ့​ရ​သည်​။​

ပြင်​သစ်​နိုင်ငံ​၊​ ​ပဲ​ရစ်​မြို့​တော်​ရှိ​ ​ချား​ဒီ​ဂေါ​ ​လေ​ဆိပ်​သည်​လည်း​ ​ခ​ရီး​စဥ်​ ​၅​ ​ခု​ကို​ ​ဖျက်​သိမ်း​ခဲ့​ရ​သည်​။​ ​သ​တင်း​များ​အ​ရ​ ​အ​မေ​ရိ​ကန်​ ​အ​ရှေ့​ဖက်​ကမ်း​ခြေ​တွင်​လည်း​ ​အား​ကောင်း​သော​ ​နှင်း​မုန်​တိုင်း​ ​တိုက်​ခတ်​မှု​များ​ ​ပေါ်​ပေါက်​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here