လက်ဖွဲ့ကြေးအား မကျေနပ်​​သဖြင့် သတို့သမီးအား​ သတို့သား၏​​ဆွေမျိုးများက သတ်ဖြတ်

alt

အိ​န္ဒိ​ယ​နိုင်ငံ​တွင်​​ ​သ​တို့​သ​မီး​ဖက်​မှ​​ ​သ​တို့​သား​အား​ ​တင်​တောင်း​သည့်​​ ​လက်​ဖွဲ့​ကြေး​အား​ ​မ​ကျေ​နပ်​သ​ဖြင့်​ ​ခင်​ပွန်း​သည်၏​ ​ဒေါ​သ​ထွက်​နေ​သော​ ​ဆွေ​မျိုး​များ​က​ ​ကိုယ်​ဝန်​ဆောင်​ ​သ​တို့​သ​မီး​အား​ ​သတ်​ဖြတ်​ပစ်​လိုက်​ကြောင်း​ သိ​ရ​သည်​။​

​ယူ​တာ​ပ​ရာ​ဒက်​ရှိ​ ​ဂါ​ဇီ​ဘက်​တွင်​ ​ဖြစ်​ပွား​သော​ ​လူ​သတ်​မှု​တွင်​ ​အ​သတ်​ခံ​ရ​သည့်​ ​သ​တို့​သ​မီး​မှာ​ ​ကိုယ်​ဝန်​ ​သုံး​လ​ပင်​ ​ရှိ​နေ​ပြီ​ဟု​ ​ရဲ​များ​က​ဆို​သည်​။​ ​ဆာ​ရီ​တာ​ဟု​သာ​ ​အ​မည်​ဖော်​ပြ​သော​ ​အ​မျိုး​သ​မီး​သည်​ ​ခင်​ပွန်း​နှင့်​ ၎င်း​၏​ ​ဆွေ​မျိုး​များ​ ​လက်​ချက်​ကြောင့်​ ​အ​သက်​ဆုံး​ရှုံး​ခဲ့​ရ​ရှာ​သည်​။​ ​

ဆာ​ရီ​တာ​သည်​ ​ခင်​ပွန်း​ဖက်​မှ​ ​တောင်း​ဆို​သော​ ​လက်​ဖွဲ့​ကြေး​ကို​ ​မ​ပေး​ဆောင်​နိုင်​သ​ဖြင့်​ ​အိမ်​မျက်​နှာ​ကျက်​တွင်​ ​ဆွဲ​ကြိုး​ချ​ ​အ​ဆုံး​စီ​ရင်​ခြင်း​ ​ခံ​ရ​ပြီး​ ​ယင်း​တို့​က​ ​အ​ဆိုပါ​ ​အ​မှု​ကို​ ​မိ​မိ​ကိုယ်​ကိုယ်​ ​သတ်​သေ​မှု​အ​ဖြစ်​ ​ဖုံး​ဖိ​ရန်​ ​ကြိုး​စား​ခဲ့​သေး​သည်​။​ ​သို့​သော်​လည်း​ ​ဆာ​ရီ​တာ​၏​ ​ဖ​ခင်​က​ ​ယင်း​ကို​ ​မ​သ​င်္ကာ​သ​ဖြင့်​ ​ရဲ​တပ်​ဖွဲ့​အား​ ​တိုင်​ကြား​ပြီး​နောက်​ ​စ​နစ်​တ​ကျ​ ​စုံ​စမ်း​မှု​များ​အ​ရ​ ​လူ​သတ်​မှု​အား​ ​ဖော်​ထုတ်​လာ​နိုင်​ခြင်း​ဖြစ်​သည်​။​ ​

အိ​န္ဒိ​ယ​နိုင်ငံ​၏​ အ​ချို့​သော​ ​အ​ရပ်​ဒေ​သ​များ​တွင်​ ​သ​တို့​သ​မီး​က​ ​သ​တို့​သား​အား​ ​လက်​ဖွဲ့​ကြေး​ဖြင့်​ ​တင်​တောင်း​ရ​သ​ည့်​ ​ဓ​လေ့​မှာ​ ​ကျယ်​ကျယ်​ပြန့်​ပြန့်​ ​ထွန်း​ကား​နေ​ဆဲ​ဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here