​​​​ခရစ္စမတ်​ကာလ​အတွင် နိုက်ဂျီးရီးယားတွင် ဖြစ်ပွားသည့် အဓိ​ကရုဏ်းများကြောင့် အနည်းဆုံး ၃၈ ဦး​သေဆုံး

alt

ခ​ရစ္စ​မတ်​​ ​သီ​တင်း​ပါတ်​ ​ရုံး​ပိတ်​ရက်​​ ​နှစ်​ရက်​အ​တွင်း​ ​နိုက်​ဂျီး​ရီး​ယား​တွင်​​ ​ဖြစ်​ပွား​ခဲ့​သော​ ​အ​ဓိ​က​ရုဏ်း​များ​ကြောင့်​​ ​အ​နည်း​ဆုံး​လူ​ ​၃၈​ ဦး​ ​သေ​ဆုံး​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​

ဗစ်​တိုး​ရီး​ယား​ ​ဘက်​ပ​တစ်​ ​ခ​ရစ်​ယာန်​ ​ဘု​ရား​ကျောင်း​သို့​ ​လက်​နက်​ကိုင်​ ​အ​ဖွဲ့​များ​က​ ​ဝင်​ရောက်​တိုက်​ခိုက်​ခဲ့​ရာ​ သတ်​ဖြတ်​မှု​များ​ ​အ​စ​ပြု​လာ​သည်​။​ ​လူ​ပေါင်း​ ​၃၀​ ​မျှ​ရှိ​သည့်​ ​အ​ဖွဲ့​သည်​ ​သေ​နတ်​များ​ ​ဓား​များ​နှင့်​ ​ရမ်း​ကား​တိုက်​ခိုက်​ခဲ့​ရာ​ ​ဘု​ရား​ကျောင်း​တွင်း​ ရှိ​နေ​သူ​များ​နှင့်​ ​ဖြတ်​သွား​ဖြတ်​လာ​ ​အ​နည်း​ဆုံး​ ​၂​ ဦး​မျှ​ ​သေ​ကြေ​ခဲ့​သည်​။​ ​

ဘု​ရား​ကျောင်း​၏​ ​အ​တွင်း​ရေး​မှူး​ ​ဒန်​ဂျူ​မာ​ ​အ​ကာ​ဝူ​က​ ​မိ​မိ​တို့​အား​ ​ယ​ခု​လို​ ​အ​ကြောင်း​မဲ့​ ​တိုက်​ခိုက်​ခြင်း​ကို​ ​နား​မ​လည်​ကြောင်း​၊​ ​ခ​ရစ်​ယာန်​ ​ဖြစ်​နေ​ခြင်း​သည်​ ​ထို​မျှ​လောက်​ ​အ​ပြစ်​ကြီး​သည်​ဟု​ ​ခံ​ယူ​ထား​သူ​များ​ကို​ ​အံ့ဩ​ကြောင်း​၊​ ​ရဲ​တပ်​ဖွဲ့​သည်​ ​ခ​ရစ်​ယာန်​များ​အား​ ​ကာ​ကွယ်​ရန်​ ​ပျက်​ကွက်​ခဲ့​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​

ဒန်​ဂျူ​မာ​၏​ ​အိမ်​သည်​လည်း​ ​အ​စွန်း​ရောက်​ ​မွတ်​ဆ​လင်​များ​ဟု​ ​ယူ​ဆ​ရ​သည့်​ ​အ​ကြမ်း​ဖက်​ ​လက်​နက်​ကိုင်​များ​ကြောင့်​ ​မီး​လောင်​ပျက်​စီးခဲ့​ရ​သည်​။​ ​ယ​ခု​ဘု​ရား​ကျောင်း​ ​စီး​နင်း​တိုက်​ခိုက်​မှု​အ​ပြင်​ နိုက်​ဂျီး​ရီး​ယား​ ​နိုင်ငံ​တ​ဝှမ်း​တွင်​ ​ဒီ​ဇင်​ဘာ​ ​၂၅​ ​နှင့်​ ​၂၆​ ​ရက်​နေ့​များ​အ​တွင်း​ ​ခ​ရစ်​ယာန်​နှင့်​ ​မွတ်​ဆ​လင်​များ​ကြား​ ​ပ​ဋိ​ပ​က္ခ​ကြောင့်​ ​လူ​ပေါင်း​ ​၃၀​ ​ကျော်​ ​သေ​ဆုံး​ခဲ့​သည်​။​ ​နိုက်​ဂျီး​ရီး​ယား​ ​အ​လယ်​ပိုင်း​တွင်​ ​ဗုံး​ခွဲ​မှု​များ​ကြောင့်​ ​အ​နည်း​ဆုံး​ ​လူ​ ​၃၂​ ဦး​ ​သေ​ဆုံး​ခဲ့​သည်​။​ ​ရဲ​တပ်​ဖွဲ့​သည်​ ​ဘု​ရား​ကျောင်း​ ​စီး​နင်း​တိုက်​ခိုက်​မှု​များ​နှင့်​ ​ပတ်​သက်​ပြီး​ ​မည်​သည့်​အ​ဖွဲ့​အ​စည်း​ ​လက်​ချက်​ဖြစ်​သည်​ကို​ ​သဲ​လွန်​စ​ ​ရှာ​ဖွေ​နေ​ဆဲ​ဖြစ်​သည်​။

​နိုက်​ဂျီး​ရီး​ယား​တွင်​ ​အ​ဓိ​က​ ​ကိုး​ကွယ်​ယုံ​ကြည်​မှု​ ​ဘာ​သာ​ကြီး​နှစ်​ခု​ဖြစ်​သည့်​ ​ခ​ရစ်​ယာန်​နှင့်​ ​မွတ်​ဆ​လင်​တို့​ကြား​ ​အ​မြင်​ကွဲ​လွဲ​မှု​များ​ကြောင့်​ ​မ​ကြာ​ခ​ဏ​ ​ပ​ဋိ​ပ​က္ခ​များ​ ​ကြီး​ကြီး​မား​မား​ ​ဖြစ်​ပွား​လေ့​ရှိ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here