အိုင်ဗရီကို့စ်တွင် ပြည်တွင်း​​​စစ်​ဖြစ်မည့် အခြေအနေ ပိုမို​​နီးစပ်လာ

alt

အိုင်ဗရီကို့စ် နိုင်ငံတွင် လက်ရှိ​အစိုးရ ထောက်ခံသူများက ဆန့်ကျင်ဖက် အင်အားစုများ၏ အခြေစိုက် စခန်းများကို စီးနင်း​တိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်​ပြောဆိုနေမှုကြောင့် ပြည်တွင်း​စစ်ပွဲ စတင်ရန် ပိုမို​​နီးစပ်လာခဲ့သည်။

အလက်ဆိန်း အော့တာရာ နေထိုင်ရာ ဟိုတယ်ကို စီးနင်း​တိုက်ခိုက်ခဲ့ပါက နိုင်ငံ​အတွင်း သွေးချောင်းစီး သတ်ဖြတ်ပွဲများ စတင်​လာမည်ဟု ကုလသမဂ္ဂက သတိပေးထားသည်။ သမ္မတ လောရင့်ဂျီဘက်ဘိုက ပြီးခဲ့သည့်လ ရွေးကောက်ပွဲ​အတွင်း အော့တာရာ အနိုင်ရမှုကို ငြင်းဆန်ထားပြီး ကုလသမဂ္ဂ အစောင့်အရှောက်​အောက်တွင် ရှိနေသည့် အော့တာရာကို ဖိအားပေး တိုက်ခိုက်ရန် ကြိုးစားလာခဲ့သည်။ အော့တာရာသည် ၎င်းအသစ်​ဖွဲ့မည့် အစိုးရနှင့်​အတူ အဘစ်ဂျန်မြို့ရှိ ပင်လယ်ကွေ့ဟိုတယ်တွင် ခိုအောင်းလျက်ရှိသည်။

နိုဝင်ဘာ ၂၈ ရက်နေ့ ရွေးကောက်ပွဲ အနိုင်ရ​ကတည်းက ဟိုတယ်​အတွင်း အောင်းနေသည့် အသက် ၆၈ နှစ်အရွယ် အတိုက်အခံ ခေါင်းဆောင်အား အမေရိကန်​ပြည်ထောင်စု၊ အာဖရိက​ယူနီယံနှင့် ဥရောပ ယူနီယံတို့က ထောက်ခံ​ထားကြသည်။ ယခုအခါ သမ္မတ ဂျီဘက်ဘို ထောက်ခံသူများက အင်အားသုံး တိုက်ခိုက်မှုများ ပြုလုပ်ရန် ကြိုးစားလာပြီး ယင်းသည် ၂၀၀၂ ခုနှစ်က ပြီးဆုံးခဲ့သည့် ပြည်တွင်း​စစ်ကို တကျော့ပြန် နိုးထ​လာစေဖွယ် ရှိနေသည်။

နိုင်ငံတကာက အာဏာစွန့်လွှတ်ရန် ဖိအားပေး တောင်းဆိုနေသည့်တိုင် ဂျီဘက်ဘိုက ၎င်းသည် အိုင်ဗရီကို့စ်၏ သမ္မတအဖြစ် ရပ်တည်နေကြောင်း အခိုင်အမာ ငြင်းဆိုနေသည်။ ရွေးကောက်ပွဲအပြီး နှစ်ဖက်အင်အားစုများကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အနည်းဆုံး လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here