​​​ဆိုက်ပရပ်​နိုင်ငံ ပတ်စပို့တွင် ဂရိ​ရိုးရား အချစ်​နတ်သမီးပုံ ဖော်ပြ​ခြင်းကြောင့် ​ဝေဖန်မှုများ​ထွက်ပေါ်

alt

ဆိုက်ပရပ်​နိုင်ငံ၏ ပတ်စပို့တွင် ဂရိ​ရိုးရာ အချစ်​နတ်သမီး၏​ပုံကို ဖော်ပြ​​ခြင်းကြောင့် ဝေဖန်မှုများ ကြံုနေ​ကြောင်း သိရသည်။ ချစ်ခြင်း​​မေတ္တာကို ကိုယ်စားပြုသည့် အဖရိုဒိုက် နတ်သမီးသည် အဝတ်မပါသော အမျိုးသမီး​​ပုံစံ ရေးဆွဲ​ထားခြင်း​ဖြစ်ရာ

မွတ်ဆလင်​​နိုင်ငံများသို့ ပြည်ဝင်ခွင့်​​ကိစ္စတွင် နိုင်ငံသားများ အခက်အခဲ ဖြစ်လာ​​​နိုင်စေကြောင်း ပြည်ထဲရေး ဝန်ကြီး​​ဌာနက အပြစ်တင်ခဲ့သည်။ ထိုကိစ္စအတွက် သေချာစွာ စီစစ်​စုံစမ်းခြင်း မရှိသည့် ဆိုက်ပရပ် နိုင်ငံခြားရေး ဝန်ကြီး​ဌာနမှာလည်း ဝေဖန်မှုများ ကြံုနေရသည်။ ပြည်ထဲရေး ဝန်ကြီး​​ဌာနက ပတ်စပို့​​ဒီဇိုင်းကို ပြောင်းလဲရန် စီစဥ်​ခဲ့သော်လည်း အလွန်​နောက်ကျ​နေပြီဟု ဝန်ခ​ံခဲ့သည်။

ဂရိ​မျိုးနွယ် အများစု နေထိုင်သည့် ဆိုက်ပရပ်တွင် အဖရိုဒိုက်​သည် ရှေးဟောင်း​ယဥ်ကျေးမှု ပြယုဂ်​တစ်ခု​​သဖွယ် တည်ရှိ​နေပြီး ယင်းကို ရောမတို့က ဗီးနပ် အလှ​နတ်သမီးဟု​လည်း​ခေါ်သည်။ မွတ်ဆလင်​ဘာသာကို အဓိက ကိုးကွယ်သော နိုင်ငံများတွင် အဝတ်​မပါသော ဗလာကျင်း​ကိုယ်လုံးနှင့် အမျိုးသမီး​တစ်ဦး၏​ပုံကို ဘာသာရေး​အရ တားဆီး​ပိတ်ပင်မှုများ ပြုလုပ်​လာဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here