အလွန်အကျွံ ကိုယ်​အလေးချိန်​​လျှော့ချမှု ဆန့်ကျင်ရေး​​ကြော်ငြာ​​မော်ဒယ် ကွယ်လွန်

alt

အလွန်အကျွံ ကိုယ်အလေးချိန် လျှော့ချ​​နေမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှု ကြော်ငြာ​ဓာတ်ပုံ အရိုက်ခံခဲ့သည့်​​အတွက် ကမ္ဘာကျော်ခဲ့သည့် ပြင်သစ်​​မော်ဒယ် ဆာဘယ်လီကာရိုမှာ နိုဝင်ဘာလက ကွယ်လွန်​ခဲ့ကြောင်း သူမ၏​​ချစ်သူ ဆွစ်ဇာလန်​​အဆိုတော် ဗင်းဆင့်ဘစ်ဂလာက အတည်ပြုခဲ့သည်။

 

၂၀၀၇ ခုနှစ်က သူမ၏ ပိန်လှီ​နေသော ကိုယ်လုံး​ကိုယ်ပေါက်ဖြင့် ဝတ်လစ်စားလစ် ဓာတ်ပုံ​ရိုက်ခံခဲ့ပြီးနောက် ကမ္ဘာသိ မော်ဒယ်​​တစ်ဦး​ဖြစ်လာသည်။ သူမ၏ ပုံရိပ်သည် အမျိုးသမီးများ အလွန်အကျွံ ကိုယ်အလေးချိန် လျှော့ချ​ခြင်းကြောင့် ကျန်းမာရေး ယိုယွင်းလာမှုကို ကွက်ကွက်​ကွင်းကွင်း မီးမောင်း​ထိုးပြနိုင်ခဲ့သည်။

နိုဝင်ဘာ ၁၇ ရက်နေ့ကတည်းက ကာရို​ကွယ်လွန်ခဲ့သော်လည်း မိသားစု၏ ဆန္ဒအရ သတင်း​ဌာနများသို့ အကြောင်း​မကြားဘဲ ထိမ်ချန်​ထားခြင်း​ဖြစ်သည်။ ကာရိုသည် အသက်ရှူလမ်းကြောင်း ရောဂါကြောင့် ဆေးရုံတွင် နှစ်ပါတ်ကြာ တက်ရောက်​ကုသရင်း အနိစ္စ ရောက်ခဲ့ခြင်း​​ဟု​ဆိုသည်။

အသက် ၂၈ နှစ်ရှိ မော်ဒယ်သည် သူမ၏ ကိုယ်​အလေးချိန်ကို ၂၅ ကီလိုဂရမ်ထိ လျှော့ချရန် ကြိုးပမ်းရင်း ၂၀၀၆ ခုနှစ်က ကိုမာ​ဝင်ခဲ့သေးသည်။ နောက်ပိုင်းတွင် သူမသည် အလွန်အကျွံ အစာလျှော့စားခြင်းများကို တိုက်ဖျက်သည့် လှုပ်ရှား​မှုများတွင် ပါဝင်ခဲ့ပြီး ၂၀၁၀ ပြည့်​နှစ်တွင် သူမ၏ ကိုယ်​အလေးချိန်ကို ၄၂ ကီလိုဂရမ်ထိ ပြန်လှည်​​တိုးမြှင့်ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here