အမေရိကန်တွင် ရုံတင်​ပြသခဲ့သည့် ဇာတ်ကားများ ယမန်​​နှစ်ထက် ဝင်ငွေ​​လျော့ကျ

alt

အမေရိကန်​နိုင်ငံ​တွင်​ ​ယ​ခု​နှစ်​​အ​တွင်း​ ​ရုံ​တင်​ပြ​သ​ခဲ့​သည့်​ ​ဇာတ်​ကား​များ​မှ​ ​ရုံ​ဝင်​ကြေး​ ​ရ​ရှိ​မှု​ ​စု​စု​ပေါင်း​ ​ပ​မာ​ဏ​သည်​ ​ယ​မန်​​နှစ်​က​ထက်​ ​အ​တန်ငယ်​ ​လျော့​ကျ​သွား​ကြောင်း​ ​သိ​ရ​သည်​။​

​၂၀၁၀​ ​ပြည့်​နှစ်​၏​ ​စု​စု​ပေါင်း​ ​လက်​မှတ်​ရောင်း​ချ​ရ​ငွေ​သည်​ ​ဒေါ်​လာ​ ​၁၀.​၅၅၆​ ​ဘီ​လျံ​ထိ​ ​ရှိ​လာ​ခဲ့​သည်​။​ ​သို့​သော်​ ​အ​ဆို​ပါ​ ​ပ​မာ​ဏ​သည်​ ​ယ​မန်​နှစ်​က​ ​စု​စု​ပေါင်း​ ​ဒေါ်​လာ​ ​၁၀.​၆​ ​ဘီ​လျံ​ဖိုး​ ​လက်​မှတ်​ရောင်း​အား​ထက်​ ​လျော့​နည်း​သည်​။​ ​မည်​သို့​ပင်​ဖြစ်​စေ​ ​တစ်​နှစ်​တာ​ ​လက်​မှတ်​ရောင်း​ရ​ငွေ​သည်​ ​ဒေါ်​လာ​ ​၁၀​ ​ဘီ​လျံ​အ​ထက်​အ​ဖြစ်​ ​ဒု​တိ​ယ​​အ​ကြိမ်​မြောက်​ ရပ်​တည်​နိုင်​ခဲ့​ခြင်း​​ဖြစ်​သည်​။​ ​

ရုပ်​ရှင်​ရုံ​များ​သို့​ ​လာ​ရောက်​ကြည့်​ရှု​သူ​ ​အ​ရေ​အ​တွက်​မှာ​ ​၂၀၀၉​ ​ခု​နှစ်​က​ထက်​ ​၅.​၃၆​ ​ရာ​ခိုင်​နှုန်း​ ​လျော့​ကျ​သွား​ခဲ့​ရာ​ ​၂၀၀၅​ ​နောက်​ပိုင်း​ ​ရုပ်​ရှင်​ပ​ရိ​သတ်​အ​ရေ​အ​တွက်​ ​အ​သိ​သာ​ဆုံး​ ​လျော့​နည်း​မှု​ ​ဖြစ်​လာ​သည်​။​ ​၂၀၀၉​ ​ခု​နှစ်​ကုန်​က​ ​စ​တင်​ရုံ​တင်​သော​ Avatar​ ဇာတ်​ကား​သည်​ ​ဖေ​ဖော်​ဝါ​ရီ​နှင့်​ ​မတ်​လ​များ​ထိ​ ​လူ​ကြည့်​များ​နေ​ခြင်း​က​လည်း​ ​၂၀၁၀​ ​ပြည့်​နှစ်​ ​ရုံ​ဝင်​ကြေး​ပ​မာ​ဏ​ ​မြင့်​တက်​လာ​စေ​ရန်​ ​အ​ထောက်​အ​ပံ့​ ​ဖြစ်​စေ​ခဲ့​သည်​။​ ​

ယ​ခု​နှစ်​အ​တွင်း​ ​ရုံ​ဝင်​ကြေး​​အ​မြင့်​ဆုံး​ ​ရ​ခဲ့​သည့်​ ​ဇာတ်​ကား​မှာ​ Toy​ Story​ 3​ ​ကာ​တွန်း​​ရုပ်​ရှင်​ ​ဖြစ်​လာ​ပြီး​ ​ဒေါ်​လာ​ ​၄၁၅​ ​သန်း​​နီး​ပါး​ထိ​ ​ရ​ရှိ​ခဲ့​သည်​။​ ​ယင်း​သည်​ ​ကာ​တွန်း​​ရုပ်​ရှင်​ ​တစ်​ခု​အ​တွက်​ ​အ​မြင့်​ဆုံး​ ​ငွေ​ကြေး​ပိုင်း​​အ​ရ​ ​အောင်​မြင်​မှု​​မှတ်​တိုင်​လည်း​ ​ဖြစ်​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here