နောက်တစ်ကြိမ်​လက်ထပ်ရန် ကြံနေသည့် Playboy မဂ္ဂဇင်း​​ဗိသုကာ

alt

နာ​မည်​ကျော်​ Playboy​ မ​ဂ္ဂ​ဇင်း​ကို​ ​ထူ​ထောင်​သူ​ ​ဟု​ဂျ်​ဟက်​ဖ​နာ​သည်​ ​နောက်​တစ်​ကြိမ်​ ​လက်​ထပ်​ရန်​ ​ကြံ​ရွယ်​နေ​ပြန်​ပြီ​ဖြစ်​သည်​။​ ၎င်း​ပိုင်​ ​ကာ​လ​သား​ကြိုက်​ ​မ​ဂ္ဂ​ဇင်း​ကြီး​မှ​ ​နာ​မည်​ကျော်​ ​အ​လှ​မယ်​ ​တစ်ဦး​ဖြစ်​သည့်​ ​အ​သက်​ ​၂၄​ ​နှစ်​အ​ရွယ်​ ​ခ​ရစ်​စ​တယ်​ဟား​ရစ်​နှင့်​ ​လက်​ထပ်​တော့​မည်​ဟု​ ​

အ​သက်​ ​၈၄​ ​နှစ်​ရှိ​ ​သူ​ဌေး​ကြီး​က​ Twitter ​မှ​တ​ဆင့်​ ​ကြေ​ညာ​ခဲ့​သည်​။​

​မိ​မိ​အ​နေ​နှင့်​ ​ခ​ရစ်​စ​တယ်​အား​ ​လက်​စွပ်​တစ်​ကွင်း​ဖြင့်​ ​လက်​ထပ်​ခွင့်​တောင်း​ခဲ့​ရာ​ ​ခ​ရစ်​စ​တယ်​သည်​ ​အ​လွန်​ဝမ်း​သာ​စွာ​ ​မျက်​ရည်​များ​ ​ကျ​ခဲ့​ကြောင်း​ ​ဟက်​ဖ​နာ​က​ ​ရေး​သား​ထား​သည်​။​ ​ဟက်​ဖ​နာ​သည်​ ၎င်း​၏​ ​ဒု​တိ​ယ​ဇ​နီး​သည်​ ​ကင်​ဘာ​လေ​ ​ကွန်း​ရက်​နှင့်​ ​ယ​ခု​နှစ်​ ​အ​စော​ပိုင်း​က​မှ​ ​ကွာ​ရှင်း​ခဲ့​သည်​။​ ၎င်း​သည်​ ​ပ​ထ​မ​ဇ​နီး​ ​မိုင်း​ရက်​ဝီ​လျံ​နှင့်​ ​၁၉၅၉​ ​ခု​နှစ်​က​ ​ကွာ​ရှင်း​ခဲ့​သည်​။​ ​ခ​ရစ်​စ​တယ်​၏​ ​မိ​ဘ​များ​သည်​ ​ဗြိ​တိန်​မှ​ဖြစ်​သော်​လည်း​ ​သူ​မ​အား​ ​အ​မေ​ရိ​ကန်​တွင်​ ​မွေး​ဖွား​ခဲ့​သည်​။​ ​

သူ​မ​သည်​ Playboy​ ​မ​ဂ္ဂ​ဇင်း​၏​ ၂၀၀၉​ ​ခု​နှစ်​ ဒီဇင်​ဘာ​လ​​အ​တွက်​ Playmate​ အ​ဖြစ်​ ​ဖော်​ပြ​ခံ​ရ​သည်​။​ ​ဟက်​ဖ​နာ​က​ ၎င်း​သည်​ ​ခ​ရစ်​စ​တယ်​နှင့်​အ​တူ​ ​ဖြတ်​သန်း​ရ​သည့်​ ​ယ​ခု​နှစ်​ ​ခ​ရစ္စ​မတ်​ကာ​လ​ကို​ ​တစ်​သက်​တာ​တွင်​ ​အ​ပျော်​ဆုံး​ ​ခ​ရ​စ္စမတ်​​အ​ဖြစ်​ ​ခံ​ယူ​ထား​ကြောင်း​ဆို​သည်​။​ ​ဟက်​ဖ​နာ​က​ ​ခ​ရစ်​စ​တယ်​ကြောင့်​ ၎င်း​သည်​ ​အ​သက်​ ​၂၀​ ​ကျော်​က​ထက်​ပင်​ ​ပို​မို​တက်​ကြွ​ထက်​သန်​သော​ ​ခံ​စား​မှု​ကို​ ​ရ​ရှိ​နေ​ကြောင်း​လည်း​ ​ဖွင့်​ဟ​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here