ခရစ္စမတ်သီချင်းဖြင့် ကြောင်များအား သတ်ဖြတ်နေပုံအား You Tube တွင် လွှင့်တင်

alt

ရက်စက်​ကြမ်းကြုတ်သူ တစ်ဦးသည် ခရစ္စမတ်​သီချင်းကိုဖွင့်ကာ ကြောင်များကို အဆုံးစီရင် သတ်ဖြတ်​နေသည့် ပုံရိပ်ကို You Tube ဝက်ဆိုက်တွင် လွှင့်တင်​ခဲ့သည်။

၎င်းသည် စိတ်ပိုင်း​ဆိုင်ရာ မူမမှန်ဟု ယူဆ​ရသော်လည်း အဆိုပါ သွေးပျက်ဖွယ် လုပ်ရပ်ကို အင်တာနက်ပေါ် လွှင့်တင်နိုင်သည့် အသိဉာဏ်​မျိုးမူ ရှိနေသည်။ 1 boy 2 kitten ဟု အမည်​ပေးထားသည့် ယင်း​ဗီဒီယိုတွင် အဆိုပါ ပုဂ္ဂိုလ်သည် ကြောက်များကို စိမ်ပြေနပြေ သတ်နေသည့်​ပုံရိပ်ကို ထင်ထင်ရှားရှား ဖော်ပြ​ခဲ့သည်။ စိတ်ပညာရှင်များက ယင်းသည် မကြာ​သေးမီက ဗြိတိန်တွင် ထောင်ဒဏ်​တစ်သက် ချမှတ်ခံရသည့် စတီဖင်ဂရစ်ဖစ်တွင် စွဲကပ်​နေသည့် စိတ်ဝေဒနာမျိုးကို ညွှန်ပြ​နေကြောင်း ပြောကြား​ခဲ့သည်။

Crossbow Cannibal ဟု နာမည်ကြီးသော ဂရစ်ဖစ်သည် အမျိုးသမီး အနည်းဆုံး ၃ ဦးကို သတ်ဖြတ်ခဲ့သည်။ ၎င်းသည် ပထမ​​နှစ်ဦး၏ အသားကို ချက်စားပြီး ကျန်​တစ်ဦးကို အစိမ်းစားခဲ့သည်ဟု ဆိုသည်။ ဂရစ်ဖစ်သည် အမျိုးသမီး နှစ်ဦးကို ဒူးလေးဖြင့် ပစ်သတ်ပြီး တစ်ဦးကိုမူ တူဖြင့်​​ထုသတ်ခဲ့သည်ဟု တရားရုံးတွင် ထွက်ဆို​သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here