၂၀၁၁ ခုနှစ်တွင် Apple ထုတ်ကုန်များအား တိုက်ခိုက်မှု ပိုမို​မြင့်တက်လာမည်​ဟု McAfee ခန့်မှန်း

alt

နာ​မည်​ကျော်​ ​နည်း​ပ​ညာ​ ​လုံ​ခြံု​ရေး​ ​ကု​မ္ပ​ဏီ​ McAfee​ က​ ​၂၀၁၁​ ​ခု​နှစ်​အ​တွင်း​ Apple​ ၏​ ​ထုတ်​ကုန်​များ​အား​ ဦး​တည်​တိုက်​ခိုက်​မှု​ ​ပို​မို​မြင့်​တက်​လာ​နိုင်​ကြောင်း​ ​ခန့်​မှန်း​ပြော​ကြား​လိုက်​သည်​။​

Apple ​၏​ iOS​ သုံး​ ​ထုတ်​ကုန်​များ​ဖြစ်​သည့်​ iPad ​နှင့်​ iPhone ​တို့​ ​ေ​ဈး​ကွက်​နေ​ရာ​ရ​မှု​ ​ကျယ်​ပြန့်​လာ​ပြီး​နောက်​ Hacker​ များ​၏​ ​အာ​ရုံ​ကို​ ​ပို​မို​ဆွဲ​ဆောင်​လာ​နိုင်​ကြောင်း​ McAfee​ ၏​ ​သု​တေ​သ​န​ ​စစ်​တမ်း​က​ ​ဖော်​ပြ​ထား​သည်​။​ ​သို့​သော်​ လည်း​ ​ယ​ခင်​က​တည်း​က​ Apple ​သည်​ ​တိုက်​ခိုက်​မှု​များ​နှင့်​ ​ပတ်​သက်​ပြီး​ ​လုံ​ခြံု​ရေး​ဆိုင်​ရာ​ ​နာ​မည်​ကောင်း​ကို​ ​မှတ်​ကျောက်​တင်​ထား​နိုင်​ခဲ့​ကြောင်း​လည်း​ McAfee​ က​ ​ပြော​ကြား​ခဲ့​သည်​။​ ​သို့​သော်​လည်း​ Apple ​ပ​စ္စည်း​များ​ ​ အ​သုံး​ပြု​နေ​သူ​များ​၏​ ​အား​နည်း​ချက်​ကြောင့်​ ​အ​ယောင်​ဆောင်​ ​ဆိုင်​ဘာ​ထောင်​ချောက်​များ​ထဲ​ ​ရောက်​သွား​ခြင်း​မျိုး​မူ​ ​ဖြစ်​နိုင်​သေး​ကြောင်း​လည်း​ McAfee ​မှ​ ​လုံ​ခြံု​ရေး​ဆိုင်​ရာ​ ​ပါ​ရ​ဂူ​များ​က​ ​မှတ်​ချက်​ပြု​ခဲ့​သည်​။​

၂၀၁၀​ ​ပြည့်​ နှစ်​အ​တွင်း​ iPhone ​၏​ ​အောင်​မြင်​မှု​ ​အ​ကြီး​အ​ကျယ်​ ​ရ​ရှိ​ခဲ့​ခြင်း​ကြောင့်​​ ​မို​ဘိုင်း​ကိ​ရိ​ယာ​များ​အ​ပေါ်​ Hacker ​များ​၏​ ​အာ​ရုံ​သည်​ ​ပို​မို​စူး​စိုက်​လာ​ဖွယ်​ ​ရှိ​နေ​ကြောင်း​လည်း​ ​သိ​ရ​သည်​။​ ​ထို့​အ​ပြင်​ McAfee ​က​ ​က​မ္ဘာ​ကျော်​ Social​ Networking​ ဝက်​ဆိုက်​ Facebook​ ၏​ ​အောင်​မြင်​မှု​ ​အ​ရှိန်​အ​ဟုန်​နှင့်​အ​တူ​ ၎င်း​ထံ​မှ​တ​ဆင့်​ ​ထောင်​ချောက်​ဆင်​ ​တိုက်​ခိုက်​မှု​များ​လည်း​ ​အ​နာ​ဂတ်​တွင်​ ​ပို​မို​ထူ​ပြော​လာ​ဖွယ်​ရှိ​ကြောင်း​ ​ဟော​ကိန်း​ထုတ်​ ​ခန့်​မှန်း​သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here