AFF Suziki ဖလား ဘောလုံး​ပြိုင်ပွဲ မလေးရှား​အသင်း ဗိုလ်စွဲ

alt

အရှေ့တောင်အာရှ AFF Suzuki ဖလား ဘောလုံး​ပြိုင်ပွဲတွင် မလေးရှား​အသင်း ဗိုလ်စွဲ​သွားကြောင်း သိရသည်။ ဗိုလ်လုပွဲ ဒုတိယ​အကျော့​အဖြစ် အင်ဒိုနီးရှားကို ၂-၁ ဖြင့် ရှုံးနိမ့်​ခဲ့သည့်တိုင်

မလေးရှားက အိမ်ကွင်းတွင် ၃-၀ ဖြင့် အနိုင်​ရထားသောကြောင့် နှစ်ကျော့​ပေါင်းရလဒ် ၄-၂ ဖြင့် ဗိုလ်စွဲ​ခဲ့ခြင်း​ဖြစ်သည်။ မလေးရှား​အတွက် AFF Suzuki ဖလား၏ ၂၁ နှစ်ကြာ သမိုင်းတွင် ပထမဆုံး ဗိုလ်စွဲ​နိုင်ခဲ့ခြင်းလည်း​ဖြစ်သည်။ မလေးရှား​အသင်းသည် ဒီဇင်ဘာ ၂၉ ရက်နေ့က အင်ဒိုနီးရှား​အား ပွဲချိန် ၅၂ မိနစ်တွင် ဆာဖီဆာလီ၏ သွင်းဂိုးဖြင့် ဦးဆောင်​နိုင်ခဲ့ပြီး အင်ဒိုဖက်မှ ရစ်ဝမ်နှင့် မိုဟာမက် နာဆူဟာတို့ ဂိုးပြန်​သွင်းသော်လည်း နှစ်ကျော့ပေါင်း ရလဒ်ဖြင့် အရေး​နိမ့်သွားခဲ့သည်။

မလေးရှား​သည် ဂိုးကွာခြားချက် ၃ ဂိုးအသာရထားသဖြင့် ခံစစ်ကိုသာ အသားပေး ကစားခဲ့ရာ ပရိသတ် ၈၈၀၀၀ ရှေ့တွင် ကစားရသည့် အင်ဒိုအတွက် အခက်အခဲ ကြံုနေရသည်။ ဘူကစ်ဂျာလီ အားကစားကွင်းကြီးအတွင်း ရှံုးနိမ့်ခဲ့ပြီးနောက် ပရိသတ်များက လက်မအောက်စိုက်ကာ အင်ဒိုနီးရှား၏ ရလဒ်ညံ့ဖျင်းမှုကို ရှုတ်ချခဲ့ကြသည်။

မလေးရှားသည် အုပ်စုတွင်းတွင် အင်ဒိုအား ဂိုးပြတ်​အရေးနိမ့်​ထားခဲ့ရာ အင်ဒိုသည် ယခု​ဖလားတွင် ဗိုလ်စွဲရန် ရေပန်း​အစားဆုံး​အဖြစ် ရပ်တည်​နိုင်ခဲ့သော်လည်း ဗိုလ်လုပွဲတွင် စိတ်ဓာတ်​ကောင်းသည့် မလေးရှားက အသာရခဲ့ခြင်း​ဖြစ်သည်။ AFF Suzuki ဖလားတွင် မြန်မာ​အသင်းလည်း ပါဝင်​ယှဥ်ပြိုင်ခွင့် ရခဲ့သည့်တိုင် အုပ်စု​ဘိတ်ဆုံး​အဆင့်ဖြင့် စောစီးစွာ ထွက်ခွာ​ခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here