​မော်ဒယ်သင်တန်းကျောင်းဖွင့်ရန် ကိတ်မော့စ်စဉ်စားနေ

alt

သူမကိုယ်​ပိုင်​​ ​မော်​ဒယ်​သင်​တန်း​ကျောင်း​တစ်​ခု​​ ​ဖွင့်​လှစ်​သွား​ရန်​​ ​စဥ်း​စား​နေ​ကြောင်း​​ ​ကိတ်​မော့စ်​က​ ​ပြော​ကြား​လိုက်​သည်​။​ နာ​မည်​ကျော်​ ​ဗြိ​တိ​သျှ​​ ​ကိုယ်​ဟန်​ပြ​မယ်​က​ Company ​မ​ဂ္ဂ​ဇင်း​နှင့်​ ​အင်​တာ​ ဗျူး​တွင်​ ​သူ​မ​သည်​ ​မျိုး​ဆက်​သစ်​ ​မော်​ဒယ်​များ​အ​တွက်​ ​

အ​ထောက်​အ​ကူ​ပြု​မည့်​ ​ကျောင်း​တစ်​ခု​ ​ဖွင့်​လှစ်​နိုင်​ရန်​ ​စိတ်​ဝင်​စား​နေ​မိ​ကြောင်း​ ​ဝန်​ခံ​ပြော​ဆို​ခဲ့​သည်​။​ ​ကိတ်​၏​ ​မော်​ဒယ်​ကျောင်း​ဆို​သော​ ​အ​မည်​အ​တွက်​ ​ဂုဏ်​ယူ​နိုင်​ မည်​ထင်​ကြောင်း​၊​ ​မော်​ဒယ်​တစ်ဦး​အ​တွက်​ ​ကျွမ်း​ကျင်​မှု​သည်​ ​အဓိ​က​ကျ​သော​ ​အ​ရည်​အ​သွေး​တစ်​ခု​ဖြစ်​ပြီး​ ​ယင်း​ကို​ ​သူ​မ​အ​နေ​နှင့်​ ​မျှ​ဝေ​သင်​ကြား​ပေး​သွား​နိုင်​ရန်​ ​မျှော်​လင့်​ကြောင်း​ ​ကိတ်က​ ​မှတ်​ချက်​ပြု​သွား​သည်​။​

သူ​မ​သည်​ Britain’s​ Next​ Top​ Model​ ​အ​စီ​အ​စဥ်​မှ​တ​ဆင့်​ ​ခက်​ခက်​ခဲ​ခဲ​ ​ဖြတ်​သန်း​ခဲ့​ရ​ပုံ​များ​ကို​လည်း​ ​ပြန်​ပြောင်း​ပြော​ပြ​ခဲ့​ပြီး​ ​အ​နုတ်​ ​၃၀​ ​ရှိ​သော​ ​အ​ပူ​ချိန်​တွင်​ ​ဘီ​က​နီ​ဝတ်​ကာ​ ​နေ​ပြ​ခဲ့​ရ​ဖူး​ကြောင်း​၊​ ​သို့​သော်​လည်း​ ​အ​လုပ်​အ​တွက်​ ​လို​ အပ်​သော​ စိတ်​ဓာတ်​ခွန်​အား​ဖြင့်​ ​ကြိုး​စား​ခဲ့​ကြောင်း​ ​ကိတ်​က​ဆို​သည်​။​ ​သူ​မ​က​ ​အ​သက်​ ​၁၆​ ​နှစ်​အ​ရွယ်​တွင်​ ​ကိုယ်​ဟန်​ပြ​မယ်​အ​ဖြစ်​ ​ဓာတ်​ပုံ​စ​အ​ရိုက်​ခံ​ဖူး​ကြောင်း​၊​ ​ဘ​ဝ​တ​လျှောက်​ ​မော်​ဒ​ယ်​တစ်ဦး​အ​နေ​နှင့်​ ​အ​တွေ့​အ​ကြံု​ များ​စွာ​ ​ရ​ရှိ​ခဲ့​ပြီး​ ​မျိုး​ဆက်​သစ်​ ​မော်​ဒယ်​များ​ကို​ ​လက်​ဆင့်​ကမ်း​သွား​လို​ကြောင်း​ ​ဖွင့်​ဟ​ခဲ့​သည်​။​

ကိတ်​သည်​ ​ဗြိ​တိန်​တွင်​သာ​မ​က​ ​တစ်​က​မ္ဘာ​လုံး​ ​အ​တိုင်း​အ​တာ​ဖြင့်​ ​ကျော်​ကြား​သော​ ​မော်​ဒယ်​တစ်ဦး​အ​ဖြစ်​ ​ရပ်​တည်​နေ​ပြီး​ ​ က​မ္ဘာ​ပေါ်​တွင်​ ​မော်​ဒယ်​အ​လုပ်​ဖြင့်​ ​ဝင်​ငွေ​အ​မြင့်​ဆုံး​ ရ​ရှိ​နေ​သူ​ ​တစ်ဦး​လည်း​ဖြစ်​ကြောင်း​ ​သိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here