ထိုင်း​နိုင်ငံ​ရေး​​သ​မား​ ​အ​ပါ​အဝင်​ ​၇​ ဦး​အား​ ​က​မ္ဘော​ဒီ​ယား​​​အ​စိုး​ရ​ ​ဖမ်း​ဆီး​​ထား

alt

က​မ္ဘော​ဒီး​ယား​ ​အ​စိုး​ရ​သည်​ ​ထိုင်း​မှ​ ​နိုင်ငံ​ရေး​သမား​ ​တစ်ဦး​အ​ပါ​အ​ဝင် ​လူ​ ​၇​ ဦး​အား​ ​တ​ရား​မ​ဝင် ​နယ်​စပ်​ဖြတ်​ကျော်​ ​ဝင်ရောက်​မှု​ဖြင့်​ ​ဖမ်း​ဆီး​ထား​လိုက်​သည်​။​ ​

ထို​လုပ်​ရပ်​သည်​ ​နယ်​စပ်​ဒေ​သ​ရှိ​ ​ရှေး​အ​ မွေ​အ​နှစ်​ ​ဘု​ရား​ကျောင်း​တော်​ရာ​ ​တစ်​ခု​ကို​ ​အ​ပြိုင်​လု​နေ​သည့်​ ​နှစ်​နိုင်ငံ​ကြား​ ​တင်း​မာ​မှု​ကို​ ​ပို​မို​မြင့်​တက်​လာ​စေ​ခဲ့​သည်​။​ ​ထိုင်း​နိုင်ငံ​၏​ ​လက်​ရှိ​အာ​ဏာ​ရ​ ​ဒီ​မို​က​ရက်​ပါ​တီ​မှ​ ဥ​ပ​ဒေ​ပ​ညာ​ရှင်​ ​တစ်ဦး​ဖြစ်​သူ​ ​ပင်း​နစ်​ဗစ်​တီ​ဆက်​နှင့်​ ​အ​စိုး​ရ​ကို​ ​ထောက်​ခံ​သော​ ​ရှပ်​ဝါ​အင်​အား​စု​ ​အ​ဖွဲ့​ဝင်အ​ချို့​အ​ပြင်​ ​သ​တင်း​ထော​က်​များ​သည်​ ​ထိုင်း​အ​ရှေ့​ပိုင်း​ ​နယ်​စပ်​ဒေ​သ​ ​ဆာ​ကို​အေး​အ​နီး​တွင်​ ​အ​ဖမ်း​ခံ​ရ​ခြင်း​ဖြစ်​သည်​။​ ​

သို့​သော်​လည်း​ ​ထိုင်း​အ​စိုး​ရ​က​ ​က​မ္ဘော​ဒီး​ယား​ ​ နယ်​ခြား​စောင့်​တပ်​သည်​ ​ဗက်​တီ​ဆက်​တို့​အား​ ​ထိုင်း​နယ်​နိမိတ်​အ​တွင်း​ ​ဝင်ရောက်​ဖမ်း​ဆီး​သွား​ကြောင်း​ ​ပြော​ကြား​ထား​သည်​။​ ​က​မ္ဘော​ဒီး​ယား​ ​အ​စိုး​ရ​က​မူ​ ​ယင်း​တို့​၏​ ​လုပ်​ရပ်​တွင်​ ​အ​မှား​အ​ယွင်း​မ​ရှိ​ဟု​ ​အ​ခိုင်​အ​မာ​ဆို​ သည်​။​ ​ဒီ​ဇင်​ဘာ​ ​၂၉ ​ရက်​နေ့​ ​ဖမ်း​ဆီး​မှု​နှင့်​ ​ပ​တ်​သက်​ပြီး​ ​က​မ္ဘော​ဒီး​ယား​ ဝန်​ကြီး​ချုပ်​ ​ဟန်​ဆန်း​က​ ​ထိုင်း​နိုင်ငံ​ ​ဝန်​ကြီး​ချုပ်​ ​အ​ဘီ​ဆစ်​ ​ဗီ​ဂျာ​ဂျီ​ဗာ​သည်​ ​က​မ္ဘော​ဒီး​ယား​နိုင်ငံ​၏​ ​စည်း​မျဥ်း​များ​ကို​ ​နား​လည်​သ​ဘော​ပေါက်​မည်​ဟု​ ​မျှော်​လင့်​ကြောင်း​ ​ပြော​ဆို​ခဲ့​သည်​။​

ထိုင်း​နှင့်​ ​က​မ္ဘော​ဒီး​ယား​တို့​သည်​ UNESCO​ အ​ဖွဲ့​က​ ​က​မ္ဘာ့​ရှေး​ဟောင်း​ ​အ​မွေ​အ​နှစ်​အ​ဖြစ်​ ​အ​သိ​အ​မှတ်​ပြု​ထား​သော​ ​၁၁​ ​ရာ​စု​လက်​ရာ​ ​ပ​ရီ​ဗီ​ဟာ​ ​ဘု​ရား​ကျောင်း​ ​ပိုင်​ဆိုင်​ခွင့်​အ​တွက်​ ​ ၂၀၀၈​ ​ခု​နှစ်​၊​ ​ဇူ​လိုင်​လ​က​တည်း​က​ ​နယ်​စပ်​ဒေ​သ​တွင်​ ​ပ​ဋိ​ပ​က္ခ​များ​ ​ဖြစ်​ပွား​နေ​ခဲ့​ခြင်း​ဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here