ကလေးထုပ်ပိုးမည့် ခါးတောင်းကျိုက်စအတွင်း ဘလိတ်ဓား အပိုင်းအစများတွေ့ရှိခဲ့သဖြင့် တရုတ်လင်မယား တုန်လှုပ်

alt

တ​ရုတ်​နိုင်ငံ​မှ​​ ​လင်​မ​ယား​ ​နှစ်ဦး​သည်​ ၎င်း​တို့​၏​ ​က​လေးငယ်​အား​​ ​ထုပ်​ပိုး​မည့်​ က​လေး​ခါး​တောင်း​ကျိုက်​စ​အ​တွင်း​​ ​ဘ​လိတ်​ဓား​ ​အ​ပိုင်း​အ​စ​ ​၅​ ​ခုကို​ ​တွေ့​ရှိ​ခဲ့​သ​ဖြင့်​ ​အ​ထူး​တုန်​လှုပ်​ခြောက်​ခြား​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​

နို​ဝင်​ဘာ​ ​၃​ ​ရက်​နေ့​က​ ​၃၈​ ​ရက်​သား​ ​က​လေးငယ်​သည်​ ငို​ကြွေး​ကာ​ ​အ​ဆို​ပါ​ ​အ​ဝတ်​စ​မှ​ ​အ​တင်း​ရုန်း​ကန်​နေ​သ​ဖြင့်​ ​မိ​ခင်​ဖြစ်​သူ​က​ ​မ​သ​င်္ကာ​ဖြစ်​ကာ​ ​အ​ဝတ်​စ​ကို​ ​စစ်​ဆေး​ခဲ့​ရာ​ ​မာ​ကျော​သော​ ​အ​ရာ​အ​ချို့​ကို​ ​ စမ်း​သပ်​မိ​ခဲ့​သည်​။​ ​က​လေး​၏​ ​ဖ​ခင်​ဖြစ်​သူ​ ​လာ​အူ​ပန်​က​ ​အ​ဝတ်​စ​အား​ ​ဆွဲ​စုတ်​ခဲ့​ရာ​ သံ​ချေး​တက်​နေ​သည့်​ ​ဓား​သွား​အ​ပိုင်း​အ​စ​များ​ကို​ ​တွေ့​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။​ က​လေးငယ်​၏​ ​ပေါင်​ရင်း​တ​ဝိုက်​တွင်​ ​နီ​ပြီး​ရောင်​ရမ်း​နေ​သော်​ လည်း​ ​နှစ်​ရက်​အ​ကြာ​တွင်​မူ​ ​ဒဏ်​ရာ​များ​ ​သက်​သာ​ပျောက်​ကင်း​သွား​ခဲ့​သည်​။​ ​

လာ​အူက​ ၎င်း​သည်​ ​က​လေး​ခါး​တောင်း​ကျိုက်​စ​ ​၄၈​ ​ခု​ ​ပါ​ဝင်​သော​ Package​ အား​ ​ယွမ်​ငွေ​ ​၃၀​ ​ဖြင့်​ ​ဝယ်​ယူ​လာ​ခြင်း​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​ ​ယ​ ခု​အ​ခါ​ ​ထို​ဆိုင်​အား​ ​နစ်​နာ​ကြေး​အ​ဖြစ်​ ​ယွမ်​ငွေ​တစ်​သောင်း​ ​ပြန်​လည်​ပေး​ချေ​ရန်​ ​လာ​အူ​က​ ​တောင်း​ဆို​ထား​သည်​။​ ကု​မ္ပ​ဏီ​က​ ​အ​စ​ပိုင်း​တွင်​ ​ငြင်း​ဆို​ခဲ့​သော်​လည်း​ ​နောက်​ပိုင်း​တွင်​ ​အ​ဝတ်​စ​ ​ဖြတ်​တောက်​စဥ်​က​ ​ဓား​သွား​များ​ ၎င်း​တို့​၏​ ​ပေါ့​ဆ​မှု​ကြောင့်​ ​အ​ဝတ်​စ​အ​တွင်း​ ​ပါ​သွား​ခြင်း​ဖြစ်​ကြောင်း​ ​ဝန်​ခံ​ခဲ့​သည်​။​ ​ယ​ခု​အ​ခါ​ ​ကု​မ္ပ​ဏီ​သည်​ ​လာ​အူ​တို့​ ​မိ​သား​စု​အား​ ​လျော်​ကြေး​ပေး​ရန်​ ​ညှိ​နှိုင်း​မှု​များ​ ​ပြု​လုပ်​နေ​ဆဲ​ဟု​ ​သိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here