​ဟေတီမှ မိဘမဲ့​​ကလေးငယ်များ ပြင်သစ်​နိုင်ငံသို့ ရောက်ရှိ

alt

ပြင်​သစ်​အ​စိုး​ရ​၏​​ ​အ​ကူ​အ​ညီ​ဖြင့်​ ​ဟေ​တီ​မှ​​ ​ခေါ်​ဆောင်​လာ​သည့်​ ​မိ​ဘ​မဲ့​​ ​က​လေးငယ်​ ​၁၁၄​ ဦး​ကို​​ ​တင်​ဆောင်​လာ​သည့်​ ​လေ​ယာဥ်​သည်​​ ​ယ​ခု​သီ​တင်း​ပါတ်​အ​တွင်း​​ ​ပဲ​ရစ်​သို့​ ​ဆိုက်​ရောက်​ခဲ့​ကြောင်း​​ ​သိ​ရ​ သည်​။​

​ဒီ​ဇင်​ဘာ​​ ​၂၂​ ​ရက်​နေ့​က​ ​ပို့​အူ​ပ​ရင့်​မှ​ ​ပျံ​သန်း​လာ​သော​ ​လေ​ယာဥ်​သည်​ ​ပြင်​သစ်​သို့​ ​ရောက်​ရှိ​လာ​ပြီး​နောက်​ ​က​လေးငယ်​များ​အ​နေ​နှင့်​ ဥ​ရော​ပ​ဓ​လေ့​ ​ခ​ရစ်​စ​မတ်​ပွဲ​တော်​ကို​ ​ပ​ထ​မ​ဆုံး​အ​ကြိမ်​အ​ဖြစ်​ ​လေ့​လာ​ခွင့်​ ​ရ​မည်​ ဖြစ်​သည်​။​ ဇန်​န​ဝါ​ရီ​လ​ ​၁၂​ ​ရက်​နေ့​က​ ​ဟေ​တီ​တွင်​ ​အင်​အား​ပြင်း​ထန်​သော​ င​လျင်​ကြီး​တစ်​ခု​ ​လှုပ်​ရှား​သွား​ပြီး​ ​လူ​ပေါင်း​ ​နှစ်​သိန်း​ခွဲ​ကျော်​ ​သေ​ဆုံး​ခဲ့​ရ​သည့်​ ​ဖြစ်​ရပ်​ဆိုး​ကြီး​အ​တွင်း​ ​မိ​ဘ​မဲ့​ ​ဖြစ်​ခဲ့​ရ​သည့်​ ​က​လေး​များ​ကို​ ​မွေး​ စား​ရန်​ ​အ​စီ​အ​စဥ်​ကို​ ​ပြင်​သစ်​အ​စိုး​ရ​က​ ​စီ​စဥ်​ပေး​ခဲ့​သည်​။​

​ပြင်​သစ်​ရှိ​ ​စုံ​တွဲ​များ​သည်​ ​ဟေ​တီ​မှ​ ​က​လေးငယ်​ ​၃၁၈​ ဦး​ကို​ ​မွေး​စား​ရန်​ ​ဆ​န္ဒ​ပြု​ထား​ကြ​သည်​။​ ​ဟေ​တီ​တွင်​ ​မ​ကြာ​သေး​မီ​က​ ​လူ​ပေါင်း​ ​၂၅၀၀​ ​ကျော်​ ​သေ​ဆုံး​ခဲ့​သည့်​ ​ ကာ​လ​ဝမ်း​ရော​ဂါ​ ​ကပ်​ဆိုး​ကြီး​နှင့်​ ​ထပ်​မံ​ကြံု​ရ​သော်​လည်း​ ​က​လေး​များ​၏​ ​ကျန်း​မာ​ရေး​မှာ​ ​ကောင်း​မွန်​ကြောင်း​ ​အ​စီ​အ​စဥ်​ကို​ ​ကြီး​ကြပ်​ပေး​သူ​ ​ပက်​ထ​ရစ်​ဒေါက်​က​ AFP ​သ​တင်း​ဌာ​န​သို့​ ​ပြော​ကြား​ခဲ့​သည်​။​ ကာ​ရေ​ဘီ​ယန်​ ​ ပင်​လယ်​အ​တွင်း​ရှိ​ ​ကျွန်း​နိုင်ငံ​တွင်​ ​မိ​ဘ​မဲ့​ ​က​လေး​များ​စွာ​ ​ကျန်​နေ​ခဲ့​ရာ​ ​အ​ချို့​သော​ ​နိုင်ငံ​များ​က​လည်း​ ​ယင်း​တို့​ကို​ ​ခေါ်​ယူ​မွေး​စား​လို​သည့်​ ​မိ​သား​စု​များ​နှင့်​ ​ဆက်သွယ်​ပေး​လျက်​ရှိ​သည်​။​

ပြင်​သစ်​နိုင်ငံ​သည်​ ​ဟေ​တီင​လျင်​ ဆိုင်​ရာ​ ​ဒု​က္ခ​သည်​များ​ ​ကူ​ညီ​ထောက်​ပံ့​ရေး​တွင်​ ​ရှေ့​တန်း​မှ​ ​ပါ​ဝင်​ဆောင်​ရွက်​ခဲ့​သော်​လည်း​ ​ပြည်​သူ​များ​က​ ​အ​စိုး​ရ​သည်​ ​က​လေး​များ​ ​မွေး​စား​ရေးအ​တွက်​ ​လုပ်​ဆောင်​ချက်​တွင်​ ​အ​လွန်​နှောင့်​နှေး​နေ​ကြောင်း​ ​ပြစ်​တင်​မှု​များ​ ​ ရှိ​နေ​ကြောင်း​ ​သိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here