James Bond မင်းသား ဒန်နီရယ်ကရိတ်နှင့် မင်းသမီး ရေချယ်ဝ​စ်တို့ ချစ်သူများဖြစ်နေပြီဟုဆို

alt

ဟော​လီး​ဝုဒ်​တွင်​​ ​နာ​မည်​ကြီး​ ​စုံ​တွဲ​သစ်​တစ်​တွဲ​​ ​တိုး​လာ​တော့​မည်​ဟု​​ ​သ​တင်း​များ​က​ဆို​သည်​။​ James​ Bond​ မင်း​သား​ ​ဒင်​နီ​ရယ်​ က​ရိတ်နှင့်​ ​မင်း​သ​မီး​ ​ရေ​ချယ်​ဝစ်​တို့​မှာ​ ​ယ​ခုအ​ခါ​ ​ချစ်​သူ​များ​ ​ဖြစ်​နေ​ပြီ​ဟု​ ​ဗြိ​တိန်​ထုတ်​ News​ of​ the​ World ​က​ ​ဖော်​ပြ​ခဲ့​သည်​။​

​ယင်း​သ​တင်း​စာ​က​ ​ခ​ရစ္စ​မတ်​ ​ကာ​လ​တွင်​ ​လက်​ချင်း​ယှက်​ကာ​ ​ပျော်​ရွှင်​နေ​သော​ ​စုံ​တွဲ​၏​ ​ပုံများ​ကို​ ​အ​သား​ပေး​ ​ဖော်​ပြ​ခဲ့​ရာ​မှ​ ​ယ​ခု​သ​တင်း​ ​ပျံ့​နှံ့​လာ​သည်​။​ ​သို့​သော်​လည်း​ က​ရိတ်​ရော​၊​ ဝစ်​က​ပါ​ ​သ​တင်း​များ​ကို​ ​အ​တည်​ပြု​ခြင်း​၊​ ​ငြင်း​ဆန်​ခြင်း​ ​မ​ရှိ​သေး​ချေ​။​ ​ဝစ်​သည်​ ​မ​ကြာ​သေး​မီ​က​မှ​ ​သူ​မ​၏​ ​စေ့​စပ်​ထား​သော​ ​ချစ်​သူ​ ​ဒါ​ရိုက်​တာ​ ​ဒါ​ရင်​ ​အာ​ရွန်​နော့​စ​ကီး​နှင့်​ ​လမ်း​ခွဲ​ခဲ့​သည်​။​ ​

က​ရိတ်​မှာ​လည်း​ ​ပ​ရို​ဂျူ​ဆာ​ ​ဆက်​ဆူ​ကီ​မစ်​ချယ်​နှင့်​ ​ချစ်​သူ​ဖြစ်​နေ​သည့်​တိုင်​ ​မ​ကြာ​သေး​မီ​က​စ​ပြီး​ ​ယင်း​တို့​နှစ်ဦး​ ​လမ်း​ခွဲ​မှု​ ​သ​တင်း​များ​ ​ကြီး​ကြီး​မားမား​ ​ထွက်​ပေါ်​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​ကာ​ယ​ကံ​ရှင်​များ​က​မူ​ ​တ​စုံ​တ​ရာ​ ​မ​ကြေ​ညာ​ခဲ့​ချေ​။​ Mummy ​မင်း​သ​မီး​ ​ဝစ်​သည်​ Dream​ House ​ဇာတ်​ကား​တွင်​ ​က​ရိတ်​နှင့်​ ​တွဲ​ဖက်​သ​ရုပ်​ဆောင်​ပြီး​နောက်​ ​ယင်း​တို့​နှစ်ဦး​ကြား​ ​ဆက်​ဆံ​ရေး​မှာ​ ​ပို​မို​တိုး​တက်​ ​ခိုင်​မာ​လာ​ခဲ့​သည်​။​

​ခ​ရ​စ္စ​မတ်​ ​အ​ကြို​နေ့​က​ ​ယင်း​တို့​နှစ်ဦး​အား​ ​တွဲ​လျက်​တွေ့​ရှိ​ခဲ့​သူ​ ​တစ်ဦး​က​ ​က​ရိတ်​တို့​စုံ​တွဲ​မှာ​ ​အ​လွန်​ပျော်​ရွှင်​နေ​ဟန်​ရှိ​ပြီး​ ​တစ်ဦး​ကို​တစ်ဦး​ ​ကျီ​စယ်​နောက်​ပြောင်​နေ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here