ဇနီးသည်အား သနားညှာတာသဖြင့် သတ်ပစ်လိုက်ရသည့် အဖိုးအို

alt

မိမိ​၏​ ​ဇ​နီး​အား​​ ​သ​နား​ညှာ​တာ​သ​ဖြင့်​​ ​သတ်​ပစ်​လိုက်​ရ​ကြောင်း​​ ​အ​သက်​ ​၈၃​ ​နှစ်​အ​ရွယ်​​ ​အ​ဖိုး​အို​တစ်ဦး​က​​ ​ဖွင့်​ဟ​ပြော​ကြား​ခဲ့​သည်​။​​ ​ထိုင်​ဝမ်​နိုင်ငံ​၊​​ ​ထိုင်​ပေ​မြို့​တွင်​​ ​နေ​ထိုင်သည့်​ ​ဝမ်​ချီ​ဆီ​သည်​ ​ယင်း​၏​ ​အ​သက်​ ​၈၀​ ​အ​ရွယ်​ ​ဇ​နီး​သည်​ ​ဆွန်​ယွန်​ပင်​အား​ ​ဒီ​ဇင်​ဘာ​ ​၂၆​ ​ရက်​နေ့​က​ ​နေ​အိမ်​တွင်​ပင်​ ​အ​ဆုံး​စီ​ရင်​ခဲ့​သည်​။

​ ​ဝမ်​သည်​ ​ပါ​ကင်​ဆန်​ရော​ဂါ​ ​ခံ​စား​နေ​ရ​ရှာ​သူ​ ​တစ်ဦး​ဖြစ်​သည်​။​ ​ထိုင်​ပေ​ရဲ​တပ်​ဖွဲ့​က​ ​ဖမ်း​ဆီး​စစ်​ဆေး​မှု​ ​ခံ​နေ​ရ​သည့်​ ​ဝမ်​က​ ​မိ​မိ​အ​နေ​နှင့်​ ​ဇ​နီး​သည်​အ​တွက်​ ​ယင်း​မှ​လွဲ​ပြီး​ ​အ​ခြား​လုပ်​ပေး​နိုင်​သည့်​အ​ရာ​ ​မ​ရှိ​တော့​ဟု​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား​ခဲ့သည်​။​ ​ဝမ်​သည်​ ​ဇ​နီး​အား​ ​လို​သည်​ထက်​ပို​ပြီး​ ​အိပ်​ဆေး​များ​ကျွေး​ကာ​ ​သူ​မ​အိပ်​ပျော်​သွား​ချိန်​တွင်​ ဦး​ခေါင်း​ခွံ​ကို​ ​ဝက်​အူ​လှည့်​တစ်​ချောင်း​ထောက်​ပြီး​ ​တူ​နှင့်​ရိုက်​သွင်း​ကာ​ ​သတ်​ပစ်​ခဲ့​သည်​။​ ​ထို့​နောက်​ ၎င်း​သည်​ ​ကိုယ်​တိုင်​ပင်​ ​ရဲ​တပ်​ဖွဲ့​ထံ​ ​အ​ဖမ်း​ခံ​ကာ​ ​ဇ​နီး​သည်​၏​ ​ဝေ​ဒ​နာ​အ​တွက်​ ​လွတ်​မြောက်​မှု​ကို​ ​ဖန်​တီး​ပေး​ခဲ့​ကြောင်း​ ​ထွက်​ဆို​ခဲ့​သည်​။​ ​

ဝမ်​သည်​ ​ဇ​နီး​၏​ ​ရော​ဂါ​နှင့်​ ​ပတ်​သက်​ပြီး​ Blog​ တွင်​ ​အ​စဥ်​တ​စိုက်​ ​ရေး​သား​ခဲ့​ပြီး​ ​သူ​မ​အ​နေ​နှင့်​ ၎င်း​မ​တိုင်​မီ​ ​သေ​ဆုံး​သွား​လျင်​ ​ပို​ကံ​ကောင်း​မည်​ ​ဒီ​ဇင်​ဘာ​ ​၅​ ​ရက်​နေ့​က​ ​ရေး​သား​ခဲ့​သေး​သည်​။​ ​ထို​နေ့​က​ ​လို​အပ်​လျင်​ ​ဇ​နီး​၏​ ဦး​ခေါင်း​ကို​ ​ဖောက်​ပစ်​ရန်​ ​လျှပ်​စစ်​လွှ​ကို​ပင်​ ​အ​သုံး​ပြု​သင့်​ကြောင်း​လ​ည်း​ ​ထည့်​သွင်း​ရေး​သား​ခဲ့​သည်​။​

Euthanasia​ ခေါ်​ ​မျှော်​လင့်​ချက်​ ​မ​ရှိ​သူ​များ​အား​ ​ငြင်​သာ​သော​ ​နည်း​လမ်း​ဖြင့်​ ​အ​ဆုံး​စီ​ရင်​ပေး​ခြင်း​သည်​ ​ထိုင်​ဝမ်​တွင်​ ​တ​ရားဝင်​ ​ခွင့်​ပြု​ခြင်း​ ​မ​ရှိ​သေး​ချေ​။​ ​သို့​သော်​လည်း​ ယင်း​နှင့်​ပတ်​သက်​ပြီး​ ဥ​ပ​ဒေ​ ​မူ​ကြမ်း​မှာ​မူ​ ​ဇွန်​လ​အ​တွင်း​က​ ​တင်​သွင်း​ထား​ပြီး​ဖြစ်​ကြောင်း​လည်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here