အသက် ရ၅ နှစ်အရွယ် တရုတ်အမျိုးသားကြီးက အသက် ၂၀ ကျော်ဇနီး အလိုရှိကြောင်း ကြေညာ

alt

တရုတ်​နိုင်ငံ​မှ​​ ​အ​သက်​ ​၇၅​ ​နှစ်​အ​ရွယ်​​ ​အ​မျိုး​သား​ ​ကြီး​တစ်ဦး​သည်​​ ​အ​သက်​ ​၂၀​ ​ကျော်​အ​ရွယ်​​ ​ဇ​နီး​တစ်ဦး​ ​လို​ချင်​ကြောင်း​​ ​မီ​ဒီ​ယာ​များ​မှ​တ​ဆင့်​​ ​ကြေ​ညာ​ထား​ကြောင်း​ ​သိ​ရ​သည်​။​ ​

အ​ငြိမ်း​စား​ ​အင်​ဂျင်​နီ​ယာ​ ​တစ်ဦး​ဖြစ်​သူ​ ​ဆွန်​တီ​ယန်​မင်​က​ ​ချံု​ကင်း​အီး​ဗ​နင်း​ ​သ​တင်း​စာ​သို့​ ​ပြော​ကြား​ခဲ့​ရာ​တွင်​ ၎င်း​သည်​ ​ဇ​နီး​တစ်ဦး​ ​အ​လို​ရှိ​နေ​ကြောင်း​၊​ ​သူ​မ​သည်​ ​အ​သက်​ ​၄၅​ ​နှစ်​ထက်​ ​မ​ကြီး​ရန်​နှင့်​ ​အ​သက်​ ​၂၀​ ​ကျော်​အ​ရွယ်​ဆို​လျင်​ ​အ​ဆင်​အ​ပြေ​ဆုံး​ဟု​ ​သတ်​မှတ်​ထား​ကြောင်း​ ​ပါ​ရှိ​သည်​။​ ​ဖ​ရန်​က​လင်​ ​ယန်​ချန်​နင်း​သည်​ ​အ​သက်​ ​၈၂​ ​နှစ်​အ​ရွယ်​တွင်​ ​၂၈​ ​နှစ်​ရှိ​ ​ဇ​နီး​တစ်ဦး​ကို​ ​ရ​ခဲ့​ကြောင်း​၊​ ​မိ​မိ​လည်း​ ​ထို​ကဲ့​သို့​ ​မ​ယားငယ်ငယ်​ ​မ​ရ​နိုင်​စ​ရာ​မ​ရှိ​ကြောင်း​ ​ဆွန်​က​ဆို​သည်​။​ ​

ယန်​ချန်​နင်း​သည်​ ​ရူ​ပ​ဗေ​ဒ​ဆိုင်​ရာ​ ​နို​ဘယ်​ဆု​ရှင်​တစ်ဦး​ဖြစ်​ပြီး​ ၎င်း​ထက်​ ​အ​သက်​များ​စွာငယ်​သည့်​ ​ဝမ်​ဖန်​နှင့်​ ​၂၀၀၅​ ​ခု​နှစ်​က​ ​လက်​ထပ်​ခဲ့​သည်​။​ ​ချံု​ကင်း​တွင်​ ​နေ​ထိုင်​သည့်​ ​ချန်​သည်​ ​ချံု​ကင်း​တ​က္က​သိုလ်​မှ​ ​၁၉၄၉​ ​ခု​နှစ်​တွင်​ ​ဘွဲ့​ရ​ခဲ့​သ​ည်​။​ ၎င်း​သည်​ ​သံ​နှင့်​သံ​မ​ဏိ​လုပ်ငန်း​ ​အင်​ဂျင်​နီ​ယာ​အ​ဖြစ်​ ​လုပ်​ကိုင်​ခဲ့​ပြီး​ ​၁၉၈၈​ ​ခု​နှစ်​က​ ​အ​ငြိမ်း​စား​ ​ယူ​ခဲ့​သည်​။​ ​ချန်​က​ ၎င်း​လက်​ထပ်​လို​သော​ ​အ​မျိုး​သ​မီး​သည်​ ​ကျန်း​မာပြီး​ ​ပ​ညာ​အ​ရည်​အ​ချင်း​ ​မြင့်​မား​ရ​မည်​ဖြစ်​ကြောင်း​၊​ ​အ​ကယ်၍​ ​ယ​ခင်​အိမ်​ထောင်​ ​ရှိ​ခဲ့​သည်​ ​ဆို​ပါ​က​လည်း​ ​သား​သ​မီး​များ​သည်​ ​သူ​မ​နှင့်​အ​တူ​ ​လိုက်​မ​နေ​ရန်​ ​လို​အပ်​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ချန်​သည်​ ​တစ်​လ​လျင်​ ​ပင်​စင်​လ​ခ​ ​ယွမ်​ ​၃၀၀၀​ ​မျှ​ ​ပုံ​မှန်​ခံ​စား​နေ​ရ​သူ​ဖြစ်​သည်​။​

​ဆွန်​က​ ၎င်း​သည်​ ​၁၉၉၈​ ​ခု​နှစ်​က​ ​ဇ​နီး​နှင့်​ ​ကွာ​ရှင်း​ခဲ့​သည့်​နောက်​ အိမ်​ထောင်​ပြု​ရန်​ ​မ​စဥ်း​စား​ခဲ့​ဟု​ဆို​သည်​။​ ​ဆွန်​က​ ​ဇ​နီး​နှင့်​ ​ကွာ​ရှင်း​ခဲ့​ခြင်း​သည်​ ​က​ပွဲ​များ​သို့​ ​သွား​နေ​ရင်း​ ​အ​ချိန်​ကုန်​ကာ​ ​အ​ရက်​လည်း​ ​သောက်​သ​ဖြင့်​ ၎င်း​အ​နေ​နှင့်​ ​သည်း​မ​ခံ​နိုင်​ကြောင်း​လည်း​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here