မလေးရှား​တက္ကသိုလ်​ကျောင်းသားများမှာ အကြမ်းဖက်​အဖွဲ့၏ တပ်သား​သစ်များ ဖြစ်လာနေ

alt

မ​လေး​ရှား​​ ​နိုင်ငံ​တွင်း​ရှိ​ တ​က္က​သိုလ်​ကျောင်း​သား​များ​သည်​​ ​အ​ကြမ်း​ဖက်​ ​အ​ဖွဲ့​အ​စည်း​များ​၏​​ ​တပ်​သား​သစ်​ ​စု​ဆောင်း​ရာ​​ ​ရင်း​မြစ်​များ​ ​ဖြစ်​လာ​နေ​ကြောင်း​​ ​သိ​ရ​သည်​။​

အစ္စလာမ် ဘာ​သာ​ရေး​ကို​ ​အ​ဓိ​က​ ​ကိုး​ကွယ်​သည့်​ ​နိုင်ငံ​တစ်​ခု​ဖြစ်​သော​ ​မ​လေး​ရှား​တွင်​ ​အ​စွန်း​ရောက်​များ​က​ ​ဂျီ​ဟတ်​ခေါ်​ ​မြင့်​မြတ်​သော​ ​ဘာ​သာ​ရေး​စစ်​ပွဲ​ကို​ ​ဆင်​နွှဲ​ရန်​ဆို​ကာ​ ပ​ညာတတ်​ ​လူငယ်​များ​ကို​ ​ဝါ​ဒ​မှိုင်း​တိုက်​ ​စည်း​ရုံး​မှု​များ​ ​ရှိ​လာ​ကြောင်း​ ​မ​လေး​ရှား​ ​အ​စ္စ​လာမ်​မစ်​ ​လေ့​ကျင့်​ရေး​စင်​တာ​ ​အ​ကြီး​အ​ကဲ​ ​ဇာ​မီ​ဟန်​မတ်​ဇင်း​က​ဆို​သည်​။​ ​

အ​ကြမ်း​ဖက်​ အ​ဖွဲ့​အ​စည်း​များ​သည်​ ​လက်​တံ​​ရှည်​ရှည်​ဖြင့်​ ​သိမ်း​သွင်း​​လှုပ်​ရှား​လာ​ကြောင်း​ ​ဇာ​မီ​ဟန်​က​ ​မှတ်​ချက်​ပြု​ခဲ့​သည်​။​ ​ဇာ​မီ​ဟန်​သည်​ ​အ​စိုး​ရ​က​ ​အ​ကြမ်း​ဖက်​သ​မား​​အ​ဖြစ်​ ​မ​သ​င်္ကာ​သော​ကြောင့်​ ​ဖမ်း​ဆီး​ထိန်း​သိမ်း​ထား​သူ​များ​ကို​ ​ပြန်​လည်​​ထူ​ထောင်​ပေး​ရာ​တွင်​ ​ပါ​ဝင်​သည့်​ ​အစ္စလာမ် ​ဘာ​သာ​ရေး​ ​ခေါင်း​ဆောင်​တစ်ဦး​​ဖြစ်​သည်​။​ ဇာ​မီ​ဟန်​က​ ပြီး​ခဲ့​သည့်​ ​နှစ်​ပိုင်း​အ​တွင်း​ ​အ​ကြမ်း​ဖက်​ ​အ​ဖွဲ့​အ​စည်း​များ​က​ ​လူ​သစ်​တန်း​အ​ဖြစ်​ ​သိမ်း​သွင်း​ထား​သူ​ ​အ​နည်း​ဆုံး​ ​၉​ ဦး​ကို​ ​ဖမ်း​ဆီး​ရ​မိ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​အင်​ဂျင်​နီ​ယာ​ ​တစ်ဦး​ဖြစ်​သူ​ ​မို​ဟာ​မက်​ ​ဖာ​ဇီ​လာ​သည်​လည်း​ ​ပြည်​တွင်း​လုံ​ခြံု​ရေး​ ဥ​ပ​ဒေ​များ​အ​ရ​ ​မ​လေး​ရှား​ ​တ​က္က​သိုလ်​ ​ကျောင်း​သား​များ​ကို​ ​အ​ကြမ်း​ဖက်​မှု​အ​တွက်​ ​စည်း​ရုံး​ကြောင်း​ ​စွဲ​ချက်​တင်​ ​ထိန်း​သိမ်း​ခံ​ရ​သည်​။​ ထို့​အ​ပြင်​ ​နိုင်ငံ​တ​ကာ​ ​အ​ကြမ်း​ဖက်​ ​အ​ဖွဲ့​များ​သည်​ ​မ​လေး​ရှား​ကို​ ​ငွေ​ကြေး​အ​လွှဲ​အ​ပြောင်း​ ​ဗ​ဟို​ချက်​မ​ ​တစ်​ခု​အ​ဖြစ်​ ​သ​ဘော​ထား​ ​လုပ်​ဆောင်​နေ​ခြင်း​သည်​ ​အ​န္တ​ရာယ်​ ​အ​လွန်​ကြီး​ကြောင်း​လည်း​ ​ဇာ​မိ​ဟန်​က​ဆို​သည်​။​

​အ​မေ​ရိ​ကန်​ထောက်​လှမ်း​ရေး​ဌာ​န​ FBI ​မှ​ ​နိုင်ငံ​တ​ကာ​ ​အ​ကြမ်း​ဖက်​မှု​ ​စုံ​စမ်း​ရေး​ဌာ​န​ ​လက်​ထောက်​ဒါ​ရိုက်​တာ​ ​ဂျိုး​ဆက်​ဒီ​မာ​ရက်​က​ ​အ​ကြမ်း​ဖက်​သ​မား​များ​ ​ခြေ​ကုပ်​ယူ​ ​ဖြန့်​ကျက်​မှု​သည်​ ​အာ​ရှ​တိုက်​ ​တစ်​ခု​လုံး​ ​အ​တိုင်း​အ​တာ​ဖြင့်​ ​ကျယ်​ပြန့်​​လာ​ကြောင်း​ ​သုံး​သပ်​​ပြော​ဆို​​သွား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here