အိုင်ဗရီကို့စ်တွင် နိုင်ငံရေး​​ပါတီများက အထွေထွေ​​သပိတ်ကြီး​​တစ်ခု ဆင်နွှဲမည်

alt

အိုင်​ဗ​ရီ​ကို့စ်​နိုင်ငံ​ရှိ​​ ​နိုင်ငံ​ရေး​ ပါ​တီ​များ​က​​ ​ရွေး​ကောက်​ပွဲ​ ​အ​နိုင်​ရ​သူ​​ ​အ​လက်​ဆိန်း​ ​အော့​တာ​ရာ​အား​​ ​ထောက်​ခံ​ပြီး​ ​အ​ထွေ​ထွေ​သ​ပိတ်​ကြီး​တစ်​ခု​​ ​ဆင်​နွှဲ​ရန်​ ​သ​ဘော​တူ​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​ ​

လက်​ရှိ​သ​မ္မ​တ​ ​လော​ရင့်​ ​ဂျီ​ဘက်​ဘို​သည်​ ​နို​ဝင်​ဘာ​လ​က​ ​အော့​တာ​ရာ​ ​အ​နိုင်​ရ​ခဲ့​သည့်​ ​ရွေး​ကောက်​ပွဲ​ ​ရ​လဒ်​ကို​ ​အ​သိ​အ​မှတ်​မ​ပြု​ဘဲ​ ​အာ​ဏာ​လွှဲ​ပေး​ရန်​ ​ငြင်း​ဆန်​နေ​ခဲ့​သည်​။​ ​ဂျီ​ဘက်​ဘို​က​ ​ရွေး​ကောက်​ပွဲ​ ​ကော်​မ​တီ​အ​နေ​နှင့်​ ​မဲ​လိမ်​မှု​များ​ ​ရှိ​နေ​သည်​ဟု​ ​ယူ​ဆ​ကာ​ ​ထည့်​သွင်း​ရေ​တွက်​ခြင်း​မ​ရှိ​သည့်​ ​မဲ​ဆ​န္ဒ​နယ်​များ​ကြောင့်​ ​မိ​မိ​နစ်​နာ​ခဲ့​ကြောင်း​ ​ပြော​ကြား​ထား​သည်​။​ ​

အ​မေ​ရိ​ကန်​ပြည်​ထောင်​စု​၊​ ဥ​ရော​ပ​ယူ​နီ​ယံ​နှင့်​ ​အာ​ဖ​ရိ​က​ယူ​နီ​ယံ​တို့​က​ ​ဂျီဘက်​ဘို​အား​ ​အာ​ဏာ​စွန့်​ရန်​ ​တိုက်​တွန်း​ထား​သော်​လည်း​ ၎င်း​က​ ​ငြင်းဆန်​နေ​ဆဲ​ဖြစ်​သည်​။​ ယ​ခု​အ​ခါ​ ​အိုင်​ဗ​ရီ​ကို့စ်​ရှိ​ ​နိုင်ငံ​ရေးပါ​တီ​များ​ ​စု​ပေါင်း​ပြီး​ ​ဂျီ​ဘက်​ဘို​အား​ ​အ​ထွေ​ထွေ​သ​ပိတ်​ ​ဆင်​နွှဲ​ရန်​ ​ပြင်​ဆင်​နေ​ပြီ​ဖြစ်​သည်​။​ ​အ​ဘစ်​ဂျန်​ ​မြို့​တော်​တွင်​ ​ကု​လ​သ​မ​ဂ္ဂ​ ​လုံ​ခြံု​ရေး​ ​တပ်​ဖွဲ့​များ​ ​အ​စောင့်​အ​ရှောက်​ဖြင့်​ ​နေ​ထိုင်​နေ​ဆဲ​ဖြစ်​သော​ ​အော့​တာ​ရာ​အား​ ​နိုင်ငံ​ရေး​ပါ​တီ​များ​က​ ​စု​ပေါင်း​ထောက်​ခံ​ခဲ့​သည်​။​ အိုင်​ဗ​ရီ​ကို့စ်​ ​စစ်​တပ်​သည်​ ​ဂျီ​ဘက်​ဘို​အား​ ​ထောက်​ခံ​ခြင်း​ ​မ​ပြု​သော်​လည်း​ ၎င်း​၏​ ​အာ​ဏာ​ကို​ ​ဆက်​လက်​သိမ်း​ပိုက်​ထား​မှု​အ​ပေါ်​ ​ဝင်​ရောက်​ပါ​ဝင်​ ​စွက်​ဖက်​ခြင်း​ ​မ​ရှိ​ချေ​။​ ​သို့​သော်​လည်း​ ​နိုင်ငံ​အ​တွင်း​ ​ပြည်​တွင်း​စစ်​ ​စ​တင်​ရန်​ ​အ​ခြေ​အ​နေ​များ​ ​ရှိ​နေ​ပြီး​ ​လူ​ပေါင်း​ ​၁၄၀၀၀​ ​ကျော်​တို့​သည်​ ​အိမ်​နီး​ချင်း​ ​လိုက်​ဘေး​ရီး​ယား​သို့​ ​ထွက်​ပြေး​ခို​လှုံ​ခဲ့​သည်​။​ ​

ရွေး​ကောက်​ပွဲ​အ​ပြီး​ ​နှစ်​ဖက်​အင်​အား​စု​များ​ကြား​ ​အ​ဓိ​က​ရုဏ်း​များ​ ​ဖြစ်​ပေါ်​ခဲ့​ရာ​ ​၁၇၃​ ဦး​ထက်​မ​နည်း​ ​သေ​ဆုံး​ကြောင်း​လည်း​ ​ကု​လ​သ​မ​ဂ္ဂ​က​ ​ကြေ​ညာ​သည်​။​ ​ဂျီ​ဘက်​ဘို​သည်​ ​အ​ဘစ်​ဂျန်​တွင်​ ​တပ်​စွဲ​ထား​သည့်​ ​ကု​လ​သ​မ​ဂ္ဂ​ ​ငြိမ်း​ချမ်း​ရေး​ ​ထိန်း​သိမ်း​မှု​ ​တပ်​ဖွဲ့​ဝင်​ ​တစ်​သောင်း​ကျော်​အား​ ​နိုင်ငံ​အ​တွင်း​မှ​ ​ထွက်​ခွာ​ရန်​ ​ဖိ​အား​ပေး​နေ​ပြီး​ ​ယင်း​သို့​မ​ဟုတ်​ပါ​က​ ​ငြိမ်း​ချမ်း​ရေး​ ​ထိန်း​သိမ်း​မှု​ ​တပ်​များ​ကို​ ​သူ​ပုန်​များ​အ​ဖြစ်​ ​သ​ဘော​ထား​ ​အ​ရေး​ယူ​သွား​မည်​ဟု​ ​ခြိမ်း​ခြောက်​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here