အစ္စရေးထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးသူအား အီရန်ကြိုးဒဏ်ချမှတ်လိုက်

alt

အ​စ္စ​ရေး​​ ​ထောက်​လှမ်း​ရေး​ ​မော့​ဆက်​အ​တွက်​ ​အ​လုပ်​လုပ်​ပေး​နေ​သည်​ဟု​ ​စွပ်​စွဲ​ခံ​ရ​သူ​တစ်ဦး​အား​ ​အီ​ရန်​က​ ​ကြိုး​ဒဏ်​ချ​မှတ်​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​လီ​အက်​က​ဘား​ ​ဆိုင်​ဒက်​သည်​ ​အီ​ရန်​၏​ ​ဒုံး​ကျည်​စီ​မံ​ကိန်း​အ​ပါ​အ​ဝင်​ ​

လျှို့​ဝှက်​အ​ချက်​အ​လက်​များ​ကို​ ​ခြောက်​နှစ်​ကျော်​မျှ​ ​အ​စ္စ​ရေး​ထံ​ ​ပေး​ပို့​နေ​သော​ ​သူ​လျှို​အ​ဖြစ်​ ​အီ​ရန်​က​ ​စွပ်​စွဲ​ခဲ့​သည်​။​ ​အီ​ရန်​အ​စိုး​ရ​ပိုင်​ IRNA​သ​တင်း​ဌာ​န​က​ ​ဒီ​ဇင်​ဘာ​ ​၂၈​ ​ရက်​နေ့​တွင်​ ​တ​ဟီ​ရန်​မြို့​ရှိ​ ​အီ​ဗင်​အ​ကျဥ်း​ထောင်​ကြီး​အ​တွင်း​ ​ဆိုင်​ဒက်​အား​ ​ကြိုး​ပေး​သတ်​လိုက်​ကြောင်း​ ​အ​စိုး​ရ​ ​အ​ရာ​ရှိ​များ​၏​ အ​ဆို​ကို​ ​ကိုး​ကား​ဖော်​ပြ​ခဲ့​သည်​။​ ​

ဆိုင်​ဒက်​သည်​ ​အ​စ္စ​ရေး​သံ​ရုံး​နှင့်​ ​အ​ချိတ်​အ​ဆက်​ ​ပြု​လုပ်​မှု​များ​ ​ရှိ​ခဲ့​ကြောင်း​ ​အီ​ရန်​အ​စိုး​ရ​က​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​ပြီး​နောက်​ ၎င်း​သည်​ ​အ​စ္စ​ရေး​ထံ​မှ​ ​ဒေါ်​လာ​ ​ခြောက်​သောင်း​ကျော်​ ​ရ​ယူ​ကာ​ ​သူ​လျှို​အ​ဖြစ်​ ​လုပ်​ဆောင်​ခဲ့​ကြောင်း​ ​စွပ်​စွဲ​ခဲ့​သည်​။​ လွန်​ခဲ့​သော​ ​၂​ ​နှစ်​က​တည်း​က​ ​အ​ဖမ်း​ခံ​ထား​ရ​သည့်​ ​ဆိုင်​ဒက်​အား​ ​ယ​ခု​အ​ခါ​ ​ကြို​တင်​သတ်​မှတ်​ထား​သည့်​ ​သေ​ဒဏ်​ကို​ ​အ​တည်​ပြု​ ​ချ​မှတ်​လိုက်​ခြင်း​ဖြစ်​သည်​။​ အီ​ရန်​သည်​ ​နျူ​က​လီး​ယား​လက်​နက်​ ​ပိုင်​ဆိုင်​ရေး​ ​ကြိုး​ပမ်း​လုပ်​ဆောင်​နေ​သည်​ဟူ​သော​ ​သ​တင်း​များ​ကြောင့်​ ​ဒေ​သ​တွင်း​ ​နိုင်ငံ​ရေး​ပြိုင်​ဖက်​ ​အ​စ္စ​ရေး​နှင့်​ ​အ​ကြီး​ကျယ်​ဆုံး​ ​ရန်​သူ​တော်​အ​ဖြစ်​ ​တည်​ရှိ​လာ​သည်​။

​ အီ​ရန်​သည်​ ​၂၀၀၉​ ​ခု​နှစ်​အ​တွင်း​ ​လူ​ပေါင်း​ ​၂၇၀​ ​ကို​ ​သေ​ဒဏ်​ချ​မှတ်​ခဲ့​ရာ​ ​က​မ္ဘာ​ပေါ်​တွင်​ ​သေ​ဒဏ်​ချ​မှတ်​မှု​ ​အ​မြင့်​ဆုံး ​နိုင်ငံ​တစ်​ခု​အ​ဖြစ်​ ​ရပ်​တည်​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here