​​​ခရစ်ဘရောင်းနှင့် ဂျက်စတင်ဘီဘာ သီချင်းအသစ်များ စီစဉ်

alt

ခ​ရစ်​ဘ​ရောင်း​နှင့်​​ ​ဂျက်​စ​တင်​ဘီ​ဘာ​တို့​​ ​တွဲ​ဖက်​ပြီး​ ​သီ​ချင်း​အ​သစ်​​ ​စီ​စဥ်​နေ​ကြောင်း​ ​သိ​ရသည်​။​ R&B ​ဂီ​တ​စ​တား​ ​ဘ​ရောင်း​က​ Twitter ​မှ​တ​ဆင့်​ ​အ​သက်​​ ​၁၆​ ​နှစ်​အ​ရွယ်​ Pop ​ဂီ​တ​ကြယ်​ပွင့်​နှင့်​အ​တူ​​ ​သီ​ချင်း​အ​သစ်​ ​အ​သံ​သွင်း​နေ​ကြောင်း​ ​ပ​ရိ​သတ်​အား​ ​အ​သိ​ပေး​ခဲ့​သည်​။​

​နှစ်​သစ်​ကူး​ကာ​လ​အ​လွန်​တွင်​ ​ယင်း​သီ​ချင်း​ကို​ ​ပ​ရိ​သတ်​နှင့်​ ​မိတ်​ဆက်​ပေး​သွား​နိုင်​ရန်​ ​မျှော်​လင့်​ကြောင်း​လည်း​ ​ဘ​ရောင်း​က​ဆို​သည်​။​ ​ဘီ​ဘာ​သည်​ ​ယ​ခင်​က​တည်း​က​ ​ဘ​ရောင်း​နှင့်​အ​တူ​တွဲ​ပြီး​ ​သီ​ချင်း​ဆို​ရန်​ ​စဥ်း​စား​ထား​ကြောင်း​ ​ပြော​ကြား​ခဲ့​ဖူး​သည်​။​ ​ဘ​ရောင်း​သည်​ ​ချစ်​သူ​ဟောင်း​ ​ရီ​ဟာ​နာ​အား​ ​ရိုက်​နှက်​မှု​ဖြင့်​ ​ပြည်​သူ့​အ​ကျိုး​ပြု​ ​လုပ်ငန်း​များ​ ​ခြောက်​လ​ကြာ​ ​ဆောင်​ရွက်​ရ​သည့်​ပြစ်ဒဏ်​ ​ကု​န်​ဆုံး​ပြီး​နောက်​ ​ဂီ​တ​ဖက်​တွင်​ ​ပို​မို​အာ​ရုံ​စိုက်​လာ​ခဲ့​သည်​။​ ​

ဘ​ရောင်း​က​ ၎င်း​အ​နေ​နှင့်​ ​ဘီ​ဘာ​နှင့်​တွဲ​ကာ​ ​အ​လုပ်​လုပ်​ရ​ခြင်း​ကို​ ​ပျော်​ရွှင်​ပြီး​ ​နှစ်ဦး​ပေါင်း​ ​သီ​ဆို​သည့်​ သီ​ချင်း​သည်​ ​ပ​ရိ​သတ်​ ​အ​ကြိုက်​တွေ့​မည်​ဟု​ ​မျှော်​လင့်​ကြောင်း​ Twitter​ တွင်​ ​ရေး​သား​ထား​သည်​။​ ​ထို့​အ​ပြင်​ ​ဘ​ရောင်း​၏​ ​နာ​မည်​ကျော်​သီ​ချင်း​ With​ You​ ကို​ပါ​ ​လွှင့်​တင်​ပေး​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here