ဇနီးသည်၏ တင်ပါးကို နင်းမိသူ ဩစတြေးလျသား ထောင်ကျ​မည့် အရေးကြုံ

alt

ဩစတြေးလျ​နိုင်ငံရှိ အမျိုးသား တစ်ဦးသည် ဇနီးသည်အား တင်ပါးကို နမ်းမိသဖြင့် ထောင်ကျ​မည့်အရေး ကြံုနေကြောင်း သိရသည်။ Mercury သတင်းစာက အသက် ၄၈ နှစ်​အရွယ် အလုပ်​လက်မဲ့ အမျိုးသား​သည် ၂၀၀၉ ခုနှစ်၊ ဇွန်လက

ဟိုးဘက်ရှိ ဇနီးသည်​အိမ်သို့ အလည်​သွားရောက်စဥ် အရက်​​မူးမူးနှင့် ယခုလို ပြုလုပ်ခြင်း​​ဖြစ်သည်။ အမည်​​ဖော်ပြခြင်း မရှိသော အမျိုးသားသည် အိပ်ရာပေါ် မှောက်အိပ်နေသည့် ဇနီးအား ပက်လက်​အနေအထား ပြောင်းပေးရန် နှစ်ကြိမ်​ပြောကြောင်း၊ သို့သော်လည်း အရက်​မူးနေသည့် ၎င်းအား ဇနီးသည်က ငြင်းဆိုသည့်​အခါ တင်ပါးကို နမ်းလိုက်ခြင်း​ဖြစ်ကြောင်း သိရသည်။

ဇနီးက စူးစူးဝါးဝါး အော်ဟစ်ရာ ယင်း​တို့၏ သားသမီးများက ပြေးဝင်​လာသဖြင့် ရှက်ကိုး​ရှက်ကန်း ဖြစ်သွားသော အမျိုးသားသည် အောက်တန်း​ကျသော စကားများ ပြောဆို​ခဲ့သည်။ ခုခံ​လျှောက်လှဲသူ အမျိုးသား၏ ရှေ့နေက ယခု​ကိစ္စတွင် ၎င်း၏ အမှုသည်မှာ ဇနီးသည်အား ချစ်တင်း​နှီးနှောရန် အစ​ပျိုးခြင်းသာ​ဖြစ်ကြောင်း မဲဘုန်း​တရားရုံးတွင် ပြောကြား​သွားသည်။ သို့သော်လည်း ဇနီးသည်က သူမတို့၏ ၂၁ နှစ်ကြာ အိမ်ထောင်ရေးမှာ ပြိုကွဲ​လုနီးနီး ဖြစ်နေပြီး သူမ​သည် ခင်ပွန်းသည်အား မကြည်ဖြူ​ကြောင်း ပြောဆို​ထားသည်။

ယင်းအမှုကို ဇန်နဝါရီ ၂၄ ရက်နေ့တွင် ဆက်လက်​ကြားနာမည်​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here