အီရတ်နိုင်ငံတွင် အသေခံဗုံးခွဲမှုကြောင့် လူ ၉ ဦးသေဆုံး

alt

အီ​ရတ်​နိုင်ငံ​တွင်​​ ​အ​သေ​ခံ​ ​ဗုံး​ခွဲ​မှု​​ ​နှစ်​ခု​အ​တွင်း​ ​လူ​​ ​၉​ ဦး​ထက်​မ​နည်း​ ​သေ​ဆုံး​သွား​ကြောင်း​​ ​သိ​ရ​သည်​။​ ​နိုင်ငံ​အ​နောက်​ပိုင်း​​ ​အန်​ဘာ​ခ​ရိုင်​၏​မြို့​တော်​​ ​ရာ​မာ​ဒီ​ရှိ​ ​အစိုး​ရ​ရုံး​များ​​ ​အ​ပြင်​တွင်​ ​ဖြစ်​ပွား​ခဲ့​သော​​ ​ဖောက်​ခွဲ​မှု​များ​ကြောင့်​ ​အ​နည်း​ဆုံး​ ​လူ​ ​၄၀​ ​ကျော်​ ​ဒဏ်​ရာ​ရ​ခဲ့​သည်​။

​ ​ဒီ​ဇင်​ဘာ​ ​၂၇​ ​ရက်​နေ့​ ​ဖောက်​ခွဲ​မှု​များ​အ​တွင်း​ ​သေ​ဆုံး​ခဲ့​သူ​များ​အ​နက်​ ​ရဲ​ဝန်​ထမ်း​ ​၅​ ဦး​လည်း​ ​ပါ​ဝင်​ပြီး​ ​ဒဏ်​ရာ​ရ​သူ​များ​တွင်​လည်း​ ​ရဲ​ ​၉​ ဦး​ ​ပါ​ဝင်​နေ​ကြောင်း​ ​ရာ​မာ​ဒီ​ ​ရဲ​တပ်​ဖွဲ့​က​ ​ကြေ​ညာ​သည်​။​ ​အ​သေ​ခံ​ ​ဗုံး​သ​မား​ ​တစ်ဦး​သည်​ ​ဖောက်​ခွဲ​ရေး​ ​ကိ​ရိ​ယာ​များ​ ​တင်​ဆောင်​လာ​သည့်​ ​ကား​တစ်​စင်း​ဖြင့်​ ​မြို့​လယ်​ရှိ​ ​အ​စိုး​ရ​ရုံး​ ​စစ်​ဆေး​ရေး​ ​စ​ခန်း​တစ်​ခု​ကို​ ​မောင်း​ဝင်​ ​ဖောက်​ခွဲ​လိုက်​ပြီး​နောက်​ ​မိ​နစ်​အ​နည်းငယ်​အ​တွင်း​ ​အ​နီး​ရှိ​ ​ဖောက်​ခွဲ​ရေး​သ​မား​တစ်ဦး​က​ ​အ​စိုး​ရ​ ​တ​ရား​ရုံး​တစ်​ခု​နှင့်​ ​ကပ်​လျက်​ရှိ​သော​ဘဏ်​ရှေ့​တွင်​ ​မိ​မိ​ကိုယ်​ကိုယ်​ ​ဖောက်​ခွဲ​ပစ်​လိုက်​သည်​။​

ရဲ​တပ်​ဖွဲ့​များ​က​ ​ယ​ခု​ဖောက်​ခွဲ​မှု​သည်​ ​အ​စွန်း​ရောက်​ ​ဆွန်​နီ​မွတ်​ဆ​လင်​ ​အာ​ရပ်​များ​နှင့်​ ​ဆက်​နွယ်​နေ​နိုင်​ကြောင်း​ ​သုံး​သပ်​ခဲ့​သည်​။​ ​အီ​ရတ်​တွင်​ ​အ​မေ​ရိ​ကန်တပ်​များ​ ​ရုတ်​သိမ်း​ပြီး​နောက်​ပိုင်း​ ​ဆွန်​နီ​နှင့်​ ​ယှီး​ရိုက်​တို့​ကြား​ ​အ​ပြန်​အ​လှန်​ ​လက်​စား​ချေ​ ​တိုက်​ခိုက်​မှု​သည်​ ​တ​စ​ထက်​တ​စ​ ​မြင့်​တက်​လာ​နေ​ကြောင်း​ ​သိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here