ပါကစ္စတန်​နယ်စပ်​ဒေသများသို့ စားနပ်​ရိက္ခာ​ထောက်ပံ့​နေမှုအား WFP ဆိုင်းငံ​ထား

alt

ကု​လ​သ​မ​ဂ္ဂ​​ ​အ​ဖွဲ့​ကြီး​၏​ ​လက်​အောက်​ခံ​ဖြစ်​သော​​ ​က​မ္ဘာ့ ​စား​နပ်​ရိ​က္ခာ​ ​အ​စီ​အ​စဥ်​အ​ဖွဲ့​ (WFP) ​သည်​ ​ပါ​က​စ္စ​တန်​ ​နယ်​စွန်​နယ်​ဖျား​ ​ဒေ​သ​များ​သို့​ ​စား​နပ်​ရိ​က္ခာ​ ​ ထောက်​ပံ့​မှု​ ​စီ​မံ​ကိန်း​အား​ ​ဆိုင်းငံ့​ထား​လိုက်​ပြီ​ဖြစ်​ကြောင်း​ ​ဒီ​ဇင်​ဘာ​ ​၂၇​ ​ရက်​နေ့​က​ ​အ​တည်​ပြု​ ​ကြေ​ညာ​ခဲ့​သည်​။​ ​

ခ​ရ​စ္စ​မတ်​နေ့​က​ ​ဘာ​ဂျား​တွင်​ ​အ​မျိုး​သ​မီး​ ​အ​သေ​ခံ​ ​ဗုံး​သ​မား​တစ်ဦး​ ​တိုက်​ခိုက်​မှု​ကြောင့်​ ​လူ​ပေါင်း​ ​၄၀​ ​ကျော်​ ​သေ​ဆုံး​သည့်​ ​ဖြစ်​စဥ်​ကြောင့်​ ​ယ​ခု​လို​ ​ဆုံး​ဖြတ်​ခဲ့​ခြင်း​ဟု​ WFP ​က​ဆို​သည်​။​ WFP ​၏​ ​ရိ​က္ခာ​ဝေငှ​ရေး​ ​စီ​မံ​ကိန်း​နှင့်​ ​မီ​တာ​ရာ​ဂ​ဏန်း​မျှ​အ​ကွာ​ ​ရဲ​ ဌာ​န​ကို​ ဦး​တည်​တိုက်​ခိုက်​ခဲ့​သော​ ​အ​သေ​ခံ​ ​ဗုံး​ခွဲ​မှု​သည်​ WFP ​၏​ ​လုံ​ခြံု​ရေး​ကို​ ​ထိ​ပါး​လာ​မည်​ ​စိုး​ရိမ်​ရ​ပြီး​ ​တ​ရားဥ​ပ​ဒေ​ ​စိုး​မိုး​မှု​ ​အား​နည်း​သည့်​ ​အ​ဆို​ပါ​ ​ဒေ​သ​များ​သို့​ ​ရိ​က္ခာ​ဝေငှ​မှု​ကို​ ​ ဆိုင်းငံ့​ထား​ကြောင်း​ ​ယင်း​အ​ဖွဲ့​က​ ​ကြေ​ညာ​သည်​။​

WFP​ သည်​ ​ဘာ​ဂျား​ရှိ​ ​နိုင်ငံ​တ​ကာ​ ​ရွှေ့​ပြောင်း​ဒု​က္ခ​သည်​ ​၂၉၄၀၀၀​ ​ကျော်​ကို​ ​စား​နပ်​ရိ​က္ခာ​ ​ထောက်​ပံ့​ပေး​လျက်​ရှိ​သည်​။​ ၂၀၀၇​ ​ခု​ နှစ်​က​ ​အ​စိုး​ရ​ ​စစ်​တပ်​များ​သည်​ ​အ​စ္စ​လာမ်​မာ​ဘတ်​ ​မြို့​တော်​ရှိ​ အ​စွန်း​ရောက်​ ​စစ်​သွေး​ကြွ​များ​ ​ခို​အောင်း​နေ​ရာ​ ဗ​လီ​တစ်​ခု​အား​ ​ဝင်​ရောက်​စီး​နင်း​မှု​နောက်​ပိုင်း​ ​အ​သေ​ခံ​ဗုံး​ခွဲ​ ​တုန့်​ပြန်​မှု​ များ​အ​တွင်း​ ​သေ​ဆုံး​ခဲ့​သူ​ ​အ​ရေ​အ​တွက်​မှာ​ ​၄၀၀၀​ ​ကျော်​ပြီ​ဟု​ ​ပါ​က​စ္စ​တန်​ ​ရဲ​တပ်​ဖွဲ့​က​ဆို​သည်​။​ ​ယင်း​တိုက်​ခိုက်​မှု​များ​သည်​ ​တာ​လီ​ဘန်​၊​ ​အယ်​ကေး​ဒါး​စ​သည့်​ ​နာ​မည်​ကျော်​ ​အ​စွန်း​ ရောက်​ ​အ​ကြမ်း​ဖက်​ ​အ​ဖွဲ့​များ​နှင့်​ ​ဆက်​စပ်​နေ​ကြောင်း​လည်း​ ​သိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here