အ​မေ​ရိ​ကန်​နှင့်​ရု​ရှားတို့​​ ​နျူ​က​လီး​ယား​လက်​နက်​ထိန်း​ချုပ်​ရေး​​ ​စာ​ချုပ်​အ​တည်​ပြု​နိုင်​ရေး​ ​ပို​မို​နီး​စပ်​လာ

alt

အ​မေ​ရိ​ကန်​နိုင်ငံ​က​​ ​ရု​ရှား​နှင့်​ ​နျူ​က​လီး​ယား​လက်​နက်​​ ​ထိန်း​ချုပ်​ရေး​ ​စာ​ချုပ်​ကို​​ ​အ​တည်​ပြု​နိုင်​ရန်​ ​ခြေ​တစ်​လှမ်း​ ​နီး​စပ်​သွား​ပြီ​ဖြစ်​သည်​။​ ​လွှတ်​တော်​အ​တွင်း​ ​ဒီ​မို​ က​ရက်​နှင့်​ ​ရီ​ပတ်​ဘ​လစ်​ကန်​တို့​ကြား​ START ​စာ​ချုပ်​နှင့်​ ​ပတ်​သက်​ပြီး​ ​အ​ငြင်း​ပွား​နေ​မှု​ကို​ ​အ​ဆုံး​သတ်​ရန်​ ​

သ​ဘော​တူ​ညီ​မှု​ ​ရ​ရှိ​ခဲ့​ခြင်း​သည်​ ​အ​မေ​ရိ​ကန်​သ​မ္မ​တ​ ​ဘာ​ရတ်​အို​ဘား​မား​၏​ ​လက်​နက်​ထိန်း​ချုပ်​ရေး​ ​စီ​မံ​ကိန်း​တွင်​ ​လွှတ်​တော်​၏​ ​ထောက်​ခံ​မှု​ ​ရ​ရှိ​ရေး​အ​တွက်​ ​သုံး​ပုံ​နှစ်​ပုံ​ ​သေ​ချာ​သွား​ပြီ​ဖြစ်​သည်​။​ ​

အို​ဘား​မား​သည်​ ​လက်​နက်​ထိန်း​ချုပ်​ရေး​ ​ကြိုး​ပမ်း​လုပ်​ဆောင်​ ခဲ့​သော်​လည်း​ ​ရီ​ပတ်​ဘ​လစ်​ကန်​တို့​၏​ ​လွှတ်​တော်​အ​တွင်း​ ​ကန့်​ကွက်​မှု​ကြောင့်​ ​ပြီး​ခဲ့​သည့်​ ​၂​ ​ပါတ်​က​ ​အ​စီ​အ​စဥ်​ ​ရပ်​ဆိုင်း​လု​နီး​နီး​ ​ဖြစ်​ခဲ့​ရ​သ​ည်​။​ ​သို့​သော်​လည်း​ ​နှစ်​ပေါင်း​ ​၄၀​ ​ကြာ​ ​ သက်​တမ်း​ရှိ​ခဲ့​သည့်​ ​စာ​ချုပ်​အ​တွက်​ ​မ​ကြာ​မီ​ ​သ​မိုင်း​မျက်​နှာ​စာ​သစ်​ ဖွင့်​လှစ်​နိုင်​ရန်​ ​နီး​စပ်​နေ​ပြီ​ဟု​ ​နိုင်ငံ​ခြား​ ​ဆက်​ဆံ​ရေး​ ​ကော်​မ​တီ​ ဥ​က္က​ဌ​ ​ဂျွန်​ကယ်​ရီ​က​ ​ထုတ်​ဖော်​ပြော​ဆို​လိုက်​ သည်​။​ ​လက်​ရှိ​တွင်​ ​နျူ​က​လီး​ယား​ထိပ်​ဖူး​ ​၂၂၀၀​ ​စီ​သာ​ ​ထား​ရှိ​ရန်​ ​သ​ဘော​တူ​ညီ​ထား​မှု​မှ​ ​ထိပ်​ဖူး​ ​၁၅၅၀​ ​သို့​ ​လျှော့​ချ​ရေး​အ​တွက်​ ​အို​ဘား​မား​က​ ​အ​ကြံ​ပြု​ ​ဆွေး​နွေး​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ ၁၉၉၁​ ​ခု​နှစ်​က​ ​တ​ကျော့​ပြန်​ ​သက်​တမ်း​တိုး​မြှင့်​ခဲ့​သည့်​ ​စာ​ချုပ်​သည်​ ​ယ​မန်​နှစ်​က​ ​သက်​တမ်း​ကုန်​ဆုံး​သွား​ပြီး​နောက်​ ​အ​မေ​ရိ​ကန်​နှင့်​ ​ရု​ရှား​တို့​ကြား​ ​အ​သစ်​ပြန်​လည်​ ​ဆွေး​နွေး​မှု​များ​ ​ ပြု​လုပ်​ခဲ့​ခြင်း​ဖြစ်​သည်​။​

ရီ​ပတ်​ဘ​လစ်​ကန်​များ​က​ ​ဒီ​မို​က​ရက်​တို့​သည်​ ​နိုင်ငံ​ရေး​ ​အ​ကြောင်း​ပြ​ချက်​များ​ကြောင့်​ ​စာ​ချုပ်​ကိ​စ္စ​တွင်​ ​ဆုံး​ဖြတ်​ချက်​ကို​ ​အ​လော​တ​ကြီး​ ​ချ​မှတ်​နေ​ကြောင်း​ ​ စွပ်​စွဲ​ခဲ့​ပြီး​နောက်​ ​လွှတ်​တော်​တွင်း​ ​အ​တည်​ပြု​ချက်​ ​ရ​ယူ​နိုင်​ရေး​မှာ​ ​မ​ပြီး​ပြတ်​နိုင်​ ​ဖြစ်​နေ​ခဲ့​ရ​သည်​။​ အ​မေ​ရိ​ကန်​ ​အ​စိုး​ရ​က​ ​နျု​က​လီး​ယား​ ​ထိပ်​ဖူး​အ​ရေ​အ​တွက်​ကို​ ​လျှော့​ချ​လိုက်​သည့်​ တိုင်​ ​ထိန်း​သိမ်း​ကျန်​ရှိ​မည့်​ ​ပ​မာ​ဏ​သည်​ ​နိုင်ငံ​အား​ ​အ​န္တ​ရာယ်​ပြု​လာ​မည့်​ ​မည်​သည့်​ခြိမ်း​ခြောက်​မှု​ကို​မ​ဆို​ ​တွန်း​လှန်​ချေ​မှုန်း​နိုင်​မည်​ဖြစ်​ကြောင်း​ ​အာ​မ​ခံ​ထားသည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here