အီတလီနိုင်ငံရှိ သံရုံး​နှစ်​ရုံးတွင် ပါဆယ်​ဗုံးများ​ပေါက်ကွဲ

alt

အီတလီနိုင်ငံ ရောမမြို့တော်ရှိ ချီလီသံရုံးတွင် ပါဆယ်ဗုံး ပေါက်ကွဲ​ပြီးနောက်ပိုင်း နိုင်ငံ​ပေါင်းစုံရှိ ချီလီ​​သံရုံးများတွင် လုံခြံုရေး တိုးမြှင့်​ထား​လိုက်ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၃ ရက်နေ့က ရောမရှိ ချီလီနှင့် ဆွစ်ဇာလန် သံရုံးများတွင် ပါဆယ်​ဗုံးများ ပေါက်ကွဲရာ လူ ၂ ဦး အကြီး​အကျယ် ဒဏ်ရာ​ရသွားသည်။ ဗုံးပေါက်ကွဲမှု​အတွင်း သံရုံးရှိ ချီလီ​အမှုထမ်း ဆီဆာမီလာဆိုသူ ဒဏ်ရာ​ရခဲ့ကြောင်း ချီလီ​နိုင်ငံခြားရေး​ဝန်ကြီး အယ်ဖရက်ဒို မိုရီနိုကဆိုသည်။ မီလာသည် လက်နှစ်ဖက်တွင် ဆိုးဆိုးရွားရွား ထိခိုက်​မိသလို မျက်လုံး​တစ်လုံး အမြင်အာရုံ ဆုံးရှုံး​ရဖွယ်ရှိနေသည်။

လက်ရှိ​အချိန်တွင် သံရုံးသို့ ရောက်လာသည့် ပါဆယ်တိုင်းအား အထူး​စီစစ်နေသလို လုံခြံုရေးကို တင်းကြပ်​ထားကြောင်း သိရသည်။ ဒီဇင်ဘာ ၂၃ ရက်နေ့က ယူကရိန်းနှင့် ခရိုအေးရှား သံရုံးများသို့လည်း ဗုံးရောက်ခဲ့သည့်တိုင် မပေါက်ကွဲမီ ဖယ်ရှား​နိုင်ခဲ့သည်။ အီတလီ ရဲတပ်ဖွဲ့သည် ဗုံးများပေးပို့သည့် လက်သည်ကို စုံစမ်းနေဆဲဖြစ်ပြီး မင်းမဲ့​အစွန်းရောက်ဝါဒီများ လက်ချက်ဖြစ်နိုင်ကြောင်း စွပ်စွဲထားသည်။

ပြီးခဲ့သည့်လက ဂရိနိုင်ငံ၊ အေသင်မြို့ရှိ သံရုံးပေါင်း အတော်များများသို့ ပါဆယ်ဗုံးများ ရောက်ခဲ့သေးပြီး ထိုစဥ်ကလည်း ချီလီသံရုံးသို့ လိပ်မူထားသောဗုံးများ ပါခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here