​​​Apple iPad version သစ် လာမည့်​နှစ်​အစောပိုင်းတွင် ထွက်ရှိမည်​ဟုဆို

alt

Apple ကုမ္ပဏီထုတ် နာမည်ကျော် Tablet ကွန်ပျူတာ အမျိုးအစား iPad ၏ Version သစ်ကို လာမည့်နှစ် အစောပိုင်းတွင် ထုတ်ဝေ​မည်ဟု သတင်းများ ထွက်ပေါ်​လျက်ရှိသည်။

iPad 2 အား Apple က ဇန်နဝါရီလအတွင်း စတင်​ရောင်းချဖွယ် ရှိနေကြောင်း ကောလ​ဟာလ​များ​အား ကုမ္ပဏီက အတည်ပြုခြင်း မရှိသေးချေ။ ထုတ်ကုန်သစ်များနှင့် ပတ်သက်ပြီး Apple သည် တင်းတင်း​ကြပ်ကြပ် ဆောင်ရွက်လေ့ ရှိ​သော်လည်း သတင်းများက iPad 2 သည် ယခင်​မျိုးဆက်ဟောင်း​ကဲ့သို့ ၉.၇ လက်မ​အရွယ် Touchscreen ကိုသာ အသုံးပြု​သွားမည်ဟု ဖော်ပြ​လျက်ရှိသည်။

iPad 2 သည် ဗီဒီယို Chatting အတွက် ရှေ့ဖက်မြင် ကင်မရာနှင့် ဓာတ်ပုံရိုက်ကူးနိုင်ရန် Megapixel အဆင့် မြင့်မားသည့် ကင်မရာတစ်လုံးတို့လည်း ပါဝင်လာဖွယ် ရှိနေကြောင်း သိရသည်။ iPad 2သည် မူလ iPadထက် အရွယ်အစား အနည်းငယ်မျှ သေးငယ်သွားဖွယ် ရှိနေကြောင်းလည်း သတင်းများကဆိုသည်။

Apple နှင့် နီးစပ်သူများက iPad 2 အား ဇန်နဝါရီ လလယ်နှင့် လကုန်ပိုင်းအတွင်း ဈေးကွက်ဖြန့်သွားဖွယ် ရှိနေကြောင်း ပြောကြားခဲ့သည်။ iPad သည် Tablet ကွန်ပျူတာ လောကကို ခေတ်သစ်တစ်ခုအဖြစ် ဦးဆောင်စေခဲ့ပြီး Apple ၏ ထုတ်ကုန်များအနက် လူကြိုက်အများဆုံး ပစ္စည်းတစ်ခုအဖြစ်လည်း သတ်မှတ်ခံထားရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here