နားအတွင်း ရောက်နေသည့် ပုလင်းအား ၄၁ နှစ်ကြာမှ ဖယ်ရှားနိုင်ခဲ့

alt

အ​မျိုး​သား​တစ်ဦး​သည်​​ ​နား​အ​တွင်း​ရောက်​နေ​သည့်​​ ​ပု​လဲ​တစ်​လုံး​အား​ ​၄၁​​ ​နှစ်​ကြာ​မှ​ ​ဖယ်​ရှား​နိုင်​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​ ​အ​မေရိ​ကန်​နိုင်ငံ​၊​​ ​ဂျော်​ဂျီ​ယာ​တွင်​ ​နေ​ ထိုင်​သည့်​ ကယ်​ဗင်​ရိုက်​ဆို​သော​​ ​အ​မျိုး​သား​သည်​ ​အ​ဆုတ်​ဝေ​ဒ​နာ​ ​တစ်​ခု​ကြောင့်​ ​ဆေး​ရုံ​သို့​ ​ရောက်​လာ​ခဲ့​သည်​။​

​အ​သက်​ ​၄၆​ ​နှစ်​ရှိ​ ​ကီ​ဗင်​အား​ ​ဆ​ရာ​ဝန်​များ​က​ ​စစ်​ဆေး​ကြည့်​ရာ​ ၎င်း​၏​ ​နား​ထဲ​တွင်​ ပု​လဲ​တစ်​လုံး​အား​ ​တွေ့​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ယင်း​ပု​လဲ​သည်​ ​ကီ​ဗင်​၏​ ​မိ​ခင်​ပိုင်​ဆိုင်​သော​ ​လက်​ဝတ်​ရ​တ​နာ​ ​တစ်​ခု​မှ​ဖြစ်​ပြီး​ ​ကီ​ဗင်​အ​သက်​ ​၅​ ​နှစ်​အ​ရွယ်​က​တည်း​က​ ​ ပျောက်​ဆုံး​နေ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​

ကီ​ဗင်​က​ ​ထို​ပု​လဲ​သည်​ ၎င်း​၏​အစ်​မ​နှင့်​ ​အ​တူ​ဆော့​က​စား​စဥ်​ ​ပျောက်​ဆုံး​သွား​ခြင်း​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​ ​ယ​ခင်​က​ ​နား​အ​တွင်း​ ခိုး​လိုး​ခု​လု​ ​ဖြစ်​နေ​မှု​ ကြောင့်​ ​စစ်​ဆေး​မှု​အ​ချို့​ ​ပြု​လုပ်​ခဲ့​စဥ်​က​ ​မာ​ကျော​သော​ ​အ​စိုင်​အ​ခဲ​တစ်​ခု​ ​တွယ်​ကပ်​နေ​ကြောင်း​ ​သိ​ရှိ​ထား​သော်​လည်း​ ​ယင်း​ပု​လဲ​ဟု​ ​မ​ထင်​မိ​ကြောင်း​ ​ကီ​ဗင်​က​ဆို​သည်​။​

ထို့​အ​ပြင်​ ​ဆ​ ရာ​ဝန်​များ​က​ ​ထို​အ​စိုင်​အ​ခဲ​သည်​ ​နား​အ​တွင်း​ ​နေ​ရာ​ပြောင်း​ ​လှည့်​လည်​နေ​ပြီး​ ဖယ်​ရှား​ရန်​ ခက်​ခဲ​ကြောင်း​လည်း​ ​ကီ​ဗင်​အား​ ​ရှင်း​ပြ​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​ယ​ခု​အ​ခါ​တွင်​မူ​ ​ကီ​ဗင်​၏​ ​ နား​အ​တွင်း​မှ​ ​ပု​လဲ​ကို​ ​အောင်​မြင်​စွာ​ ​ဖယ်​ထုတ်​လိုက်​နိုင်​ပြီ​ဖြစ်​သည်​။​ ​ယင်း​ပု​လဲ​သည်​ ​မိ​မိ​၏​ ​ခ​န္ဓာ​ကိုယ်​ ​အ​စိတ်​အ​ပိုင်း​တစ်​ခု​အ​ဖြစ်​ ​နှစ်​ပေါင်း​များ​စွာ​ ​ရှိ​ခဲ့​သည်​ဆို​သော​ ​ကိ​စ္စ​မှာ​ ​မ​ယုံ​ ကြည်​နိုင်​စ​ရာ​ပင်​ဖြစ်​ကြောင်း​ ​ကီ​ဗင်​က​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here