တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် နျူစစ်ပွဲကို ဖိတ်ခေါ်နေသူများဟု မြောက်ကိုရီးယားစွပ်စွဲ

alt

တောင်ကိုရီးယားနှင့် အမေရိကန် နှစ်နိုင်ငံတို့သည် နျူကလီးယား စစ်ပွဲကို ဖိတ်ခေါ်နေသူများဖြစ်ကြောင်း မြောက်ကိုရီးယားက စွပ်စွဲလိုက်သည်။ ဒီဇင်ဘာ ၂၀ ရက်နေ့က တောင်ကိုရီးယားပိုင် ယွန်ပြောင်းတွင် လက်နက်ကြီး ပစ်ခတ်ခြင်း

စစ်ရေးလေ့ကျင့်မှု ပြုလုပ်မှုအား မြောက်ကိုရီးယားက ကန့်ကွက်ထားပြီး ယင်းကဲ့သို့ စစ်ရေးလေ့ကျင့်မှုများသည် နျူကလီးယား စစ်ပွဲကို ဖိတ်ခေါ်နေခြင်းဟု ပြောဆိုသွားသည်။

တောင်ကိုရီးယားရှိ မြောက်ပိုင်းကွန်မြူနစ်နိုင်ငံ အစိုးရအား အစဥ်တစိုက် လေ့လာနေသူများက အာဏာရှင် ကင်ဂျံုအီသည် နောက်ထပ်နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှု တစ်ခုကို လာမည့်နှစ် အစောပိုင်းတွင် ပြုလုပ်ဖွယ်ရှိကြောင်း ခန့်မှန်းထားချိန်အတွင်း တောင်ကိုရီးယားကလည်း စစ်ရေးလေ့ကျင့်မှုများကို အရှိန်မြှင့်လျက်ရှိသည်။ မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် မိမိနိုင်ငံ အချုပ်အခြာအာဏာကို ထိပါးလာသည်ဟု ယူဆပါက ယင်းတို့ကို တုန့်ပြန်သွားရန် ကြီးမားသောလက်နက်အင်အားကို မိမိတို့ ပိုင်ဆိုင်ကြောင်း ကြွေးကြော်ခဲ့သည်။

နိုဝင်ဘာ ၂၃ ရက်နေ့က ကိုရီးယားနှစ်နိုင်ငံ နယ်စပ်အနီးရှိ တောင်ကိုရီးယားပိုင် ယွန်ပြောင်းကျွန်းသို့ မြောက်ကိုရီးယားဖက်မှ ပစ်ခတ်သော လက်နက်ကြီး ကျည်ဆံများ ကျရောက်ပေါက်ကွဲပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးသည် အဆိုးရွားဆုံးထိ တင်းမာလာခဲ့သည်။ တောင်ကိုရီးယားသည် စစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယားက ကန့်ကွက်နေသည့်တိုင် ပစ်ခတ်မှု ဖြစ်ပွားပြီး တစ်လတင်းတင်းပြည့်သည့် ဒီဇင်ဘာ ၂၃ ရက်နေ့က ဂျက်တိုက်လေယာဥ်များ၊ လက်နက်ကြီးများ ပါဝင်သော အကြီးစား စစ်ရေးလေ့ကျင့်မှု တစ်ခုအား ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here