မ​က္က​စီ​ကို​တွင်​​ ​မူး​ယစ်​မှောင်​ခို​များ​နှင့်​ ​တိုက်​ပွဲ​များ​ကြောင့်​ ​လူ​ ​၁၂၀၀၀​ ​ကျော်​သေ​ဆုံး

alt

မက္ကစီကိုနိုင်ငံတွင် ယခုနှစ်အတွင်း မူးယစ်ဆေးဝါး မှောင်ခို​ဂိုဏ်းများ​နှင့် တရားဥပဒေ စိုးမိုးရေး​အဖွဲ့များကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများ​ကြောင့် လူ ၁၂၀၀၀ ကျော် သေဆုံး​​ခဲ့ကြောင်း သိရသည်။

တရားဝင် ကြေညာချက်များ​အရ ယခုနှစ်သည် မူးယစ်​မှောင်ခိုဂိုဏ်းများနှင့် ရင်ဆိုင်​တိုက်ခိုက်​ခဲ့ရသည့် သမိုင်း​တလျှောက် အသေ​အပျောက်​အများဆုံးနှစ် ဖြစ်လာကြောင်း​လည်း သတင်းများက ဖော်ပြ​ခဲ့သည်။ နိုဝင်ဘာ ၃၀ ရက်​နေ့ထိ ၁၂၄၅၆ ဦး သေဆုံး​ခဲ့ရာ ယခုနှစ်သည် ၂၀၀၆ ခုနှစ်က စတင်ခဲ့သည့် ပဋိပက္ခ​နောက်ပိုင်း သေနှုန်း​အမြင့်ဆုံးနှစ် ဖြစ်လာသည်။

၂၀၀၆ ခုနှစ်​နောက်ပိုင်း သေဆုံးသူ ဦးရေမှာမူ ၃၀၁၉၆ ဦးထိ ရှိလာခဲ့သည်။ ဩဂုတ်လ​အတွင်းက တိုက်ပွဲများ​အတွင်း သေဆုံးသူ အရေအတွက် ၂၈၂၂၈ ဦးထိ ရှိလာပြီဟု မက္ကစီကို အစိုးရက ကြေညာခဲ့သေးသည်။ မက္ကစီကို ထောက်လှမ်းရေး​ကမူ သေဆုံးသူ ပမာဏသည် ၃၂၀၀၀ ကျော်လွန်သွားပြီဟု ခန့်မှန်းထားသည်။ မက္ကစီကို အစိုးရသည် မူးယစ်​ဆေးဝါး မှောင်ခိုဂိုဏ်းများအား အမေရိကန် ပြည်ထောင်စု အကူအညီဖြင့် အပြင်းအထန် နှိမ်နင်းရန် ကြိုးပမ်းရင်း အခြေအနေ ဆိုးရွားလာခြင်းဖြစ်သည်။

မက္ကစီကို အစိုးရသည် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူများကို အမြစ်ပြတ် ချေမှုန်းသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ မက္ကစီကိုသည် အထင်ကရ မူးယစ်ရာဇာအချို့ကို ယခုနှစ်အတွင်း သုတ်သင်ဖမ်းဆီးနိုင်ခဲ့ပြီး နိုဝင်ဘာလက မက္ကစီကို မရိန်းအထူးတပ်ဖွဲ့ဝင်များသည့် နာမည်ကျော် ဒုစရိုက်ရာဇာတစ်ဦးဖြစ်သည့် အီဇီကွီရယ် ကာဒန်နက် ဂူလီယန်အား အသေဖမ်းမိခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here