လေ​ယာဥ်​အ​တွင်း​​ ​အ​ကြမ်း​ဖက်​မှု​သ​တင်း​ကြောင့်​​ ​ပဲ​ရစ်​ဟီ​တန်​​ ​အ​ထိတ်​တ​လန့်​ဖြစ်

alt

ပဲ​ရစ်​ဟီ​တန်​တစ်​ယောက်​​ ​လေ​ယာဥ်​အ​တွင်း​ ​အ​ကြမ်း​ဖက်​မှု​​ ​ကျုး​လွန်​နိုင်​ကြောင်း​​ ​သ​တင်း​တစ်​ခု​ကြောင့်​​ ​ထိတ်​လန့်​ခဲ့​ရ​သ​လို​​ ​သူ​မ​၏​ ​ခ​ရီး​စဥ်​လည်း​​ ​နှောင့်​နှေး​မှု​များ​​ ​ကြံု​ခဲ့​ရ​ကြောင်း​ ​သိ​ရ​သည်​။​​ ​

ဟော​လီး​ဝုဒ်​၏​ Social​ ​အ​ကျ​ဆုံး​ Celebrity​ တစ်ဦး​အ​ဖြစ်​ ​ထင်​ရှား​သည့်​ ​ဟီ​တန်​သည်​ ​လော့စ်​အိန်​ဂျယ်​လိစ်​မှ​ ပျံ​သန်း​ထွက်​ခွာ​မည့်​ ​လေ​ယာဥ်​နှင့်​ ​လိုက်​ပါ​ ရန်​ ​စီ​စဥ်​ထား​သည်​။​ ​သို့​သော်​လည်း​ ​သူ​မ​နှင့်​ ​အ​ခြား​သော​ ​ခ​ရီး​သည်​ ​၂၀၃​ ဦး​တို့​မှာ​ ​လေ​ယာဥ်​အ​တွင်း​ ​ဓား​တစ်​ချောင်း​ ​ရှာ​ဖွေ​တွေ့​ရှိ​မှု​ကြောင့်​ ​အ​ရေး​ပေါ်​ ​ဖယ်​ရှား​ခံ​ခဲ့​ရ​ကြောင်း​ Twitter​ တွင်​ ​ဒီ​ဇင်​ဘာ​ ​၂၁​ ​ရက်​နေ့​က​ ​ရေး​သား​ဖော်​ပြ​ခဲ့​သည်​။​ ​

ခ​ရီး​စဥ်​အ​မှတ်​ ​၁၁၉၇​ ​လေ​ယာဥ်​သည်​ ​အ​မှု​ထမ်း​ ​၈​ ဦး​ပါ​ဝင်​ပြီး​ ​မော်​ရေး​သို့​ ​ပျံ​သန်း​ရန်​ ​စီ​စဥ်​ထား​ခြင်း​ဖြစ်​သည်​။​ ​ဟီ​ တန်​က​ ​လုံ​ခြံု​ရေး​များ​သည်​ ​ခ​ရီး​သည်​ ​အား​လုံး​ကို​ ​လေ​ယာဥ်​မှ​ ​ဆင်း​စေ​ခဲ့​ကြောင်း​၊​ ​အ​ဘယ့်​ကြောင့်​ဆို​သော်​ ​ကြီး​မား​သော​ ​ဓား​တစ်​ချောင်း​ကို​ ​လေ​ယာဥ်​အ​တွင်း​ ​တွေ့​ရှိ​ခဲ့​ခြင်း​ကြောင့်​ ဖြစ်​ကြောင်း​ Twitter​ တွင်​ ​ဖော်​ပြ​ခဲ့​သည်​။​

​အ​ဆို​ပါ​ ​လေ​ယာဥ်​ခ​ရီး​စဥ်​ကို​ ​တာ​ဝန်​ယူ​ပျံ​သန်း​သည့်​ Delta ​လေ​ကြောင်း​လိုင်း​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​မျိုး​သ​မီး​ ​ဆူ​ဆန်​အီ​လီ​ယော့​က​ ဓား​မှာ​ ​ ခ​ရီး​သည်​များ​အား​ ​ကျွေး​မွေးဧည့်​ခံ​ရန်​ ​အ​စား​အ​သောက်​များ​ ​ချက်​ပြုတ်​သည့်​နေ​ရာ​မှ​ဖြစ်​ပြီး​ ​လေ​ယာဥ်​အ​တွင်း​ရှိ​ ​ခ​ရီး​သည်​များ​ ​လိုက်​ပါ​သော​ ​အ​ခန်း​တွင်​ ​မ​တော်​တ​ဆ​ ​ကျန်​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​နောက်​ပိုင်း​စုံ​စမ်း​မှု​များ​အ​ရ​ ​ဖော်​ထုတ်​နိုင်​ခဲ့​သည်​ဟု​ ​သ​တင်း​ထောက်​များ​ထံ​ ​ပြော​ဆို​သွား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here