​အ​စ္စ​ရေး​ထောက်​လှမ်း​ရေး​က​​ ​သုံး​စွဲ​ခဲ့​သည်​ဆို​သော​​ ​ပ​စ္စည်း​အား​​ ​လက်​ဘ​နွန်​စစ်​တပ်​​ ​ထုတ်​ဖော်​ပြ​သ

alt

လက်ဘနွန် စစ်တပ်က ဒီဇင်ဘာ ၁၆ ရက်နေ့တွင် အစ္စရေး ထောက်လှမ်းရေးက သုံးစွဲသည်​ဆိုသော ပစ္စည်း​​တစ်ခုအား ထုတ်ဖော်​ပြသလိုက်သည်။ လက်ဘနွန် စစ်တပ် ဝက်ဆိုက်က ဟီဘရူး​စာသားများ ပါရှိသည့် စက်​ကိရိယာ တစ်ခုကို ဖော်ပြ​ခဲ့ပြီး

ယင်းတွင် ထောက်လှမ်းရေး ကင်မရာများ တပ်ဆင်​ထားကြောင်း ပြောကြား​ခဲ့သည်။

အဆိုပါ ကိရိယာကို နိုင်ငံ၏ တောင်ထူထပ်ရာ ဒေသတစ်ခုတွင် အစ္စရေး​ထောက်လှမ်းရေးက လာရောက်​​တပ်ဆင်​ထားသည်ဟု လက်ဘနွန်​စစ်ဖက်က စွပ်စွဲထားသည်။ ဟီးဘရူးဘာသာဖြင့် မိုးတိမ်ငယ်ဟု ရေးထိုးထားသော ထောက်လှမ်းရေး ကိရိယာ တစ်ခုကို ဘက်ကား​တောင်ကြားတွင် တွေ့ရှိခဲ့သလို အခြား​တစ်ခုကိုလည်း မြို့တော် အရှေ့​​တောင်ပိုင်း ဘာရော့တောင်ပေါ်တွင် ဖော်ထုတ်​သိမ်းဆည်းမိခဲ့ကြောင်း စစ်ဖက်​ပြောရေး​ဆိုခွင့်ရ အရာရှိ​တစ်ဦးကဆိုသည်။ သို့သော်လည်း ယင်း​ကိရိယာ၏ အလုပ်လုပ်ပုံနှင့် ပတ်သက်ပြီး အသေးစိတ် စုံစမ်းရန်မှာ ရှုပ်ထွေးမှုများ ရှိနေဆဲဟု သိရသည်။ လက်ဘနွန်​တောင်ပိုင်း ဆိပ်ကမ်းမြို့ ဆီဒွန်တွင် ဒီဇင်ဘာ ၁၆ ရက်နေ့က အသေးစား ပေါက်ကွဲမှု​တစ်ခု ဖြစ်ပွားခဲ့ရာ ယင်းသည် တတိယ​မြောက် ထောက်လှမ်းရေး ကိရိယာကို ဖျက်ဆီး​ပစ်ခြင်းဟု သတင်းများ ထွက်နေသော်လည်း စစ်တပ်က အတည်ပြုခြင်း မရှိချေ။

လက်ဘနွန်၏ စွပ်စွဲချက်နှင့် ပတ်သက်ပြီး အစ္စရေးဖက်က တစုံတရာ မှတ်ချက်ပေးခြင်း မရှိဟုလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here