၂၀၁၀ ခုနှစ်အတွင်း ခိုးကူးခံရသည့် ရုပ်ရှင်များအနက် Avatar ထိပ်ဆုံးမှရပ်တည်

alt

၂၀၁၀​ ​ခု​နှစ်​အ​တွင်း​​ ​တ​ရား​မ​ဝင်​ ​ခိုး​ကူး​ခံ​ရ​သည့်​​ ​ရုပ်​ရှင်​များ​ ​စာ​ရင်း​တွင်​ Avatar​ က​ ​ထိပ်​ဆုံး​မှ​​ ​ရပ်​တည်​နေ​ကြောင်း​ ​သိ​ရ​သည်​။​​ ​ဒါ​ရိုက်​တာ​ ​ဂျိမ်း​ကင်​မ​ရွန်​​ ​ရိုက်​ကူး​ခဲ့​ ပြီး​ ​က​မ္ဘာ​ပေါ်​တွင်​ ​စံ​ချိန်​တင်​ ​ဝင်​ငွေ​ရ​ရှိ​ခဲ့​သော​ ​ဇာတ်​ကား​သည်​ ​

ယ​ခု​နှစ်​အတွင်း​ ​ခိုး​ကူ​ခံ​ရ​သည့်​ ​အ​ကြိမ်​ပေါင်း​ ​၁၆​ ​သန်း​ကျော်​ ​ရှိ​ခဲ့​ကြောင်း​ TorrentFreak ​ဝက်​ဆိုက်​၏​ ​ခန့်​မှန်း​စစ်​ တမ်း​က​ ​ဖော်​ပြ​ထား​သည်​။​ ​ယင်း​သည်​ ​၂၀၀၉​ ​ခု​နှစ်​က​ ​ထိပ်​ဆုံး​နေ​ရာ​ ​ရပ်​တည်​ခဲ့​သည့်​ Star​ Trek ​ထက်​ ​၃၃​ ​ရာ​ခိုင်​နှုန်း​ ​ပို​များ​သည်​။​

Star​ Trek​ သည်​ စု​စု​ပေါင်း​ ​၁၁​ ​သန်း​ကျော်​ ခိုး​ ကူး​ခံ​ရ​သည်​။​ ​ယ​ခု​နှစ်​အ​တွက်​ ​ခိုး​ကူး​အ​ခံ​ရ​ဆုံး​ ​ဒု​တိ​ယ​နေ​ရာ​တွင်​ ​စူ​ပါ​ဟီး​ရိုး​ရုပ်​ရှင်​ Kick-Ass​ က​ ​ထို​ပ​မာ​ဏ​မျှ​ထိ​ ​ရှိ​နေ​သည်​။​ ​လီ​ယို​နာ​ဒို​ ​ဒစ်​ကာ​ပ​ရီ​ယို​ ​ပါ​ဝင်​သ​ရုပ်​ဆောင်​သည့်​ ဇာတ်​ကား​များ​ဖြစ်​သည့်​ Shutter​ Island​ နှင့်​ Inception​ တို့​က​ ​တ​တိ​ယ​နှင့်​ ​စ​တု​တ္ထ​နေ​ရာ​များ​တွင်​ ​အ​သီး​သီး​ ​ရပ်​တည်​နေ​သည်​။​ ​

၂၀၁၀​ ​ပြည့်​နှစ်​အ​တွင်း​ Pirate​ အ​ဖြစ်​ ​ခိုး​ကူး​အ​ခံ​ရ​ဆုံး​ ​ဇာတ်​ကား​များ​ ​စာ​ရင်း​မှာ​ ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်​။​

  • Avatar – 16,580,000
  • Kick-Ass – 11,400,000
  • Inception – 9,720,000
  • Shutter Island – 9,490,000
  • Iron Man 2 – 8,810,000
  • Clash Of The Titans – 8,040,000
  • Green Zone – 7,730,000
  • Sherlock Holmes – 7,160,000
  • The Hurt Locker – 6,850,000
  • Salt – 6,700,000

LEAVE A REPLY

Please enter your comment!
Please enter your name here