တတိယ​မျိုးဆက် Kindle မှာ အရောင်းရဆုံး​ဖြစ်ကြောင်း Amazon ကြေညာ

alt

Amazon.com​ က​ ၎င်း​တို့​၏​​ ​တ​တိ​ယ​မျိုး​ဆက်​ Kindle​ သည်​​ ​ကု​မ္ပ​ဏီ​၏​ ​အ​ရောင်း​ရ​ဆုံး​​ ​ထုတ်​ကုန်​ဖြစ်​လာ​ကြောင်း​​ ​ကြေ​ညာ​ခဲ့​သည်​။​ e-book​​ Reader ​ဖြစ်​သော​ Kindle​၏​ ​အ​ရောင်း​စံ​ချိန်​သည်​​ ​ကု​မ္ပ​ဏီ​က​ ​တာ​ဝန်​ယူ​​ ​ရောင်း​ချ​ခဲ့​ရ​သည့်​

Harry​ Potter​ ဝ​တ္ထု​ ​သ​တ္တ​မ​တွဲ​ထက်​ပင်​ ​ပို​မို​ရောင်း​အား​ကောင်း​ခဲ့​ကြောင်း​ Amazon ​၏​ CEO ​ဖြစ်​သူ​ ​ဂျက်​ ဘက်​ဇော့​က​ ​ကြေ​ညာ​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ iPad​ ကဲ့​သို့​ Tablet​ ကွန်​ပျူ​တာ​ ​ဝယ်​ယူ​ထား​သူ​ ​အ​တော်​များ​များ​သည်​လည်း​ Kindle​ အ​သစ်​ကို​ ​စိတ်​ဝင်​တ​စား​ ​ဝယ်​ယူ​ခဲ့​ကြောင်း​ ၎င်း​က​ ဆို​သည်​။​

LCD​ Tablet​ တစ်​ခု​အ​ဖြစ်​ ​ထွက်​ပေါ်​လာ​သော​ Kindle ​သည်​ ​၁၃၉​ ​ဒေါ်​လာ​မျှ​ ​ေ​ဈး​နှုန်း​ကြောင့်​ ​အ​များ​၏​ ​စိတ်​ဝင်​စား​မှု​ကို​ ရ​ရှိ​ခဲ့​သည်​။​ ​ထို​အ​ခြေ​အ​နေ​သည်​ ​တန်​ဖိုး​နည်း​သည့်​ e-book​ Reader​ များ​ကို​သာ​ ​လက်​လှမ်း​မီ​သူ​များ​အ​တွက်​ ​သင့်​တော်​သည့်​ ​အ​နေ​အ​ထား​ ​ဖြစ်​နေ​သည်​။​

​နို​ဝင်​ဘာ​လ​ ​၂၉​ ​ရက်​နေ့​က​ ​စ​တင်​ရောင်း​ချ​ခဲ့​ပြီး​နောက်​ ​တစ်​စ​က္ကန့်​လျင်​ ​၁၅၈​ ​ခု​ထိ​ ​စံ​ချိန်​တင်​ ​မှာ​ယူ​မှု​ ​ခံ​နေ​ရ​သော​ Kindle​ သည်​ Amazon.com​ အ​တွက်​ ​ရောင်း​အား​အ​ကောင်း​ဆုံး​ ​ဖြစ်​လာ​သည်​မှာ​ ​မ​ဆန်း​ကြောင်း​ ​ဂျက်​က​ဆို​သည်​။​ ​နို​ဝင်​ဘာ​ ​၂၉​ ​ရက်​နေ့​ကို​ ​ ဆိုင်​ဘာ​မန်း​ဒေး​အ​ဖြစ်​ ​သတ်​မှတ်​ကာ​ Online ​မှ​တ​ဆင့်​ ​လူ​ပေါင်း​များ​စွာ​တို့​က​ ​ေ​ဈး​ဝယ်​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here