ရှန်ဟိုင်းမျှော်စင်တွင် ဆောက်လုပ်နေသည့် ဂျေဟိုတယ်မှာ ကမ္ဘာ့အမြင့်ဆုံးဟိုတယ် ဖြစ်လာမည်

alt

တ​ရုတ်​နိုင်ငံ​၊​ ရှန်​ဟိုင်း​နိုင်ငံ​ရှိ​​ ​ရှန်​ဟိုင်း​မျှော်​စင်​ပေါ်​​ ​ဆောက်​လုပ်​​နေသော​ ​ဂျေ​ဟို​တယ်​သည်​​ ​က​မ္ဘာ​ပေါ်​တွင်​ အ​မြင့်​ဆုံး​ဟို​တယ်​​ ​ဖြစ်​လာ​မည်​ဟု​ ​သိ​ရ​သည်​။​ ​၂၀၁၄​ ခု​နှစ်​တွင်​ ​အ​ပြီး​သတ်​မည့်​ ​ဟို​တယ်​သည်​ ​၈၄​ ​ထပ်​မှ​ ​အ​ထပ်​ ​၁၁၀​ ​ကြား​ ​တောက်​လျှောက်​နေ​ရာ​ယူ​ထား​သည်​။​

​လွန်​ခဲ့​သော​ ​၂​ ​နှစ်​က​ ​ ​စီ​မံ​ကိန်း​ ​စ​တင်​သည့်​ ​မျှော်​စင်​သည်​ ​၁၂၁​ ​ထပ်​ ​ပါ​ရှိ​မည်​ဖြစ်​ပြီး​ ​၆၃၂​ ​မီ​တာ​ ​အ​မြင့်​ရှိ​မည်​ဟု​ဆို​သည်​။​ ​မျှော်​စင်​နှင့်​ ​ဟို​တယ်​တို့​ကို​ ​၂၀၁၄​ ​ခု​နှစ်​တွင်​ ​ဖွင့်​လှစ်​နိုင်​ရန်​ ​မျှော​လင့်​ထား​သည်​။​ ​ရှန်​ဟိုင်း​ ​ဂျင်​ဂျီ​အန်း​ ​နိုင်ငံ​တ​ကာ​ ​ဟို​တယ်​အုပ်​စု​က​ ​ပိုင်​ဆိုင်​မည့်​ ​အ​ဆို​ပါ​ ​ဟို​တယ်​သစ်​တွင်​ ​ဇိမ်​ခံ​အိပ်​ခန်း​ ​၂၅၈​ ​ခု​ ​ပါဝင်​မည်​ဖြစ်​သည်​။​ ဟို​တယ်​၏​ ဧည့်​ဆောင်​သည်​ ​အ​ထပ်​ ​၁၁၀​ ​တွင်​တည်​ရှိ​မည်​ဖြစ်​သည်​။​

​ဂျင်​ဂျီ​အန်း​ ​ဟို​တယ်​အုပ်​စု​က​ ​ဟို​တယ်​ကို​ ​၂၀၁၄​ ​နှစ်​ကုန်​ပိုင်း​၊​ ​သို့​မ​ဟုတ်​ ​၂၀၁၅​ ​အ​စော​ပိုင်း​တွင်​ ​ဖွင့်​လှစ်​နိုင်​ရန်​ ​မျှော်​လင့်​လျက်​ရှိ​သည်​။​ လက်​ရှိ​တွင်​ ​ပက်​ဟေး​ယက်​ရှန်​ဟိုင်း​ ​ဟို​တယ်​သည်​ ​က​မ္ဘာ့​အ​မြင့်​ဆုံး​ ​ဟို​တယ်​ဆို​သော​ ​ဂုဏ်​ပုဒ်​ကို​ ​ပိုင်​ဆိုင်​ထား​သည်​။​ ​ရှန်​ဟိုင်း​ရှိ​ ​က​မ္ဘာ့​ဘဏ္ဍာ​ရေး​စင်​တာ​ ​အ​ဆောက်​အ​အုံ​၏​ ​၇၉​ ​ထပ်​နှင့်​ ​၈၃​ ​ထပ်​အ​တွင်း​ ​တည်​ဆောက်​ထား​သော​ ​ဟို​တယ်​သည်​ ​လက်​တ​လော​တွင်​ ​အ​မြင့်​ဆုံး​ဖြစ်​သည်​။​ ​ယ​ခု​နှစ်​ ​အ​စော​ပိုင်း​က​ ​ဒူ​ဘိုင်း​တွင်​ ​က​မ္ဘာ့​အ​မြင့်​ဆုံး​ ​မျှော်​စင်​ဖြစ်​သော​ ​ဘက်​ဂျ်​ခါ​လီ​ဖာ​ကို​ ​ဖွင့်​လှစ်​ခဲ့​သော်​လည်း​ ​၈၂၈​ ​ပေ​မြင့်​သည့်​ ​အ​ဆို​ပါ​ ​အ​ဆောက်​အ​အုံ​တွင်​ ​ပါ​ရှိ​သော​ ​ဟို​တယ်​မှာ​ ​အ​ထပ်​နိမ့်​တွင်​သာ​ ​ဆောက်​ထား​ခြင်း​ဖြစ်​သည်​။​

​ရှေ​ဟို​တယ်​သည်​ ​ဟောင်​ကောင်​တွင်​ ​လာ​မည့်​နှစ်​အ​တွင်း​ ​ဖွင့်​လှစ်​ဖွယ်​ရှိ​သည့်​ ​ရစ်ဇ်​-​ကယ်​တန်​ ​ဟို​တယ်​ကို​ ​စိန်​ခေါ်​လာ​ဖွယ်​ ​ရှိ​နေ​သည်​။​ ​၄၈၄​ ​မီ​တာ​ ​အ​မြင့်​ရှိ​သော​ ​၁၁၈​ ​ထပ်​တွင်​ ​ဆောက်​လုပ်​မည့်​ ​အ​ဆို​ပါ​ ​ဟို​တယ်​သည်​ ​ပက်​ဟေး​ယက်​ရှန်​ဟိုင်း​ ​ဟို​တယ်​၏​ ​လက်​ရှိ​က​မ္ဘာ့​အ​မြင့်​ဆုံး​ဆို​သော​ ​ဂုဏ်​ပုဒ်​ကို​ ​လက်​လွှဲ​ယူ​မည်​ဖြစ်​သည်​။​ ​က​မ္ဘာ့​အ​မြင့်​ဆုံး​ဟိုတယ်​များ​ ​ဆောက်​လုပ်​နေ​ခြင်း​နှင့်​ ​ပတ်​သက်​ပြီး​ ​ဒေ​သ​ခံ​အ​ချို့​က​မူ​ ​စိတ်​ပျက်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​ဒေ​သ​ခံ​ ​တစ်ဦး​က​ ​ယ​ခု​ကဲ့​သို့​ ​အ​ပြိုင်​အ​ဆိုင်​ ​အ​မြင့်​တ​က်​နေ​ခြင်း​ကြောင့်​ ​မည်​သည့်​ထူး​ခြား​မှု​မျှ​ ​ထွက်​ပေါ်​မ​လာ​ကြောင်း​၊​ ​ဂျေ​ဟို​တယ်​ပြီး​လျင်​ ​မည်​သည့်​ဟို​တယ်​ ​လာဦး​မည်​ကို​ ​မ​သိ​ကြောင်း​ ​ညည်း​တွား​ပြော​ဆို​သွား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here