​တ​ရုတ်​နိုင်ငံ​ရှိ​​ ​စား​သောက်​ဆိုင်​တွင်​​ ​စက်​ရုပ်​စား​ပွဲ​ထိုး​များ​​ ​အ​သုံး​ပြု

alt

တ​ရုတ်​နိုင်ငံ​ရှိ​​ ​စား​သောက်​ဆိုင်​ ​တစ်​ခု​တွင်​ ​စက်​ရုပ်​စား​ပွဲ​ထိုး​များ​အား​ ​အ​သုံး​ပြု​လျက်​ရှိ​ကြောင်း​ ​သိ​ရ​သည်​။​ ​ဒါ​လူ​ ​စက်​ရုပ်​စား​သောက်​ဆိုင်​တွင်​ ​ဟော့​ပေါ့​ဟင်း​လျာ​များ​ကို​ ​ဖွယ်​ဖွယ်​ရာ​ရာ​ ​ရောင်း​ချ​နေ​သော်​လည်း​ ​ယင်း​စား​သောက်​ဆိုင်​ ​လူ​သိ​များ​ခြင်း​မှာ

​ ​အ​စား​အ​သောက်​ထက်​ ​အ​မြဲ​တ​စေ​ ​စိတ်​ရှည်​သည်း​ခံ​တတ်​သည့်​ ​စား​ပွဲ​ထိုး​များ​ဖြစ်​သည်​။​ ​လာ​ရောက်​စား​သောက်​သည့်​ ​ဖောက်​သည်​များ​မှာ​ ​သ​တ္တု​သံ​ဆန်​ဆန်​ဖြင့်​ ဧည့်​ဝတ်​ပြု​သော​ ​စက်​ရုပ်​စား​ပွဲ​ထိုး​များ​ကို​ ​အ​လွန်​သ​ဘော​ကျ​နေ​ကြ​သည်​။​ ​

စား​သောက်​ဆိုင်​ကို​ ​ရှန်​ဒေါင်း​မြောက်​ပိုင်း​ရှိ​ ​ဂျီ​နန်း​တွင်​ ​ယ​ခု​လ​ ​အ​စော​ပိုင်း​က​မှ​ ​စ​တင်​ဖွင့်​လှစ်​ခဲ့​သည်​။​ ​ယင်း​သည်​ Star​ Wars​ ဇာတ်​ကား​များ​မှ​ ​လူ​တူ​စက်​ရုပ်​များ​ကို​ ​အ​တု​ယူ​ကာ​ ​စက်​ရုပ်​စား​ပွဲ​ထိုး​များ​ဖြင့်​ ​ဖန်​တီး​ထား​သည့်​ ​တ​ရုတ်​ပြည်​၏​ ​ပ​ထ​မ​ဆုံး​ ​စက်​ရုပ်​စား​သောက်​ဆိုင်​ ​ဖြစ်​လာ​သည်​။​ ​တစ်​ဒါ​ဇင်​မျှ​ရှိ​သော​ ​စက်​ရုပ်​များ​သည်​ ​လာ​ရောက်​သည့်​ ဧည့်​သည်​များ​အ​တွက်​ ​အ​ထူး​အ​ဆန်း​ ​ဖျော်​ဖြေ​ရေး​ ​ကိ​ရိ​ယာ​များ​သ​ဖွယ်​ ​ဖြစ်​နေ​သည်​။​ ​

စက်​ရုပ်​တိုင်း​တွင်​ ​အာ​ရုံ​ခံ​ ​စ​နစ်​များ​ ​တပ်​ဆင်​ပေး​ထား​ပြီး​ ဧည့်​သည်​များ​ ​အ​လို​ရှိ​သည့်​ ​အ​စား​အ​သောက်​အ​လိုက်​ ​မှန်​ကန်​တိ​ကျ​စွာ​ ​ရွေး​ချယ်​ဝန်​ဆောင်​ပေး​နိုင်​သည်​။​ စား​သောက်​ဆိုင်​ ​ပိုင်​ရှင်​ဖြစ်​သူ​ ​ဇန်​ယွန်​ပိုင်း​က​ ​စက်​ရုပ်​တစ်​ရုပ်​၏​ ​တန်​ဖိုး​သည်​ ​ဒေါ်​လာ​ ​၆၀၀၀​ ​ဝန်း​ကျင်​မျှ​ ​ကျ​သင့်​ကြောင်း​၊​ ၎င်း​သည်​ ​လာ​မည့်​ ​လ​အ​နည်းငယ်​အ​တွင်း​ ​စက်​ရု​ပ်​စား​ပွဲ​ထိုး​ ​၃၀​ ​မျှ​ထိ​ ​တိုး​မြှင့်​သွား​ရန်​ ​မျှော်​လင့်​ကြောင်း ​ပြော​ဆို​သွား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here