​အီ​တ​လီ​တွင်​​ ​မက်​ထ​ရို​ရ​ထား​တစ်​စင်း​ပေါ်​တွင်​ ​ဗုံ​တစ်​လုံး​ရှာ​ဖွေ​တွေ့​ရှိ

alt

အီ​တ​လီ​နိုင်ငံ​ရှိ​​ ​မက်​ထ​ရို​ရ​ထား​တစ်​စင်း​ပေါ်​တွင်​​ ​ဗုံး​တစ်​လုံး​ ​ရှာ​ဖွေ​တွေ့​ရှိ​ခြင်း​ကြောင့်​​ ​ရုတ်​ရုတ်​သဲ​သဲ​ ​ဖြစ်​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​ ​ဒီ​ဇင်​ဘာ​​ ​၂၁​ ​ရက်​နေ့​က​ ​ဖိ​နပ်​ဘူးတစ်​ခု​ထဲ​​ ​ထည့်​ထား​သည့်​ ​လက်​လုပ်​ဗုံး​တစ်​လုံး​အား​ ​တွေ့​ရှိ​ခဲ့​ခြင်း​ဟု​ ​ရဲ​များ​က​ဆို​သည်​။​

​ရော​မ​မြို့​တော်​တွင်​ ​ကျောင်း​သား​များ​ ​စု​ရုံး​ဆ​န္ဒ​ပြ​မှု​ကြောင့်​ ​တင်း​မာ​မှု​များ​ ​ဖြစ်​ပေါ်​နေ​ချိန်​အ​တွင်း​ ​ဗုံး​ကို​ ​တွေ့​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​သ​တ္တု​ပိုက်ငယ်​ ​နှစ်​ခု​ကို​ ​အ​သုံး​ပြု​ကာ​ ​ဖန်​တီး​ထား​သည့်​ ​ဖောက်​ခွဲ​ရေး​ပ​စ္စည်း​သည်​ ​အင်​တင်​နာ​၊​ ​ဝါ​ယာ​ကြိုး​များနှင့်​ ​ယမ်း​မှုန့်​များ​ကို​ ​အ​သုံး​ပြု​ထား​သော်​လည်း​ ​စ​နက်​တံ​ ​မ​ပါ​ဝင်​ဟု​ ​သိ​ရ​သည်​။​ ​ရ​ထား​ပို့​ဆောင်​ရေး​ ​ဝန်​ထမ်း​တစ်ဦး​က​ ​မ​သ​င်္ကာ​ဖွယ်​ရာ​ ​အ​ထုပ်​ကို​ ​တွေ့​ရှိ​ခဲ့​ပြီး​နောက်​ ​ရီ​ဘစ်​ဘီ​ရာ​ ​ဘူ​တာ​အ​နီး​တွင်​ ​ရဲ​များ​ ​အ​လွန်​အ​လုပ်​ရှုပ်​သွား​သည်​။​

​ရဲ​များ​က​ ​ဝန်​ကြီး​ချုပ်​ ​ဆီ​ဗီ​ယို​ ​ဘာ​လူ​စ​ကို​နီ​အား​ ​အ​ယုံ​အ​ကြည်​မ​ရှိ​အ​ဆို​ ​တင်​သွင်း​မှု​ ​မ​အောင်​မြင်​ခြင်း​ကြောင့်​ ​ကျောင်း​သား​များ​ ​စု​ရုံး​ဆ​န္ဒ​ပြ​နေ​မှု​နှင့်​ ​ယ​ခု​ဗုံး​တွေ့​ရှိ​မှု​တို့​ ​ဆိုင်​မ​ဆိုင်​ ​ပြော​ဆို​သွား​ခြင်း​ ​မ​ရှိ​ချေ​။​ ​လော်​ရင်​တီ​နာ​ဘူ​တာ​မှ​ ​စ​တင်​ခုတ်​မောင်း​လာ​သော​ ​မီး​ရ​ထား​သည်​ ​ရော​မ​မြို့​လယ်​ကို​ ​ဖြတ်​သန်း​ကာ​ ​ရီ​ဘစ်​ဘီ​ရာ​သို့​ ​ရောက်​ရှိ​လာ​ခြင်း​ဖြစ်​သည်​။​

ရဲ​များ​က​ ​အ​ပြာ​ရောင်​အိတ်​အ​တွင်း​ ​ထည့်​ထား​သည့်​ ​ဗုံး​ကို​ ​အ​န္တ​ရာယ်​ ​မ​ရှိ​ဘဲ​ ​ဖယ်​ရှားနိုင်​ခဲ့​ကြောင်း​ ​ကြေ​ညာ​ခဲ့​သည်​။​ ​ဗုံး​တွေ့​ရှိ​မှု​ကြောင့်​ ​မီး​ရ​ထား​ ​ခ​ရီး​စဥ်​ ​အ​ချို့ကို​ ​နာ​ရီ​အ​နည်းငယ်​ကြာ​ ​ဆိုင်းငံ့​ခဲ့​ရ​သော်​လည်း​ ​နောက်​ပိုင်း​တွင်​ ​ပုံ​မှန်​ပြန်​လည်​ ​ပြေး​ဆွဲ​ခဲ့​ကြောင်း​လည်း​ ​သ​တင်း​ရ​ရှိ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here