မက္ကစီကိုတွင် ရေနံပိုက်လိုင်းမီးလောင်ပေါက်ကွဲမှုဖြစ်ပွား

alt

မ​က္က​စီ​ကို​နိုင်ငံ​တွင်​​ ​ရေ​နံ​ပိုက်​လိုင်း​တစ်​ခု​​ ​မီး​လောင်​ပေါက်​ကွဲ​ရာ​​ ​အ​နည်း​ဆုံး​ ​လူ​ ​၂၈​ ဦး​ ​သေ​ဆုံး​သွား​ကြောင်း​​ ​သိ​ရ​သည်​။​ ​ဒီ​ဇင်​ဘာ​​ ​၁၉​ ​ရက်​နေ့​က​ ​မ​က္က​စီ​ကို​စီး​တီး​တွင်​ ဖြစ်​ပွား​သော​ ​ပေါက်​ကွဲ​မှု​သည်​ ​တ​ရား​မ​ဝင်​ ​ဆီ​ခိုး​သယ်​သူ​များ​ ​လက်​ချက်​ကြောင့်​ ​ဖြစ်​နိုင်​ကြောင်း​ ​ရဲ​များ​က​ဆို​သည်​။​ ​

သေ​ဆုံး​သူ​ ​အ​နည်း​ဆုံး​ ​၂၈ ဦး​ရှိ​ပြီး​ ​၁၃​ ဦး​ထက်​မ​နည်း​သည်​ ​က​လေး​များ​ ​ဖြစ်​နိုင်​ကြောင်း​လည်း​ ​သိ​ရ​သည်​။​ ​ဆန်​မာ​တင်​ ​တက်​မီ​လူ​ကန်​တွင်​ ​ဖြစ်​ပွား​သော​ ​ကြီး​မား​သည့်​ ​ပေါက်​ကွဲ​မှု​ကြောင့်​ ​လမ်း​များ​သည်​ ​မီး​ပင်​လယ်​ ​ဖြစ်​သွား​ခဲ့​ပြီး​ ​ပေါက်​ကွဲ​သံ​ကို​ ​၃​ ​မိုင်​ပတ်​ဝန်း​ကျင်​မှ​ ​လူ​များ​အား​လုံး​ ​ကြား​ခဲ့​ရ​သည်​။​ ​အ​နီး​ရှိ​ ​အိမ်​နှင့်​ ​ကား​များ​ ​မီး​လောင်​ခဲ့​သ​လို​ ​အ​ပူ​ချိန်​ ​ပြင်း​ထန်​မြင့်​တက်​လာ​ရာ​ ​ပ​လက်​ဖောင်း​များ​ပင်​ ​အက်​ကွဲ​ကုန်​ကြ​သည်​။​

​မီး​ကို​ ​ငြှိမ်း​သတ်​ပြီး​နောက်​ ​မီး​သတ်​တပ်​ဖွဲ့​ဝင်​များ​က​ ​အိမ်​များ​အ​တွင်း​ရှိ​ ​ရုပ်​အ​လောင်း​များ​ကို​ ​ဆွဲ​ထုတ်​လာ​ရာ​ ​မိ​သား​စု​များ​က​ ​သည်း​သည်း​မည်း​မည်း​ ငို​ကြွေး​ခဲ့​ကြ​သည်​။​ ​ရဲ​တပ်​ဖွဲ့​သည်​ ​ဒီ​ဇင်​ဘာ​ ​၁၉​ ​ရက်​နေ့​ ​ည​ပိုင်း​ထိ​ ​သေ​ဆုံး​သူ​ ​၄​ ဦး​ကို​ ​မည်​သူ​မည်​ဝါ​ ​အ​တည်​ပြု​ ​ခွဲ​ခြား​နိုင်​ပြီ​ဟု​ ​ပြော​ဆို​ခဲ့​သော်​လည်း​ ​အ​မည်​များ​ကို​ ​ကြေ​ညာ​ခဲ့​ခြင်း​ ​မ​ရှိ​ပေ​။​ မီး​တောက်​များ​သည်​ ​အ​လျံ​ညီး​ညီး​ ​တောက်​လောင်​ပြီး​ ​ပူ​ပြင်း​လှ​သ​ဖြင့်​ ​မိ​မိ​တို့​သည်​ င​ရဲ​ဘုံ​သို့​ ​ရောက်​နေ​သ​လို​ ​ခံ​စား​ရ​ကြောင်း​ ​အ​သက်​ ​၂၇​ ​နှစ်​အ​ရွယ်​ ​ဇွိုင်​လာ​ပီ​ရက်​ကော်​တက်​က​ ​ပ​မာ​ပြု​ ​ခိုင်း​နှိုင်း​ပြ​ခဲ့​သည်​။​

​ပေါက်​ကွဲ​မှု​ဖြစ်​ရာ​အ​နီး​ ​အ​ဆောက်​အ​အုံ​တစ်​ခု​တွင်​ ​နေ​ထိုင်​သော​ ​ဇွိုင်​လာ​မှာ​ ​လွတ်​မြောက်​ခဲ့​သော်​လည်း​ ​သူ​မ​၏​ ​မတ်​တော်​စပ်​သူ​မှာ​ ​မီး​လောင်​ဒဏ်​ရာ​များ​ ​ပြင်း​ပြင်း​ထန်​ထန်​ ​ရ​ရှိ​ပြီး​ ​ဆေး​ရုံ​တင်​ပို့​ထား​ရ​သည်​။​ ​ရဲ​တပ်​ဖွဲ့​က​ ​ပေါက်​ကွဲ​မှု​ ​ဖြစ်​ပွား​ခြင်း​ကြောင့်​ ​အ​နည်း​ဆုံး​ ​၅၂​ ဦး​ ​ဒဏ်​ရာ​များ​ ​ရ​ရှိ​ခဲ့​ပြီး​ ​လူ​ ​၈၄​ ဦး​ကို​ ​မီး​ဘေး​ဒု​က္ခ​သည်​များ​အ​ဖြစ်​ ​ရွက်​ဖျင်​တဲ​များ​ဖြင့်​ ​ထား​ရှိ​ရ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here