​အ​မျိုး​သ​မီး​များ​ကို​​ ​သတ်​ဖြတ်​ကာ​​ ​အ​သား​​စား​ခဲ့​သည့်​ ​ဗြိ​တိန်​မှ​​လူ​သတ်​​သ​မား​အား​ ​ထောင်​ဒဏ်​​တစ်​သက်​​ချ​မှတ်

alt

အ​မျိုး​သ​မီး​များ​ကို​​ ​သတ်​ဖြတ်​ပြီး​ ​အ​သား​ကို​​ ​စား​ခဲ့​သည်​ဆို​သော​​ ​ဗြိ​တိန်​နိုင်ငံ​မှ​​ ​စိတ်​ဝေ​ဒ​နာ​သည်​ ​လူ​သတ်​သ​မား​​ ​တစ်ဦး​အား​ ​ထောင်​ဒဏ်​တစ်​သက်​​ ​ချ​မှတ်​လိုက်​ပြီ​ဖြစ်​သည်​။​

Crossbow​ Cannibal​ ဟု​ ​လူ​သိ​များ​သော​ ​စ​တီ​ဖင်​ဂ​ရစ်​ဖစ်​သည်​ ​ရော်​ဘင်​ဟု​ ​ပုံ​စံ​မျိုး​ ​မြှား​သ​မား​အ​သွင်​ဖြင့်​ ၎င်း​၏​သား​ကောင်​များ​ကို​ ​သတ်​ဖြတ်​ခဲ့​သည်​။​ ​အ​သက်​ ​၄၀​ ​အ​ရွယ်​ ​ဂ​ရစ်​ဖစ်​ကြောင့်​ ​ဘ​ရက်​ဖို့​ရှိ​ ​အ​မျိုး​သ​မီး​ ​၃​ ဦး​တို့​မှာ​ ​ဒူး​လေး​ထိ​မှန်​ ​သေ​ဆုံး​ခဲ့​သည်​။​ ​ဂ​ရစ်​ဖစ်​သည်​ ၎င်း​ဖာ​သာ​ ​သား​သတ်​ရုံ​ဟု​ ​အ​မည်​ပေး​ထား​သော​ ​ရေ​ချိုး​ခန်း​အ​တွင်း​ ​အ​မျိုး​သ​မီး​များ​ကို​ ​ခုတ်​ထစ်​လှီး​ဖြတ်​ကာ​ ​အ​သား​အ​ချို့​ကို​ ​စား​ခဲ့​ကြောင်း​ ​ရဲ​များ​ထံ​ ​ဝန်​ခံ​ခဲ့​သည်​။​

၎င်း​သည်​ ​နောက်​ဆုံး​အ​မျိုး​သ​မီး​အား​ ​သတ်​ဖြတ်​ပြီး​နောက်​ ​အ​လောင်း​ကို​ ​တ​ရွတ်​တိုက်​ ​ဆွဲ​ယူ​သွား​စဥ်​ CCTV ​ကင်​မ​ရာ​ဖြင့်​ ​မှတ်​တမ်း​တင်​ခံ​ရ​သ​ဖြင့်​ ​မေ​လ​က​ ​အ​ဖမ်း​ခံ​ခဲ့​ရ​သည်​။​ ​ဂ​ရစ်​ဖစ်​သည်​ ​ဆူ​ဇ​နီ​ဘ​လာ​မီ​၊​ ​ရှယ်​လီ​အာ​မင်​တေ့​နှင့်​ ​ဆူ​ဆန်​ရူး​ဝေါ့​တို့​အား​ ​သတ်​ဖြတ်​ခဲ့​မှု​အ​တွက်​ ​လိဒ်​တ​ရား​ရုံး​က​ ​ထောင်​ဒဏ်​တစ်​သက်​ ​စီ​ရင်​ချက်​ ​ချ​မှတ်​လိုက်​ခြင်း​ဖြစ်​သည်​။​ ​အ​ဆို​ပါ​ ​အ​မျိုး​သ​မီး​များ​ ​အား​လုံး​သည်​ ​ပြည့်​တန်​ဆာ​ ​အ​လုပ်​ဖြင့်​ ​အ​သက်​မွေး​နေ​သူ​များ​ဖြစ်​သည်​။​ အ​စိုး​ရ​ ​ရှေ့​နေ​များ​က​ ​တ​ရား​ခံ​သည်​ ​မိ​မိ​၏​ ​သတ်​ဖြတ်​မှု​များ​သည်​ ​အ​ရှုပ်​ထုပ်​၊​ ဝန်​ပို​များ​ကို​ ​ရှင်း​လင်း​နေ​ခြင်းသာ​ဖြစ်​ကြောင်း​ ​ရဲ​များ​ထံ​ ​ထွက်​ဆို​ခဲ့​သည်​ဟု​ ​ရုံး​တော်​သို့​ ​လျှောက်​ထား​ခဲ့​သည်​။​ ​

နောက်​ဆုံး​အ​သတ်​ခံ​ရ​သူ​ ​ဘ​လာ​မီ​၏​ ​အ​ပိုင်း​ ​၈၁​ ​ခု​ဖြစ်​နေ​သော​ ​အ​လောင်း​ကို​ ​သူ​မ​၏​ ​အိမ်​အ​နီး​ရှိ​ ​မြစ်​တစ်​ခု​အ​တွင်း​မှ​ ​ရှာ​ဖွေ​တွေ့​ရှိ​ခဲ့​ပြီး​နောက်​ ​ရဲ​များ​က​ ​ဂ​ရစ်​ဖစ်​အား​ ​လူ​သတ်​မှု​ဖြင့်​ တ​ရား​စွဲ​ဆို​ခဲ့​သည်​။​ ​တ​ရား​ခံ​က​ ​အ​မျိုး​သ​မီး​များ​၏​ ​အ​သား​ကို​ ​စား​သောက်​ခြင်း​သည်​ ​မှော်​ပ​ညာ​ ​အ​စွမ်း​ထက်​စေ​ရန်​ဟု​လည်း​ ​ပြော​ဆို​ခဲ့​သေး​သည်​။​ ဂ​ရစ်​ဖစ်​သည်​ PhD ​ကျမ်း​ပြု​ ​ကျောင်း​သား​တစ်ဦး​ဖြစ်​ပြီး​ ​၁၉​ ​ရာ​စု​က​ ​လူ​သတ်​လုပ်​ကြံ​မှု​များ​အ​ကြောင်း​ ​လေ့​လာ​နေ​သူ​ ​တစ်ဦး​ဟု​လည်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here